အခ်စ္ဦးကုိ ဘာလို႔ေမ့လို႔မရတာလဲ?

လူတိုင္းမွာအခ်စ္ဦးကုိယ္စီရွိၾကမွာပါ။အခ်စ္ဦးကုိ ေျမးဦးရတဲ႔အထိမေမ့ဘူးဆိုတဲ႔ စကားေတာင္ရွိပါတယ္။အခ်စ္သစ္ေတြဘယ္ေလာက္ပဲေျပာင္းေျပာင္း အခ်စ္ဦးကုိ ေမ့လို႔ရမွာမဟုတ္ပါဘူး။ေနာက္ဆံုးကုိယ့္ရဲ႔လက္တြဲေဖာ္တစ္စံုတစ္ေယာက္ကုိရွာေဖြေတြ႔ရင္ေတာင္ အေၾကာင္းတိုက္ဆုိင္ရင္သတိရေနမွာပါ။ဘာလို႔ အခ်စ္ဦးကုိေမ့လို႕မရတာလဲ?

အခ်စ္ဦးဆိုတဲ႔အတုိင္း ပထမဆုံးရင္ခုန္စိတ္လႈပ္ရွားခဲ႔ရတဲ႔သူျဖစ္ျပီး ခ်စ္တဲ႔သူနဲ႔ အတူတူ ေလ်ွာက္သြားေလ်ွာက္လာရတာက ေပ်ာ္ရႊင္စရာအခ်ိန္ေတြျဖစ္ခဲ႔ၾကတယ္ မဟုတ္လား? ပထမဆံုးခ်စ္သူလည္းျဖစ္တဲ႔အတြက္ စိတ္ကူးယဥ္ထားတာေတြလည္းရွိခဲ႔မွာျဖစ္သလို သူ႔ကုိအသက္ေလာက္ခ်စ္တယ္ဆိုတဲ႔အေတြးေတြလည္းရွိခဲ႔မွာပါပဲ။

ဘယ္သူမဆို ကုိယ္ပထမဆံုးလုပ္တဲ႔အလုပ္၊ပထမဆံုးရတဲ႔လက္ေဆာင္၊ ပထမဆံုး စာသင္ေပးတဲ႔ဆရာမ၊ပထမဆံုးသြားဖူးတဲ႔ခရီးစသျဖင့္ပထမဆံုးလုပ္ဖူးတဲ႔အရာေတြကုိ လြယ္လြယ္္နဲ႔ေမ့လို႕မရပါဘူး။အခ်စ္ဦးကလည္းအတူတူပါပဲ။ပထမဆံုးခ်စ္ရတဲ႔သူျဖစ္လို႔ ေနာက္ထပ္အခ်စ္သစ္ေတြ႔ရင္ေတာင္ စိတ္ထဲကအလိုလိုႏိႈင္းယွဥ္မိေနဦးမွာပါ။ အခ်စ္သစ္နဲ႔အျပင္သြားမယ္ဆိုရင္လည္းအခ်စ္ဦးနဲ႔အတူတူသြားခဲ႔ဖူးတဲ႔ေနရာျဖစ္ေနရင္ ခဏေတာ့ေငးငိုင္သြားမယ္ဟုတ္!ဒါက သစၥာေဖာက္တာမဟုတ္ပါဘူး။ေယာက်ာ္းေလးေရာ ၊မိန္းကေလးေရာ ဒီလိုခံစားခ်က္မ်ိဳးခံစားဖူးမွာပါ။

အခ်စ္ဦးဆိုတဲ႔ခံစားခ်က္က ကုိယ္အရမ္းၾကိဳက္တဲ႔မုန္႔ကုိ ပထမဆံုးအၾကိမ္စားတုန္းက ေပ်ာ္ရႊင္သြားတဲ႔ခံစားခ်က္လိုပါပဲ။ပထမဆံုးအၾကိမ္စားဖူးတာျဖစ္တဲ႔အတြက္ပုိျပီးမွတ္မွတ္ရရေပ်ာ္ရႊင္ျပီး ေနာက္တစ္ၾကိမ္စားတဲ႔အခါမွာေတာ့စားဖူးျပီးသားျဖစ္လုိ႔ ပထမဆံုးအၾကိမ္ေလာက္ ၀မ္းသာေပ်ာ္ရႊင္တဲ႔ခံစားခ်က္မ်ိဳးရေတာ့မွာမဟုတ္ပါဘူး။

