မျှော်လင့်ချက်တွေမရှိတော့ဘူးလို့ ခံစားရရင် ဒီနည်းလမ်းကိုကြိုးစားကြည့်ပါ

လူတိုင်း ခြေကုန်လက်ပန်းကျတဲ့နေ့တွေရှိပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ စိတ်အနှောင့်ယှက်တွေဝင်လာရင် ဘဝကြီးက နေပျော်စရာမကောင်းတော့ဘူး။ ဒီအခြေအနေကို ဖြေရှင်းဖို့ စာရေးဆရာ Esther နဲ့ Jerry Hicks က Focus – Wheel နည်းလမ်းလေးကို အကြံပြုဖော်ပြခဲ့တယ်။ သင့်မှာ
မျှော်လင့်ချက်တွေ မရှိတော့သလို ခံစားနေရရင် ဒီနည်းလမ်းကို ကျင့်သုံးကြည့်ပါ.. အဆင်ပြေသွားပါလိမ့်မယ် ။

– အရင်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ စက်ဝိုင်းအကြီးကြီးဆွဲ ။ ပြီးရင် စက်ဝိုင်းကြီးရဲ့အလယ်ဗဟိုတည့်တည့်မှာစက်ဝိုင်းသေးသေးလေး ထပ်ဆွဲပါ။ ဆွဲပြီးရင် ခဏနားလိုက်။ အဲ့ဒီစက်ဝိုင်းအသေးလေးထဲမှာ သင့်ရဲ့မျက်လုံးတွေစူးစိုက်ပြီး အာရုံကပ်ထားပါ။

– ကဲ..အခု သင့်ရဲ့မျက်လုံးတွေကို မှိတ်လိုက်ပြီး သင့်ကိုစိတ်အနှောင့်ယှက်ဖြစ်စေတဲ့ ကိစ္စတွေကို ပြန်စဉ်းစားပါ။ ဒီကိစ္စတွေကို နောက်ထပ်ကြုံမတွေ့ရချင်ရတဲ့အကြောင်းရင်းကို ရှာပါ။

– ရှာပြီးပြီဆိုရင် ” ငါမလုပ်ချင်တာကို ငါသေချာသိရပြီ.. ဒါဆိုငါလုပ်ချင်တာက ဘာလဲ? ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေး ။

– မင်းဘာဖြစ်ချင်တာလဲဆိုတာ သေချာအဖြေရှာကြည့်ဖို့ လိုပါမယ်။ အခြေအနေပေါ်မူတည်ပြီး ခံစားရတဲ့ သင့်ခံစားချက်အတိုင်း ကိုယ့်ကိုယ်ကိုယ်လမ်းပြနိုင်ရမယ်။ သင့်ရဲ့လိုအင်ဆန္ဒတစ်ခုပေါ်လာပြီဆိုရင် စကာလုံးအတိုလေးနဲ့ စက်ဝိုင်းကျဉ်းလေးထဲမှာ ချရေးပါ။ ချရေးလိုက်တဲ့နေရာက စက်ဝိုင်းကြီးရဲ့ အလယ်ဗဟိုနေရာဖြစ်ရမယ်။

– အပြင်မှာလွတ်နေတဲ့ နေရာလေးတွေမှာ သင့်ရဲ့ဆန္ဒနဲ့ပတ်သတ်တဲ့ အတွေးလေးတွေ ၊ အောင်မြင်မှု ရလဒ်တွေ နဲ့ သင့်ကိုစိတ်ဓာတ် တက်ကြွစေမယ့် အရာလေးတွေ ဖြည့်ရေးပါ။

ဥပမာအနေနဲ့ အောက်မှာပုံလည်းပြထားပါတယ်။ သင်က ၀ိတ်ကျချင်တယ်ပဲထား ။ အထဲက အလည်တည့်တည့်စက်ဝိုင်းကျဉ်းလေးထဲမှာ သင်ဖြစ်ချင်တဲ့ ဆန္ဒကိုထည့်ရေး ။ ဘေးနားလွတ်နေတဲ့ နေရာလေးတွေမှာတော့ ဘာကိုဘယ်လိုလုပ်မယ်ဆိုတာ အစီစဉ်ချပေါ့။ သင်ဆွဲထားတဲ့ စက်ဝိုင်းလေးတိုင်း ကြိုးစားကြည့်ပါ။ သင်ဖြစ်ချင်တာကို တစ်နေ့အကောင်ထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီ Focus – Wheel နည်းလမ်းလေးက အရမ်းအသုံးဝင်ပါတယ်။ ဒီစာရွက်ကို အလွယ်တကူမြင်နိုင်တဲ့ နေရာမှာကပ်ထားပါ။ ကြည့်လိုက်တိုင်း သင့်စိတ်ကိုလှုံဆော်ပေးနေမှာပါ။ စိတ်သာဆုံးဖြတ်ပြီးရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်။ပထမခြေလှမ်းသာ အရင်လှမ်းလိုက်ပါ… 🙂

378 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.