ကျော်ကျော်ဆိုတဲ့ကောင်လေးက မိန်းကလေးသုံးယောက်နဲ့ ဒိတ်လုပ်ကြည့်ပြီး သူတို့သုံးယောက်လုံးကို စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ တစ်ယောက်စီကို ဒေါ်လာ ၅ထောင်ပေးပြီး အဲ့ဒီပိုက်ဆံနဲ့ ထိုမိန်းကလေးသုံးယောက် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်တယ်။
ပထမဆုံးတစ်ယောက်က အဲ့ဒီပိုက်ဆံတွေနဲ့အလှပြင်တယ်။ အလှပြင်ဆိုင်သွားပြီး ဆံပင်တွေပြင်၊ အိတ်အသစ်တွေဝယ်၊ ၊မိတ်ကပ်ပစ္စည်းတွေဝယ် ၊ ပြီးတော့ အကျီ င်္အဝတ်စားတွေဝယ်ဝတ်ကာ ကိုယ့်ကိုယ်ကိုယ်တန်ဆာဆင်တယ်။ သူမဒီလိုတာက ကျော်ကျော့်ကို အရမ်းချစ်လို့၊ သူ့အမြင်မှာ သူမ
အရမ်းလှနေအောင်လို့ သုံးလိုက်တာလို့ပြောတယ်။ ကျော်ကျော်လည်း ဒီအဖြေကို သဘောကျသွားတယ်။
ဒုတိယတစ်ယောက်ကတော့ ကျော်ကျော်ကိုမွေးနေ့လက်ဆောင်ပြန်ပေးဖို့ အဲ့ဒီပိုက်ဆံတွေ သုံးပစ်လိုက်တယ်တဲ့။ အရမ်းလှတဲ့ ဂေါ့ဖ်ရိုက်တံ set လိုက်နဲ့၊ ကွန်ပျုတာအသစ်၊ ဈေးကြီးတဲ့ အကျီ င်္သစ်တွေ ဝယ်ပေးခဲ့တယ်။ သူ့အတွက်ပဲပြန်ပြီး အကုန်ကျခံခဲ့တာ သူ့ကိုအရမ်းချစ်လို့ ဆိုပြီး ဒုတိယတစ်ယောက်က ပြောတယ်။ ဒုတိယတစ်ယောက်ရဲ့ အဖြေကိုလည်း သူသဘောကျသွားပြန်တယ်။
တတိယတစ်ယောက်ကတော့ သူပေးတဲ့ပိုက်ဆံတွေနဲ့ ရင်းနှီးမြှုပ်နှံ့မှုတစ်ခုလုပ်လိုက်တယ်။ သူမအချိန်ပေါင်းများစွာ ဒေါ်လာ ၅ထောင်လောက်ဝင်ငွေတွေရရှိနေတာတွေ့ရတယ်။ ကျော်ကျော်ရဲ့ဒေါ်လာ ၅ထောင်မက အမြတ်စွန်းငွေတွေကိုပါ သူမပြန်ပေးခဲ့ပါတယ်။ ဒီလိုနည်းလမ်းနဲ့ သူမတို့
အနာဂတ်အတွက် ကြိုတင်စုဆောင်းထားတယ်တဲ့။ ဒီအဖြေကိုတော့ အရမ်းကို ကျော်ကျော်သဘောကျသွားတယ်။
ကျန်တဲ့မိန်းကလေးနှစ်ယောက်ကရော ပိုက်ဆံတွေကို ဘာလို့ဖြုန်းပစ်လိုက်လဲ သေချာ အချိန်ကြာကြီးစဉ်းစားနေခဲ့တယ်။ ဘယ်လိုမိန်းကလေးကို ကျော်ကျော်လက်ထပ်မှာလဲ ? ယောက်ျားတစ်ယောက်အနေနဲ့ တွေးကြည့်ပါ။ အလှပဆုံး မိန်းကလေးတစ်ယောက်ကို သူလက်ထပ်လိုက်ပါတယ်တဲ့။ ယောက်ျားတွေဟာ… ယောက်ျားတွေပါပဲလေ !!