ကိုယ့်ရဲ့အသွင်ပြင်ကိုတဖြည်းဖြည်းပျက်စီးစေနိုင်တဲ့ အမူကျင့်များ

တစ်နေ့တာ ကိုယ်တွေလုပ်သမျှ လုပ်ငန်းစဉ်တွေကို စဉ်းစားကြည့်လိုက်ပါ။ ခေါင်းအရမ်းကောင်းလို့ အကုန်လုံးမှတ်မိနေရင်တောင် ကံကောင်းပေါ့။ များသောအားဖြင့် မမှတ်မိကြတာများပါတယ်။ ဘာမှမဟုတ်တဲ့ အသေးဖွဲ့လေးတွေကအစ သတိမေ့နေမယ်ဆိုရင် သင်သတိထားနေပြီနော်။
သင့်ရဲ့မှားယွင်းစွာပြုလုပ်မိတဲ့ အပြုအမူတွေကြောင့် သတိမေ့တတ်ခြင်းဟာတဖြည်းဖြည်းအစပျိုးလာခဲ့တာဖြစ်ပါတယ်။ သတိမေ့ခြင်းရောဂါကို အားပျိုးနေတဲ့ မကောင်းတဲ့အပြုအမူတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကွန်ပျုတာရှေ့ထိုင်နေတုန်း သင့်ရဲ့မျက်နှာနဲ့ မေးစေ့ကိုထောက်ထားခြင်းက ခန္ဓာကိုယ် သွေးလည်ပတ်မှုပုံစံတွေကို အနှောင့်ယှက်ဖြစ်စေတဲ့အတွက်သင့်ရဲ့ဦးနှောက် မှတ်ဥာဏ်ကိုလျော့ကျစေပါတယ်။ မေးနှစ်ထပ်ဖြစ်စေရုံမက အရေပြားတွေ တွန့်လာစေပါတယ်။

ခြေထောက် ခွတိုက်ထိုင်ခြင်းက ခြေထောက် အကြောထုံးရောဂါရှိသူတွေပိုပြီး ထိခိုက်စေနိုင်ပါတယ်။ သွေးလည်ပတ်မှုတွေ ပုံမှန်မဟုတ်တော့ပဲ ကျန်းမာရေးပြဿနာတွေရှိလာနိုင်တယ်။

ရေချိုးပြီးနောက် ခေါင်းကိုဘီးဖြီးခြင်းက ဆံပင်ကိုဆိုးဝါးစွာ ပျက်စီးစေပါတယ်။ မိန်းကလေးတိုင်းလုပ်နေကြ အကျင့်တစ်ခုပါ။ ဆံပင်ခြောက်အောင်သုတ်ပြီးမှ ခေါင်းဖြီးတာက သိပ်ပြဿနာမရှိပါဘူး။ ရေစိုနေချိန် ဖြီးလိုက်ရင် ဆံပင်တွေပြတ်ထွက်ကုန်ပါလိမ့်မယ်။

အိပ်ရာမဝင်ခင် ဖုန်းအသုံးပြုခြင်း လူတိုင်း ဒီအမူကျင့်ကို မဖျောက်ဖျက်နိုင်ကြပါဘူး။ အိပ်ရာမ၀င်ခင်
ဖုန်းကြည့်ခြင်းက အဆိုးဆုံးပါပဲ။ အမှောင်ထဲမှာကြည့်နေရင် ဖုန်းကလာတဲ့အလင်းရောင်က မျက်လုံးကိုအလွန်ထိခိုက်စေပြီး အာရုံကြောကိုပါထိပါတယ်။ ဒါကြောင့် အိပ်ရာမ၀င်ခင် တစ်နာရီအလိုလောက်တည်းက ဖုန်းကိုမကြည့်ပါနဲ့တော့။

Sunscreen ကို သင့်ရဲ့မျက်နှာပေါ်မှာပဲ သုတ်လိမ်းပေးခြင်းကြောင့် မျက်နှာအသားရေပဲ ကာကွယ်နိုင်ပြီး ကျန်တဲ့အရေပြားအလွာတွေကိုပျက်စီးစေပါတယ်။ ဒါကြောင့် Sunscreen လိမ်းရင် မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ်နဲ့ လက်တွေကိုပါ လိမ်းပေးဖို့မမေ့ပါနဲ့။

455 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.