Gong Yooနဲ့ Jung Yu Mi တို့လက်ထပ်ဖို့စီစဉ်နေကြတယ်ဆိုတဲ့သတင်း အင်တာနက်မှာနာမည်ကြီးနေ

မင်းသားချော Gong Yooနဲ့ မင်းသမီးချော Jung Yu Mi တို့ဟာ မင်္ဂလာဆောင်အတွက်ပြင်ဆင်နေကြတယ်လို့ ကိုရီးယားနိုင်ငံမှာ ကောလဟာလသတင်းတွေပျံ့နှံ့နေတယ်လို့သိရပါတယ်။

ဇန်န၀ါရီ ၉ရက်၊ဒီနေ့မနက်မှာ ကိုရီးယားနိုင်ငံသားတစ်ယောက်က သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Gong Yooနဲ့ Jung Yu Mi တို့ဟာရှီလာဟိုတယ်မှာ မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြပါတယ်။ အဲ့ဒီအကြောင်းကို ရှီလာဟိုတယ်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်ဆီက သိခဲ့ရတယ်”လို့ တင်ထားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီပို့စ်ဟာ ချက်ချင်းပဲအွန်လိုင်းသုံးစွဲသူတွေကြားမှာပျံ့နှံ့သွားခဲ့ပြီးသတင်းအမှန်ဟုတ်မဟုတ် အားလုံးကသိချင်နေကြပါတယ်။ဒါပေမဲ့ နှစ်ဖက်စလုံးကအေဂျင်စီတွေကတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲဖြစ်တဲ့ အကြောင်းပြောပြီးကောလဟာလသတင်းကိုတရားဝင်ငြင်းဆိုခဲ့ပါတယ်။

Soop Management က “Gong Yooနဲ့ Jung Yu Mi လက်ထပ်ဖို့ပြင်ဆင်နေတယ် ဆိုတဲ့သတင်းက အမှန်မဟုတ်ပါဘူး။သူတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေသာဖြစ်ပါတယ်။ Jung Yu Mi ဟာ “Youn’s Kitchen 2 “ဆိုတဲ့ရုပ်ရှင်အတွက်ကြိုးစားပြင်ဆင်နေရတာပါ။သူမရဲ့ ဆံပင်ကိုတောင် ရုပ်ရှင်ရိုက်ကူးဖို့အတွက် ညှပ်ပစ်ခဲ့ရပါတယ်။ပြီးတော့သူတို့နှစ်ယောက်ဟာ မောင်နှမတွေလိုတောင်မဟုတ်ဘူး။ညီအစ်ကိုတွေလိုနေကြတာပါ။Gong Yoo က Jung Yoo Mi ကိုသူ့ရဲ့ညီတစ်ယောက်လိုပဲ သဘောထားဆက်ဆံလေ့ရှိတယ်လို့ပြောပြခဲ့ပါတယ်။

Gong Yooနဲ့ Jung Yu Mi ဟာ Train To Busan ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Source:Koreaboo

 

398 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.