စမတ်ဖုန်းတွေကပေးတဲ့ အကျိုးကျေးဇူး ၉ ချက်

ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုစမတ်ဖုန်းကိုင်နေကြပါပြီ။စမတ်ဖုန်းတွေမှာပါတဲ့ လုပ်ဆောင်ချက်တွေကလည်းကောင်းမွန်ပြီး applicationတွေကလည်း ခေတ်မီဆန်းသစ်နေတာပါပဲ။ဘယ်နေရာမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပါ။စမတ်ဖုန်းတွေကြောင့်ဆိုးကျိုးဖြစ်တာတွေလည်းရှိသလို စမတ်ဖုန်းကနေ ကောင်းကျိုးရတာတွေလည်းရှိပါတယ်။ဘာတွေရနိုင်လဲကြည့်လိုက်ရအောင်။

၁)မိသားစု၊သူငယ်ချင်းတွေနဲ့အမြဲဆက်သွယ်နိုင်တယ်

ခရီးထွက်နေတဲ့အခါ၊နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတဲ့အခါကိုယ်ချစ်တဲ့မိသားစုတွေ၊သူငယ်ချင်းတွေနဲ့အမြဲအတူရှိနေသလို၊စကားပြောလို့ရအောင်စမတ်ဖုန်းတွေကပဲကူညီပေးနေတာပါ။ စမတ်ဖုန်းတွေသာမရှိရင် တစ်ယောက်နဲ့တစ်ယောက်စကားပြောဖို့၊တွေ့ဆုံဖို့ဆိုတာ မလွယ်ကူပါဘူး။စမတ်ဖုန်းတွေကြောင့်ဖုန်းပြောနိုင်တယ်၊ဖုန်းမပြောနိုင်ရင်တောင် ဆိုရှယ်မီဒီယာကနေ မက်ဆေ့ခ်ျတွေပို့နိုင်ပါတယ်။

၂)သီချင်းတွေနားထောင်နိုင်တယ်

အရင်တုန်းကလို စီဒီတွေ၊အောက်စက်တွေနဲ့ဖွင့်စရာမလိုတော့ပါဘူး။အခုက စမတ်ဖုန်းထဲကို သီချင်းတွေထည့်လို့ရပြီးကိုယ်ကြိုက်တဲ့သီချင်းတွေကိုလည်းအလွယ်တကူရှာဖွေနိုင်နေပါပြီ။ဘယ်အချိန်မဆို နားထောင်လို့ရတဲ့အတွက် ဘယ်သူမှမရှိတဲ့အချိန် သီချင်းတွေနဲ့ အဖော်ပြုနေလို့ရပါတယ်။

၃)သူငယ်ချင်းတွေအများကြီးရှာဖွေနိုင်တယ်

ဆိုရှယ်မီဒီယာတွေသုံးနေတဲ့အတွက်သူငယ်ချင်းတွေအများကြီးတွေ့နိုင်ပါတယ်။အဲ့ဒီထဲကမှ ကိုယ်နဲ့ရင်းရင်းနှီးနှီးခင်မင်လို့ရတဲ့သူငယ်ချင်းတွေရှာလို့ရသလို ကိုယ်နဲ့သင့်တော်တဲ့တစ်စုံတစ်ယောက်ကိုလည်းတွေ့နိုင်ပါတယ်။

၎)ခရီးသွားဖို့အလွယ်တကူစီစဉ်နိုင်တယ်

အရင်တုန်းကလို ခရီးတစ်ခုသွားမယ်ဆိုရင်အေဂျင်စီတွေထိကိုယ်တိုင်သွားပြီး လက်မှတ်ဝယ်စရာ၊ ဘွတ်ကင်လုပ်စရာမလိုတော့ပါဘူး။စမတ်ဖုန်းထဲမှာ ခရီးနဲ့ပတ်သက်တဲ့ app တစ်ခုထည့်ထားပြီးကားလက်မှတ်၊လေယာဉ်လက်မှတ်ဝယ်လို့ရသလို တည်းခိုဖို့ကိုလည်းကြိုပြီးမှာလို့ရနေပါပြီ။