ပထမဆံုးအခ်စ္ဦးနဲ႔အတူတူေပ်ာ္ရႊင္ခဲ႔တဲ႔အမွတ္တရေတြ၊သူ႔အေပၚဘယ္ေလာက္ထိခ်စ္ခဲ႔ဖူးတာ ေတြ၊ပထမဆံုးအၾကိမ္ သူ႔ကုိစေနာက္က်ီစယ္ဖူးတာ၊သ၀န္တိုဖူးတာ၊ခ်ဳပ္ခ်ယ္ဖူးတာ၊ဂရုစုိက္ဖူးတာ စသျဖင့္ အေၾကာင္းတိုက္ဆုိင္တိုင္းအမွတ္ရေနမိၾကပါတယ္။ တကယ္လို႔အခ်စ္ဦးနဲ႔ လမ္းခြဲခဲ႔ရင္ေတာင္ သူန႔ဲပတ္သက္ျပီးတစ္ခုခုေတာ့ သိခ်င္ေနၾကတုန္းပဲမဟုတ္လား?

ေနာက္ဆံုး ဘ၀လက္တြဲေဖာ္နဲ႔ေတြ႔ျပီးလက္ထပ္ခဲ႔ရင္ေတာင္ အခ်စ္ဦးကုိ တစ္ခါတစ္ရံ သတိရေနတတ္ပါတယ္။ဒါဟာ လက္ရွိဘ၀လက္တြဲေဖာ္ကိုမခ်စ္လို႔၊ သစၥာေဖာက္တဲ႔စိတ္မ်ိဳးနဲ႔ သတိရေနတာမဟုတ္ပါဘူး။ကိုယ့္ရဲ႔ပထမဆံုးအၾကိမ္ အခ်စ္ဆိုတဲ႔ခံစားခ်က္ျဖစ္ခဲ႔ဖူးတာ ကုိျပန္ျပီးသတိရေနတာပါ။အဲ႔ဒါေၾကာင့္အခ်စ္ဦးကုိေမ့ဖုိ႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။

ဘ၀လက္တြဲေဖာ္နဲ႕ေတြ႔တဲ႔အခါမွာေတာ့ အခ်စ္ဦးတုန္းက ခ်စ္ခဲ႔ဖူးတဲ႔အခ်စ္လို ရင္ခုန္စိတ္လႈပ္ရွားမႈေတြနဲ႔ခ်စ္တဲ႔အခ်စ္ထက္ ရင့္က်က္မႈ၊နားလည္မႈ၊ျမတ္ႏုိးတန္ဖိုးထားမႈ သံေယာဇဥ္ေတြနဲ႔ေပါင္းစပ္ထားတဲ႔အခ်စ္မ်ိဳးကုိ ခံစားရမွာပါ။

အခ်စ္ဦးဆိုတာ အခ်စ္ဆိုတဲ႔ခံစားခ်က္ျဖစ္လာေအာင္ ပထမဆံုးရင္ခုန္ေစခဲ႔သူမို႔လို႔ ေမ့ဖို႔လြယ္ပါ့မလား? သင္တို႔ေရာ အခ်စ္ဦးကုိ ေမ့ျပီလား?

#Noel

Unicode

လူတိုင်းမှာအချစ်ဦးကိုယ်စီရှိကြမှာပါ။အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့ဘူးဆိုတဲ့ စကားတောင်ရှိပါတယ်။အချစ်သစ်တွေဘယ်လောက်ပဲပြောင်းပြောင်း အချစ်ဦးကို မေ့လို့ရမှာမဟုတ်ပါဘူး။နောက်ဆုံးကိုယ့်ရဲ့လက်တွဲဖော်တစ်စုံတစ်ယောက်ကိုရှာဖွေတွေ့ရင်တောင် အကြောင်းတိုက်ဆိုင်ရင်သတိရနေမှာပါ။ဘာလို့ အချစ်ဦးကိုမေ့လို့မရတာလဲ?

အချစ်ဦးဆိုတဲ့အတိုင်း ပထမဆုံးရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့သူဖြစ်ပြီး ချစ်တဲ့သူနဲ့ အတူတူ လျှောက်သွားလျှောက်လာရတာက ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့ကြတယ် မဟုတ်လား? ပထမဆုံးချစ်သူလည်းဖြစ်တဲ့အတွက် စိတ်ကူးယဉ်ထားတာတွေလည်းရှိခဲ့မှာဖြစ်သလို သူ့ကိုအသက်လောက်ချစ်တယ်ဆိုတဲ့အတွေးတွေလည်းရှိခဲ့မှာပါပဲ။

