Apple စတိုးဆိုင်တွေထဲက အတွင်း တည်နေရာပြစနစ်သစ် “iBeacon”

applications1.jpg

Apple ဟာ သင့်ကို အပြင်ဘက်လမ်းကြောင်းတွေ ရှာပေးရုံမက ခုလည်း သူ့စတိုးဆိုင်တွေထဲမှာ လမ်းပြပေးနိုင်မယ့် စနစ်တစ်ခုကို ထုတ်လုပ်လိုက်ပါပြီ။ “iBeacon”လို့ ခေါ်တဲ့ အတွင်းတည်နေရာပြစနစ် ဟာ စတိုးဆိုင်ထဲမှာရှိတဲ့ customer တွေကို မှာယူထားတဲ့ ပစ္စည်းရပြီဖြစ်တဲ့နေရာ၊ iPhone အဆင့်မြှင့်နိုင်မယ့်နေရာ ပစ္စည်းဝယ်ယူနိုင်မယ့်နေရာ၊ ရောင်းရန်ပစ္စည်းရှိနေသေးတဲ့ နေရာနဲ့ Apple ထုတ်ကုန်သစ် ၀ယ်ယူနိုင်မယ့်နေရာတွေကို ပြသပေးမှာဖြစ်ပါတယ်။ စတိုးဆိုင်အတွင်း သင်ရပ်နေတဲ့နေရာပေါ် မူတည်ပြီး event တွေနဲ့ offer တွေရဲ့ သတင်းအချက်အလက်တွေကို iBeacon က ပေးပို့ပေးမှာဖြစ်ပါတယ်။ ဖုန်းကို အဆင့်မြှင့်လို့ရနိုင်ပြီလား ဆိုတာမျိုးကို သင့်ဖုန်း အဆင့်မြှင့်ချင်မြှင့်လိုရအောင်လည်း iBeaconက မေးပါလိမ့်မယ်။ ဒီလို စနစ်မျိုးရဖို့အတွက် Appleက iBeacon ထုတ်လွှင့်စက်တွေကို တပ်ဆင်ထားတာပါ။ အဲ့ဒီ့မှာ တချို့စက်တွေက iPhone နဲ့ iPad တွေပဲဖြစ်ပါတယ်။ သင်လိုရာနေရာ အတိအကျကို ရဖို့အတွက် ထုတ်လွှင့်စက်တွေမှာ Bluetooth ကြိုးမဲ့စနစ် နည်းပညာကို အသုံးပြုထားပါတယ်။ ဒီစနစ်အတွက် Appleက ကမ္ဘာ့တည်နေရာပြစနစ်ကို မသုံးထားပါဘူး။ အတွင်းဘက် တည်နေရာပြတဲ့နေရာမှာ အကွာအဝေး ပေ နည်းနည်း ပဲခြားနားတာကြောင့် ကမ္ဘာ့တည်နေရာပြစနစ်နဲ့ဆို အတိအကျမရနိုင်ပါဘူး။ တိကျတဲ့ အကွာအဝေးတစ်ခုကို ရဖို့ iBeacon ထုတ်လွှင့်စက်တွေကို ချိန်ညှိုထားနိုင်တယ်လို့ သိရပါတယ်။ Ref:dailytech

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.