သူ့ကိုယ့်ကိုSilent တွဲနေတယ်ဆိုတာသိသာစေတဲ့အချက်

        ကိုယ်နဲ့တွဲနေတဲ့သူက ကို့ကိုသူ့တစ်ဘ၀လုံးစာအတွက်တွဲနေတာလား ၊ ဒါမှမဟုတ် အပျော်သဘောနဲ့ကစားနေတာလား ကိုယ်နဲ့တွဲနေတာကို သူများမသိစေချင်တာလား ဆိုတာသေချာသိနိုင်ဖို့လိုအပ်ပါတယ်။ Social Media ပေါ်နှစ်ယောက်တွဲပုံတွေ မတင်ဖြစ်တာလောက်နဲ့တော့သူကိုယ့်ကို Slientတွဲပြီး ပွဲ မထုတ်ဘူး မထင်ပါနဲ့ ။ ဒါဆို ဘယ်လိုအချက် တွေက သူကိုယ့်ကို ဘ၀တွက်ရည်ရွယ်ထားတာလား လူမသိသူမသိတွဲတာလား ဆိုတာသိနိုင်မလဲ…
(၁) သူ့အကြောင်းသိပ်ပြောပြလိမ့်မရှိဘူး
ကိုယ်နဲ့သူတွဲနေတယ်ဆိုပေမဲ့ ချစ်သူအချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက်သိပ်ပြောပြတာမျိုး မရှိပဲ လျို့ဝှက်တက်တယ်။ ဥပမာ-သူဘယ်မှာနေတယ်လောက်ကိုတော့ပြောကောင်းပြောနိုင်ပေမဲ့အသေးစိတ်ကိုယ်ကမေးတဲ့အခါအင်တင်တင်နဲ့ မပြောချုင်ပဲဖြစ်နေလိမ့်မယ်။ သူဘ၀တွက်ရည်ရွယ်ထားဖို့မသေချာသေးတာကြောင့်သိပ်ပြီး သူ့အကြောင်းပြောလေ့မရှိတက်ကြဘူး။
(၂) ဖုန်းနဲ့အပြင်ဆက်ဆံရေးကွာခြားတယ်
ဖုန်းနဲ့စကားပြောတဲ့အချိန်တွေ၊ အချင်းချင်းမက်ဆေ့တွေပို့ကြတဲ့ အချိန်မှာ တော့ကိုယ့်အပေါ်ဆက်ဆံရေး ကတကယ့်သမီးရည်းစားလို ကြင်နာပြောဆိုတက်ပြီး မျက်နှာချင်းဆိုင် အပြင်မှာဆုံတဲ့ချိန်တွေကို သိပ် ပြီးဖော်ရွေခြင်းမရှိပဲ အေးတိအေးစက်နဲ့နေပါလိမ့်မယ်။
(၃) သိပ်ပွဲထုတ်လေ့မရှိဘူး
သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်အကြောင်းသိပ်ပြောလေ့မရှိဘူး ။ ဥပမာ -တစ်ယောက်ယောက် က မင်းကောင်မလေးရော မင်းကောင်လေးရော ဘာလုပ်နေလဲနေကောင်းလားဘာညာ မေးလာခဲ့ရင်တောင် သိပ်ရှည်ရှည်ဝေးဝေး မပြောပဲ ရှောင်တက်ကြတယ်။ တစ်ချို့ဆို ကိုယ်တွေက သူငယ်ချင်းတွေပါ မောင်နှမလိုခင်တာပါ ဘာညာဆိုပြီး ရောသောဖောသောနဲ့ လျှော်လေ့ရှိကြတယ်။
(၄) သိပ်စိတ်မပူတက်ဘူး
ကိုယ့်ကို သူ့ဘ၀တစ်ခုလုံးအတွက် ရည်ရွယ်ထားတာ မဟုတ်တာကြောင့် ကိုယ်နဲ့ ပတ်သတ်တဲ့ကိစ္စတွေကို သိပ်စိတ်မ၀င်စားသလို ကိုယ့်ထိခိုက်နာကျင်ခံစားရမှာကိုလည်းသူ့ဘက်ကစိတ်ပူပေးဖို့မေ့မေ့နေတက်ကြတယ်။
(၅) အဖြေရှာရခက်တက်တယ်
ကိုယ်သူ့ကိုမေးတဲ့ နှစ်ဦှးနှစ်ယောက်တွက် ဘ၀ရှေ့ရေးတွေ ချစ်ရေးချစ်ရာတွေ ကိုယ့်ရဲ့ အသေးစိတ်အကြောင်းအရာတွေကို စမ်းသပ်မေးကြည့်တဲ့အခါ ဖြေရခက်နေတက်ကြတယ်။ ဥပမာ- ကိုယ်ကြိုက်တဲ့ အစားသောက်ပုံစံတစ်မျိုးကို ပြောပြထားဘူးပေမဲ့ တကယ့်လက်တွေ့ကျရင် ကိုယ်ဘာကြိုက်တက်တယ်မေ့နေတာမျိုးကိုယ်အခုလက်ရှိ လုပ်နေတဲ့ အရာက ဘာမှန်းမသိတာမျိုး အာ့လို ကိုယ့်အကြောင်းကို သိပ်စိတ်မ၀င်စားတဲ့ပုံပေါက်နေရင်သေချာသလောက်ပါတယ်။ သူ့တစ်ဘ၀လုံးအတွက် ရည်မှန်းထားတဲ့ထဲမှာမပါသေးပဲ ကိုယ့်ကို စမ်းသပ်တွဲတာဖြစ်နိုင်ပါတယ်။
ကံပါမှတစ်ယောက်နဲ့တစ်ယောက်ပေါင်းဖက်ရမယ်ဆိုပေမဲ့ လက်ရှိတွဲနေတဲ့သူ ကိုယ့်အပေါ်ထားတဲ့စိတ်ကို သိထားဖို့လည်းလိုပါတယ်။ ဒါကြောင့် ကိုယ့်ကို Silentတွဲနေတာဖြစ်နိုင်တဲ့ ယေဘုယျ မပြုမူတွေကို ဖော်ပြရင်း ကိုယ်ချစ်တဲ့သူနဲ့ရေရှည်လက်တွဲသွားနိုင်ဖို့ဆုတောင်းလိုက်ပါတယ်…

369 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.