ကောင်းမွန်ထက်မြတ်တဲ့မိန်းကလေးနားမှာ ဘာလို့ယောင်္ကျားတွေမမြဲတာလဲ

ကိုယ့်ပတ်ဝန်းကျင် အသိုင်းဝိုင်းနားမှာလည်း တစ်ခါတစ်ရံကြုံဘူးမှာပါ၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်လည်းဘ၀မှာကြုံဖူးချင်ကြုံဖူးမှာပါ၊ တစ်ခြားမိန်းကလေးတွေထက် ပိုပြီးကောင်းမွန်ပြည့်စုံနေတဲ့ မိန်းမတစ်ယောက်နားမှာ ယောင်္ကျားလေးတော်တော်များများမြဲလေ့မရှိပါဘူး။ ဒီလောက်ကောင်းတဲ့ မိန်းကလေးရထားတာ ဘာလို့ထားခဲ့တာလည်းကွာ ဆိုတဲ့ မေးခွန်းတွေနဲ့ လူတိုင်းသိချင်နေကြပါတယ်။ ဆိုတော့ ကောင်းမွန်ထက်မြက်တဲ့ မိန်းကလေးတွေ ကို တစ်ချို့ယောင်္ကျားလေးတွေ ဘာလို့ထားထားသွားကြတာလဲ…
(၁) ထက်မြတ်လွန်းနေလို့
ယောင်္ကျားလေးတို့သဘာဝမှာ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိရှိနဲ့ မိန်းကလေးတစ်ယောက်က အားကိုးတာကို လိုချင်တက်ကြတာပါ။ မိန်းကလေးဖြစ်သူက သာမန် မိန်ူးကလေးမျိုးမဟုတ်ပဲ အရာရာမှာ သူ့ထက်ထူးချွန် ထက်မြတ်နေပြီဆိုရင် မနာစိတ်ရှိတာတော့မဟုတ်ပင်မဲ့သူတို့ကို သူတို့ အားမလိုအားမရဖြစ်ပြီး ကြိတ်ရှက်တက်ပါတယ်။ အဲ့လို စိတ်ခံစားချက်တွေ အကြိမ်ပေါင်းများစွာခံစားလာရတဲ့ အခါ ဒီမိန်းကလေးနားမှာနေရတာ မပျော်ပဲ ဖိအားတွေ စိတ်ပင်ပန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။
(၂) ရှေ့ရေးအရမ်းကြိုတွေးတက်လို့
တစ်ချို့ယောင်္ကျားလေးတွေကတော့ဒီလိုမိန်းကလေးမျိုးကို သဘောကျတက်ပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အေးအေးနေတက်တဲ့ယောင်္ကျးလေးအဖို့ကတော့ အတော်စိတ်ရှုပ်စရာကိစ္စတစ်ခုဖြစ်နေတက်ပါတယ်။ ကောင်းမွန်ထက်မြတ်တဲ့ မိန်းကလေးတွေက အနာဂတ်ကိုကြို တင်စဉ်းစားတက်ပြီး ပြင်ဆင်တက်တဲ့ အကျင့်ရှိတာမို့ ကိုယ့်ချစ်သူကောင်လေးကိုလည်း ဘာပြီးရင် ဘာလုပ်ပါလား၊ ဆိုပြီး ရှေ့ရေးအတွက် အရမ်းကြိုတွေးတက်လွန်းတာမို့ဆရာ တပ် တယ်ပွစိပွစိလုပ်လွန်းအားကြီးတယ်ဆိုပြီး စွန့်ခွာသွားချင်ကြပါတယ်။ ယောင်္ကျားဆိုတာမျိုးက ချစ်တက်ပေမဲ့ မိန်းကလေးတွေလောက် မပူပင်တက်ကြတာသဘာဝပါ။
(၃) သိတက်လွန်းနေလို့
ယဉ်ကျေးလိမ္မာပြီး ကောင်းမွန်တဲ့ မိန်းကလေးကိုရထားတဲ့မိန်းမတွေဟာ ကိုယ့်ချစ်သူ ကိုယ့် အမျိုးသားပေါ် သိတက်လွန်းအားကြီး ပြီး ချစ်သူမျက်နှာ အရိပ်တကြည့်ကြည့် ကြည့်ပြီး စိတ်ကောက်ဖို့ မပြောနဲ့စကားကျယ်ကျယ်တောင်အော်မပြောတဲ့ မိန်းကလေးမျိုးရှိပါတယ်။ ဒီလိုအရမ်းကို
အေးချမ်းပြီး စိတ်ဆိုးစိတ်ကောက်မရှိတဲ့ မိန်းကလေးမျိုးကို ကြာလာရင် လက်ဖက်ခြောက်မပါတဲ့ရေနွေးသောက်ရသလိုမျိုး ရိုးသွားတက်ပါတယ်။ အဘက်ဘက်က ကောင်းလွန်းအားကြီးပြီးတီတီတာတာ မလုပ်တက်တာကြောင့် ထားသွားတက်ပါတယ်။
(၄) ရိုသေမခံရဘူးလို့ခံစားနေရလို့
နံပါတ်(၁)မှာပြောခဲ့သလိုပဲ ကိုယ့်ရဲ့RSဟာ ထက်မြတ်တဲ့ မိန်းကလေးနဲ့ တည်ဆောက်ထားတာကြောင့်ကိုယ်သာတစ်ခုခု မှားသွားရင် ကောင်မလေးဆီ ကအပြစ်တင်တာတွေ ကြားရပြီး ကြာရင်ကောင်မလေးဖြစ်သူရဲ့လေးစားခြင်းကို ခံရမှာ မဟုတ်ဘူးလို့တွေးမိပြီး ထားခဲ့ကြပါတယ်။
(၅) လိုက်မမှီလို့
ထက်မြတ်တဲ့မိန်းကလေးနဲ့တွဲနေရတဲ့ ကာလပတ်လုံးမှာ သူပြောတဲ့စကားတွေ သူတွေးတဲ့ အတွေးတွေ သူ့ထားသလိုရည်မှန်းချက်ကြီးကြီးတွေ လို လိုက်မတွေး လိုက်မလုပ်နိုင်တာကြောင့် မိန်းကလေးနားကနေစွန့်ခွာတက်ကြပါတယ်။
ပတ်ဝန်းကျင်မှာတစ်ခါတလေ ကြားကြားနေရတဲ့ ” ငါကောင်းရဲ့သားနဲ့ဟာ ငါ့ကိုဘာလို့ထားခဲ့ကြတာလဲ” ဆိုတဲ့စကားရဲ့ အဖြေကတော့ဒါပါပဲ …မိဖုရားမှန်ရင်ဘုရင် နဲ့တွေ့ရမှာမို့ ကောင်းမွန်ပြီး အပြန်အလှန်နားလည်နိုင်တဲ့လက်တွဲဖော်ကောင်းနဲ့တွေ့ပြီး သာယာပျော်ရွှင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.