၅)အရေးပေါ်ရင်အကူညီတောင်းနိုင်တယ်

နေ့စဉ်လူမှုဘ၀မှာသွားလာလှုပ်ရှားနေရတဲ့အတွက်အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက် လာတဲ့နေ့ဆိုတာရှိပါတယ်။အဲ့ဒီအခါမှာ အရေးပေါ်ဖုန်းနံပါတ်ကိုခေါ်ဆိုနိုင်ပါတယ်။အလုပ်မှာ ဒဏ်ရာရတဲ့အခါ၊အန္တရာယ်တစ်စုံတစ်ရာနဲ့တွေ့တဲ့အခါ ဖုန်းဆက်ပြီးတိုင်ကြားပြောဆိုလို့ရပါပြီ။ အရေးပေါ်နံပါတ်တင်မက သူငယ်ချင်း၊မိတ်ဆွေဆီပါ ဆက်သွယ်လို့ရပါတယ်။ လူကိုယ်တိုင်သွားပြီးမတိုင်နိုင်တဲ့အခြေအနေမှာစမတ်ဖုန်းတွေရှိနေတာ ကံကောင်းမှုတစ်ခုပါပဲ။

၆)ကမ္ဘာအနံှ့ဖြစ်ပျက်သမျှကိုသိမယ်

ဆိုရှယ်မီဒီယာ app တွေကြောင့်တခြားနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။အရင်ကကိုယ်မမြင်ဖူးခဲ့တဲ့နေရာဒေသတွေကိုလည်း စမတ်ဖုန်းကနေ တစ်ဆင့်မြင်တွေ့နိုင်ပါတယ်။အင်စတာဂရမ်၊တွစ်စ်တာစတာတွေကနေလည်းကိုယ်ချစ်တဲ့အနုပညာရှင်တွေရဲ့သတင်းကို ရှာဖွေနိုင်ပါတယ်။

၇)ပြဿနာကိုဖြေရှင်းနိုင်တယ်

စမတ်ဖုန်းတွေဟာ ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတော်တော်များများကို လည်းဖြေရှင်းပေးနိုင် ပါတယ်။လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း ဂူဂယ်လ်လေး တစ်ချက်ဝင်လိုက်တာနဲ့ ဆက်စပ်သိနိုင်နေပါပြီ။ဗဟုသုတဖြစ်စရာအကြောင်း အရာမျိုးစုံကိုလည်းရှာဖွေနိုင်တဲ့အတွက် ပြဿနာကိုပြေလည်စေပါတယ်။

၈)လမ်းပျောက်နေရင်ကူညီပေးနိုင်တယ်

အရင်တုန်းကလို ခရီးသွားရင်၊မြေပုံတွေကြည့်ပြီးသွားစရာ မလိုတော့ပါဘူး။ လူသူတွေမရှိတဲ့နေရာမှာလည်း လမ်းမပျောက်ရအောင် စမတ်ဖုန်းထဲက GPS ကိုသုံးနိုင်ပါတယ်။ဘယ်နေရာရောက်နေလဲဆိုတာပြပေးပြီး သွားရမယ့်နေရာကို လည်းလမ်းညွှန်ပေးထားလို့ လမ်းပျောက်မှာကိုလည်းမစိုးရိမ်ရတော့ဘူးပေါ့။

၉)အပျင်းစေမယ်

စမတ်ဖုန်းထဲမှာဂိမ်းတွေလည်းထည့်ပြီးဆော့လို့ရသလို ရုပ်ရှင်ရုံသွားမကြည့်နိုင်တဲ့အခါ စမတ်ဖုန်းကိုသုံးပြီးရုပ်ရှင်တွေကြည့်လို့ရပါတယ်။အပျင်းလည်းပြေစပြိးအိမ်မှာပဲအချိန်ကုန်ဆုံးတဲ့အတွက် ငွေကုန်ကြေးကျလည်းသက်သာစေပါတယ်။

ကဲ စမတ်ဖုန်းတွေက ဒီလိုကောင်းကျိုးတွေလည်းပေးနိုင်ပါတယ်။ဆိုးကျိုးတွေကိုတော့ ရှောင်ဖို့လိုတာပေါ့။စမတ်ဖုန်းတွေကို လိုတာထက်ပိုသုံးရင်၊ပိုကြည့်ရင် တန်ဆေးလွန်ဘေးဆိုသလို ဆိုးကျိုးက ပိုပြီးများစေမှာပါ။

Source:Brainberries

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.