ကျန်းမာလှပတဲ့ကေသာတစ်စုံပိုင်ရှင်ဆိုတာ

မိန်းကလေးတိုင်းဟာ ကျန်းမာလှပပြီးသန့်ရှင်းသပ်ရပ်တဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြတာဓမ္မတာပါ။ ဒါပေမဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့်ဆံသားတွေနှစ်ခွဖြစ်တာ ၊ ဗောက်တွေထတာ၊ ဦးရေပြားပါးတာ ၊ အရွယ်မတိုင်ခင်ထိပ်ကွက်တကတာမျိုးတွေဖြစ်တက်ပါတယ်။ဒါဆို ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကို မပျက်စီးအောင် ဘယ်လို လွယ်လွယ်ကူကူနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းကြမလဲ…
(၁) တစ်လတစ်ခါ အဖျားလေးတွေတိပေးပါ
အနည်းဆုံးတစ်လတစ်ခါ ဆံပင်အဖျားလေးတွေကို တိတိပေးပါ။ တစ်ချို့ မိန်းကလေးတွေက ဆံပင်ကို နှမြောလို့ အဖျားလေးတောင် မတိရက်ကြတာ တစ်ကြောင်း ၊ ဆိုင် ကညှပ်ပေးတဲ့သူတွေက အဖျားလေးတိပါဆို လက်တစ်ဝါးစာလောက်တိလိုက်ကျတာတစ်ကြောင်းရယ်ကြောင့်ညှပ်ရမှာကြောက်ကြပါတယ်။ အဖျားတိရမှာမကြောက်ပါနဲ့ လက်ငြိမ်တဲ့ဆိုင်မှာတစ်လတစ်ခါ အနည်းဆုံးတိတိပေးပါ။ ပိုမိုကောင်းမွန်တဲ့ဆံသားအသစ်တွေ အရှည်မြန်လာပြီး ဦးရေပြားကျန်းမာရေးအတွက်လည်းOKပါတယ်။
(၂) ခဲရာပေးပါ
ဒါကတော့ အမြဲလုပ်ပေးရမဲ့ အရာမျိုး မဟုတ်ပေမဲ့ ဆံပင်ခွဲကြောင်း အမြဲတစ်သတ်မတ်တည်းထားတဲ့သူတွေအဖို့ လိုအပ်မှာပါ။ တစ်ချို့ က ခွဲကြောင်းကို တစ်မျိုးထဲ အကြာကြီးထားပြီး နေတာကြောင့်တစ်ကြောင်း၊ ဦးရေပြားပါးတာကြောင့်တစ်ကြောင်း ခွဲရာကြောင်းနေရာက ဦးရေပြားကကွက်ပြီး ထိပ်ကွက်ကြီးဖြစ်နေတက်ပါတယ်။ အဲ့လိုအချိန်မှာ အညိုရောင် (သို့) အနက်ရောင် ကိုယ့်ဆံပင်နဲ့နီးစပ်တဲ့ အရောင်ကို ကွက်နေတဲ့နေရာတွေမှာတို့တို့ပေးခြင်းဖြင့် ထိပ်ကွက်ခြင်းကို ဖုံးကွယ်စေပါတယ်။
(၃) အပူပေးစက်တွေရှောင်ပါ
တက်နိုင်သလောက် ဆံပင်အခြောက်ခံစက်ကို ပူနေအောင်ထားပြီး မှုတ်တာတွေ၊ အပူချောင်းနဲ့ကောက်တာ ဖြောင့်တာတွေကို လျော့ပါ။ မလုပ်မဖြစ်သွားလာစရာရှိလို့ လုပ်တဲ့အချိန်ကလွဲရင်တက်နိုင်သလောက် မသုံးပဲနေပါ။
(၄) တွေ့ရာနဲ့ခေါင်းမလျှော်ပါနဲ့
ကိုယ့်ပုံမှန်သုံးနေကျခေါင်းလျှော်ရည်မဟုတ်ပဲတွေ့ရာနဲ့လျှော်တဲ့ အကျင့် ဖျောက်ပါ။ ခေါင်းလျှော်ရည် ခနခနပြောင်းသုံးခြင်းဟာဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပြီး ဗောက်ထခြင်းကို ဖြစ်စေပါတယ်။
(၅) ညအိပ်ယာဝင်ခံနီးတိုင်းခေါင်းဖြီးအိပ်ပါ
ညဘက်အိပ်ယာဝင်ခံနီးတိုင်း ခေါင်းကို ဖြီးအိပ်ခြင်းဟာ ဦးရေပြားကျန်းမာရေးအတွက် အလွန်ကောင်းမွန်သောနည်းလမ်းဖြစ်ပြီး င်္ဆသားသန်စွမ်းမှုကို အထောက်အကူဖြစ်စေပါတယ်။
လွယ်ကူရိုးရှင်းတဲ့လုပ်ထုံးလုပ်နည်းလေးတွေကို မှတ်သားပြီး နေ့စဉ် ကျင့်သုံးရင်း ကျန်းမာလှပတဲ့ကေသာတစ်စုံကိုပိုင်ဆိုင်တဲ့ ပျိုမေတို့ဖြစ်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.