ခြေဖျားလက်ဖျားတွေအေးနေတာကို ဘယ်လိုကုသကြမလဲ

ဆောင်းတွင်းဆိုတော့ ခြေဖျားလက်ဖျားတွေအေးနေတာက ပုံမှန်ပဲလို့ပြောရမှာပါ။ ခြေဖျားတွေအေးနေတာကြာလာရင် ခြေအေးဝမ်းယောင်ဖြစ်တာတို့ လက်ဖျားတွေသွေးမလျှောက်ပဲ ထုံလာရင်းကနေ လေဖြတ်သွားတာတို့တွေက ဖြစ်လေ့ဖြစ်ထရှိတော့ လက်လွတ်စပယ်တော့မထားသင့်ပါဘူး။ ခြေဖျားလက်ဖျားတွေကိုသွေးတွေလည်ပတ်စီးဆင်းပြီး နွေးနွေးထွေးထွေးရှိအော်င
ဘယ်လိုလုပ်ရမလဲကြည့်ရအောင်နော်။

 

ပွယောင်းယောင်းအနွေးထည်တွေဝတ်ပါ

ကြပ်ထုပ်နေတဲ့အဝတ်အစားတွေထက် ခပ်ပွပွအဝတ်အစားတွေက လေခိုဖို့နေရာပိုပေးတဲ့အတွက် ကိုယ်ထဲမှာနွေးထွေးနေစေပါတယ်။ အပေါ်ပဲဖြစ်ဖြစ်အောက်ပိုင်းပဲဖြစ်ဖြစ် သက်တောင့်သက်သာ
ရှိပြီး လက်ထည့်ဖို့အိတ်ပါတာမျိုး ခပ်ပွပွအဝတ်အစားတွေဝတ်ပေးပါ။ ဟင့်အင်း လှချင်လို့ အကြပ်ကလေးတွေ အတိုလေးတွေဝတ်မှဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲပေါ့နော်။

 

အပူအစပ်တွေစားပေးပါ

ရခိုင်မုန့်တီလို ဟော့ပေါ့လိုမျိုး အပူအစပ်တွေက သွေးကြောတွေကိုပွင့်စေပြီး နှလုံးခုန်မြန်စေကာ သွေးလည်ပတ်မှုကောင်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းတဲ့အခါ ခြေဖျားလက်ဖျားလို ခန္ဓာကိုယ်ရဲ့ အစွန်အဖျားဒေသတွေအထိ သွေးကရောက်မှာမို့ အေးစက်နေတာတွေလျော့ပြီး နွေးထွေးမှုရစေပါတယ်။ (ဆောင်းတွင်းမှာ လက်ကလေးကိုကိုင်ပေးထားဖို့ ဘယ်ချစ်သူမှမလိုပါ၊ ဟော့ပေါ့နှင့် ရခိုင်မုန့်တီ ရခိုင်သုပ်သာလိုပါသည် :3 )

 

စီးကရက်၊ ကော်ဖီနဲ့ အရက်တွေမသောက်သင့်ပါ

စီးကရက်မှာပါတဲ့ နီကိုတင်း၊ ကော်ဖီရဲ့ ကဖိန်းဓာတ်နဲ့ အရက်သေစာတွေမှာပါတဲ့ အယ်လ်ကိုဟောတွေက သွေးလည်ပတ်မှုကိုနှေးကွေးစေပြီး သွေးကြောတွေလေးလံစေတာမို့ လက်ဖျားခြေဖျား
တွေကို ပိုအေးခဲစေပါလိမ့်မယ်။ လူတွေအထင်မှားနေတဲ့တစ်ချက်က ကော်ဖီပူပူလေး ဒါမှမဟုတ် အရက်သောက်လိုက်ရင် လည်ချောင်းထဲပူဆင်းသွားပြီး နွေးသွားမယ်ပေါ့၊ တကယ်တမ်းက နွေးစေတာမဟုတ်ပဲ သင်ဘယ်လောက်အေးနေလဲဆိုတာကို သတိမထားမိတော့အောင် စိတ်ကိုလှည့်စားလိုက်တာပဲဖြစ်ပါတယ်။

 

သံဓာတ်ပါတဲ့ ငါးနဲ့ အသီးအရွက်တွေများများစားပေးပါ

ငါးမှာပါတဲ့ ငါးကြီးဆီဟာ သွေးလည်ပတ်မှုကိုအားကောင်းစေတာမို့ သွေးကြောတွေထုံထိုင်းလေးလံခြင်းကိုဖြေဖျောက်ပေးပါတယ်။ သံဓာတ်ကလည်း သွေးအားကောင်းပြီး လက်ဖျားခြေဖျားတွေအထိ သွေးကိုအားကောင်းကောင်းနဲ့ လှည့်ပတ်စီးဆင်းစေမှာပါ။

 

ရေများများသောက်ပါ

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတာကလည်း လုပ်သင့်တဲ့အရာပါ။ လူတွေရဲ့ခန္ဓာကိုယ်ဟာ အရည်တွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ရေမရှိရင်ဘာမှလုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ပါဘူး။ ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားပုံတောင်ရှိသေးတယ်မဟုတ်လား။ ဒါကြောင့်ရေများများသောက်ပေးပါ။ ရေဆာတယ်လို့မခံစားရရင်တောင် ရေကို
မှန်မှန်သောက်ပေးသင့်ပါတယ်။

 

လှုပ်လှုပ်ရှားရှားနေပါ

ချမ်းလို့ဆိုပြီး စောင်ပုံကြီးအောက်မှာကွေးနေတာမျိုးထက် ထပြီး ပြေးလွှားနေတာက ပိုပြီးအချမ်းသက်သာစေပါတယ်။ လှုပ်ရှားမှုများတဲ့အတွက် ချွေးတွေဘာတွေထွက်ပြီး သွေးလည်ပတ်မှုကောင်း
စေတာမို့ ခြေဖျားလက်ဖျားတွေလည်းအေးတော့မှာမဟုတ်တာသေချာပါတယ်။

ဒီနည်းတွေအကုန်လုပ်ပြီးတာတောင်မှ ခြေဖျားလက်ဖျားတွေဆက်အေးနေသေးတယ်ဆိုရင်တော့ သင့်မှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဆေးခန်းမြန်မြန်သွားပြတာအကောင်းဆုံးရွေးချယ်မှုပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.