ပွင့်လင်းဖော်ရွေမှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ အပြုံးချိုချိုနဲ့ မင်းသမီးချောလေး အေးမြတ်သူဟာ ခုဆို အရင်ထက် ပိုမိုလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရုံသာမက အနုပညာခြေလှမ်းတွေကလည်း ပိုမိုထဲထဲဝင်ဝင် ဖြစ်လာပါပြီ။ ဒါ့ကြောင့် သူမနဲ့ တွေ့ဆုံခိုက် ပြောဖြစ်ခဲ့တာတွေကတော့ ‘အခုက မပြီးသေးတဲ့ ရုံတင်ကားတစ်ကားကို လက်ကျန် ဖြတ်ပေးဖို့ရှိတယ်။ မင်းသားက မင်းမော်ကွန်း၊ မင်းသမီးတွေက စိုးပြည့်သဇင်နဲ့အေးမြတ်သူပေါ့။ ဒါရိုက်တာက ဦးမီးပွားပါ။ ဒီဇာတ်လေးကို လက်ခံဖြစ်တာက ဇာတ်အရမ်းကောင်းတယ်။ အဲဒီထဲမှာ အေးမြတ်သူက ငယ်ငယ်ကတည်းက ပေါ့ပေါ့နေ။ ပေါ့ပေါ့စား၊ ပေါ့ပေါ့တွေးတဲ့ အခါကျတော့ ကိုယ်အရွယ်ရောက်လာတဲ့အခါ လမ်းပေါ်က ကောင်မလေးဖြစ်သွားတဲ့ ပုံစံမျိုးပါ။ ပညာပေးဇာတ်လမ်းလေးပေါ့။ လူတွေက ကောင်းတာတွေးရင် ကောင်းတာဖြစ်မယ်။ မကောင်းတာတွေးရင် မကောင်းတာဖြစ်မယ်ဆိုတာ ပြချင်တာပေါ့။ ဒီဇာတ်လေးက ဆရာမ သာယာဝတီစန်းစန်းအေးရဲ့ဇာတ်။ အရင်က ဗီဒီယိုတွေမှာ ရိုက်ဖူးချင်ရိုက်ဖူးလိမ့်မယ်။ ဒါပေမဲ့ မတူဘူး။ ဇာတ်လဲအရမ်းခိုင်သလို အရမ်းလဲကောင်းတဲ့ဇာတ်မို့ လက်ခံဖြစ်ခဲ့တာပါ’လို့ လတ်တလော လှုပ်ရှားမှုအကြောင်း ဖွင့်ဟပါတယ်။
အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ အင်တာနက်ပေါ် ပျံ့သွားပြီးတဲ့နောက် အနုပညာလောကဟာ ရှုပ်ထွေးတယ်လို့ အားလုံးက သတ်မှတ်လာကြတဲ့အပေါ် သူမက ‘လောကမှာ လူဆိုးနဲ့လူကောင်း နှစ်မျိုးပဲရှိတယ်။ ဒီလောကမှ ရှုပ်တာမဟုတ်ဘူး။ ပြီးတော့ အားလုံးကလည်း ရှုပ်ပွေနေကြတာ မဟုတ်ပါဘူး။ ကိုယ်တွေကျင်လည်ရာ ပတ်ဝန်းကျင်မှာ လူဆိုး၊ လူကောင်း၊ လူရှုပ်လူပွေဆိုတာ ရှိနေမှာပါပဲ’တဲ့။
ရုံတင်ကားတွေ ရိုက်ကူးမှုအပိုင်းနဲ့ပတ်သတ်လို့လည်း သူမက ‘ဒီကားလေးက ၃ နှစ်နေမှ တစ်ခါရိုက်ရတဲ့ကားပါ။ ရုံတင်ကားတွေကို အကယ်ဒမီဆိုတာထက် ကိုယ့်အနုပညာစစ်စစ် ကိုပြချင်တဲ့အတွက် လက်ခံရိုက်ကူးတယ်။ အကယ်ဒမီကို ရုံကြီးကား ရိုက်တဲ့သူတိုင်း လိုချင်ကြတယ်။ အိပ်မက်မက်ကြတယ်။ ဒါပေမဲ့ အကယ်ဒမီဆိုပြီး ပြောရလောက်အောင် အေးမြတ်သူ မမှန်းရဲပါဘူး။ လို့ပြောပြခဲ့ပါတယ်။
ဆက်စီကျပြီး ဟော့တဲ့ ကောင်မလေးဇာတ်ရုပ်တွေနဲ့ သာ သူမကို အမြဲမြင်တွေ့ရတာမို့ အဲ့ဒီအကြောင်း မေးကြည့်တဲ့အခါ ‘အေးမြတ်သူကို လာငှားရင် ဇာတ်လမ်းမရွေးဘူး။ ဒါပေမဲ့ ဇာတ်ထဲမှာ ဘယ်လောက်ရာခိုင်နှုန်းပါတယ်။ ဘယ်လိုအရာတွေ ပရိသတ်ဆီရောက်နိုင်မလဲဆိုတာ တွေတော့ကြည့်တယ်။ သူဟာဘာကြောင့်ဒီလိုလုပ်ရလဲဆိုတဲ့ ကားမျိုး၊ ဇာတ်လမ်း ဇာတ်အိမ်ကောင်းတဲ့ ကားမျိုးတွေဆိုအေးမြတ်သူရိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ အေးမြတ်သူရဲ့ အခန်း ၃ ချိုး ၁ ချိုးပါတယ်ဆိုရင်ရိုက်ပါတယ်။ တစ်ခုရှိတာက ကာရိုက်တာကတော့ မျှပါတယ်။ ဒါပေမဲ့ ကျွန်တော့ကိုဆိုရင် ခပ်ဟော့ဟော့ ခပ်မိုက်မိုက်ကားတွေဆို ပိုငှားကြတယ်။ တစ်ခါတစ်လေ ကျတော့လဲ ရိုးရိုးအေးအေး ကောင်မလေးပုံစံမျိုးတော့သရုပ်ဆောင်ချင်တယ်။ ဟော့တဲ့ ကာရိုက်တာတွေက များနေတော့လေ။ သိပ်မရိုက်ချင်တော့ဘူး။ ဖြစ်နိုင်ရင် အိုက်တင် အငြိမ်လေးတွေတော့ ရိုက်ချင်ပါတယ်’တဲ့။
Photograph – Aung Zaw (Love Space)