ဘယ်သူမဆို ကိုယ်ပထမဆုံးလုပ်တဲ့အလုပ်၊ပထမဆုံးရတဲ့လက်ဆောင်၊ ပထမဆုံး စာသင်ပေးတဲ့ဆရာမ၊ပထမဆုံးသွားဖူးတဲ့ခရီးစသဖြင့်ပထမဆုံးလုပ်ဖူးတဲ့အရာတွေကို လွယ်လွယ််နဲ့မေ့လို့မရပါဘူး။အချစ်ဦးကလည်းအတူတူပါပဲ။ပထမဆုံးချစ်ရတဲ့သူဖြစ်လို့ နောက်ထပ်အချစ်သစ်တွေ့ရင်တောင် စိတ်ထဲကအလိုလိုနှိုင်းယှဉ်မိနေဦးမှာပါ။ အချစ်သစ်နဲ့အပြင်သွားမယ်ဆိုရင်လည်းအချစ်ဦးနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာဖြစ်နေရင် ခဏတော့ငေးငိုင်သွားမယ်ဟုတ်!ဒါက သစ္စာဖောက်တာမဟုတ်ပါဘူး။ယောကျာ်းလေးရော ၊မိန်းကလေးရော ဒီလိုခံစားချက်မျိုးခံစားဖူးမှာပါ။

အချစ်ဦးဆိုတဲ့ခံစားချက်က ကိုယ်အရမ်းကြိုက်တဲ့မုန့်ကို ပထမဆုံးအကြိမ်စားတုန်းက ပျော်ရွှင်သွားတဲ့ခံစားချက်လိုပါပဲ။ပထမဆုံးအကြိမ်စားဖူးတာဖြစ်တဲ့အတွက်ပိုပြီးမှတ်မှတ်ရရပျော်ရွှင်ပြီး နောက်တစ်ကြိမ်စားတဲ့အခါမှာတော့စားဖူးပြီးသားဖြစ်လို့ ပထမဆုံးအကြိမ်လောက် ဝမ်းသာပျော်ရွှင်တဲ့ခံစားချက်မျိုးရတော့မှာမဟုတ်ပါဘူး။

ပထမဆုံးအချစ်ဦးနဲ့အတူတူပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေ၊သူ့အပေါ်ဘယ်လောက်ထိချစ်ခဲ့ဖူးတာ တွေ၊ပထမဆုံးအကြိမ် သူ့ကိုစနောက်ကျီစယ်ဖူးတာ၊သဝန်တိုဖူးတာ၊ချုပ်ချယ်ဖူးတာ၊ဂရုစိုက်ဖူးတာ စသဖြင့် အကြောင်းတိုက်ဆိုင်တိုင်းအမှတ်ရနေမိကြပါတယ်။ တကယ်လို့အချစ်ဦးနဲ့ လမ်းခွဲခဲ့ရင်တောင် သူနဲ့ပတ်သက်ပြီးတစ်ခုခုတော့ သိချင်နေကြတုန်းပဲမဟုတ်လား?

နောက်ဆုံး ဘဝလက်တွဲဖော်နဲ့တွေ့ပြီးလက်ထပ်ခဲ့ရင်တောင် အချစ်ဦးကို တစ်ခါတစ်ရံ သတိရနေတတ်ပါတယ်။ဒါဟာ လက်ရှိဘဝလက်တွဲဖော်ကိုမချစ်လို့၊ သစ္စာဖောက်တဲ့စိတ်မျိုးနဲ့ သတိရနေတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ပထမဆုံးအကြိမ် အချစ်ဆိုတဲ့ခံစားချက်ဖြစ်ခဲ့ဖူးတာ ကိုပြန်ပြီးသတိရနေတာပါ။အဲ့ဒါကြောင့်အချစ်ဦးကိုမေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဘဝလက်တွဲဖော်နဲ့တွေ့တဲ့အခါမှာတော့ အချစ်ဦးတုန်းက ချစ်ခဲ့ဖူးတဲ့အချစ်လို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ချစ်တဲ့အချစ်ထက် ရင့်ကျက်မှု၊နားလည်မှု၊မြတ်နိုးတန်ဖိုးထားမှု သံယောဇဉ်တွေနဲ့ပေါင်းစပ်ထားတဲ့အချစ်မျိုးကို ခံစားရမှာပါ။

အချစ်ဦးဆိုတာ အချစ်ဆိုတဲ့ခံစားချက်ဖြစ်လာအောင် ပထမဆုံးရင်ခုန်စေခဲ့သူမို့လို့ မေ့ဖို့လွယ်ပါ့မလား? သင်တို့ရော အချစ်ဦးကို မေ့ပြီလား?

#Noel

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.