ဒီလိုအကျင့်ဆိုးတွေရှိနေတာက သင့်ရဲ့အောင်မြင်မှုတက်လမ်းကိုနှောင့်နှေးစေနိုင်

သင်က အောင်မြင်အောင်ကြိုးစားနေတဲ့သူတစ်ယောက်လား? လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊မိသားစု၊အချစ်ရေး၊လူမှုရေးဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘ၀ကိုတိုးတက်အောင်ကြိုးစားနေတဲ့ သူတစ်ယောက်ဆိုရင် ဒီလိုအကျင့်ဆိုးတွေကိုဖျောက်ပစ်မှရပါမယ်။မဟုတ်ရင် အောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူး။

၁)တရားခံရှာတယ်

ကိုယ့်ဘာသာခဲလုံးကိုတိုက်မိပြီးချော်လဲတာကိုတောင် စနစ်မကောင်းလို့ဆိုပြီးတုံု့ပြန်တဲ့အကြောင်း ရေပန်းစားခဲ့တဲ့ပြက်လုံးတစ်ခုရှိပါတယ်။အဲ့လို ကိုယ့်ဘာသာချော်လဲတာကိုတောင် တခြားသူကို တရားခံရှာနာမည်တပ်နေတဲ့အကျင့်ဆိုးမျိုးရှိနေရင် အမြန်ဆုံးဖျောက်လိုက်ပါ။ဒီအကျင့်ဆိုးကြီးက သင့်ကိုအောင်မြင်မှုရအောင်ပံ့ပိုးကူညီသွားမယ့်အကျင့်မဟုတ်ပါဘူး။

၂)ဦးတည်ရာပျောက်နေတယ်

ကိုယ်လုပ်ချင်တဲ့အလုပ်ကဘာလဲဆိုတာမသိပဲ သူများတွေကကောင်းတယ်ပြောရင် လိုက်လုပ်၊သူများပြောတာကိုနားထောင်ပြီးအဆင်ပြေမလားလိုက်လုပ်ကြည့် စသဖြင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာမရှိပဲ ဟိုလူပြောတာလုပ်ကြည့်၊ဒီလူပြောတာ လုပ်ကြည့်ဖြစ်နေတယ် ဆိုရင် ဒီနေ့ကစပြီးသူများပြောတာကိုနားမထောင်ပါနဲ့တော့။ ကိုယ်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီး ရွေးချယ်မှုလုပ်ပါ။

၃)ကြုံသလိုလုပ်တတ်တယ်

ဒီနေ့စာကျက်ဖို့စဉ်းစားထားပေမဲ့သူငယ်ချင်းကချိန်းရင်အပြင်သွားလိုက်တာမျိုး၊အိမ်ရှင်းမယ်လုပ်ထားပြီး ရုပ်ရှင်ကားလေးကောင်းလို့ကြည့်လိုက်တာမျိုးစသဖြင့်ကိုယ့်ရဲ့ဦးတည်ရာကို ဖျောက်ဖျက်ပစ်ပြီးကြုံသလိုကောက်လုပ်တတ်တဲ့အကျင့်က အောင်မြင်မှုရဖို့ အတွက်နှောင့်နှေးစေပါတယ်။

၎)အတ္တကြီးတယ်

တခြားသူနဲ့ကိုယ်နဲ့ယှဉ်ပြီးအလုပ်လုပ်ရင်တောင်ကိုယ်ကတော့ကောင်းတာလေးယူလိုက်ရမှ၊ အဆင်ပြေတာ၊လွယ်ကူတာလေးယူလိုက်ရမှ။တခြားသူကိုတော့ ဘာအခက်အခဲ ပဲရှိရှိပြန်မကြည့်တတ်တဲ့ သူမျိုးဟာ အောင်မြင်မှုရဖို့ဖြစ်နိုင်ပါ့မလား? အတ္တကြီးပြီးကိုယ်ရဖို့ တစ်ခုတည်းကြည့်တဲ့သူဟာ အောင်မြင်ရင်တောင်တစ်ပွဲတိုးပဲဖြစ်နေမှာပါ။

၅)လုပ်ချင်ရာလုပ်တယ်

လုပ်ငန်းခွင်ဝင်တဲ့အခါမှာ တစ်ယောက်တည်းအလုပ်လုပ်နေလို့မရပါဘူး။ အဖွဲ့အစည်းနဲ့ လုပ်ကိုင်ရတော့မှာပါ။ကိုယ်တစ်ယောက်တည်းဆုံးဖြတ်ချက်ချလိုက်တာကဟုတ်ပါပြီ။ဒါပေမဲ့ အဲ့ဒီဆုံးဖြတ်ချက်ကကိုယ်က မှန်တယ်ထင်ပေမဲ့တခြားသူတွေရဲ့အမြင်မှာဘယ်လိုလဲဆိုတာ နည်းနည်းတော့လေ့လာကြည့်သင့်ပါတယ်။တခြားသူတွေရဲ့အကြံပေးစကား၊သတိပေးစကားကို နားမထောင်ပဲ ကိုယ်ထင်ရာလုပ်ပစ်ရင်လည်း ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုအမူအကျင့်တွေ၊စိတ်ဓာတ်တွေရှိနေသေးသရွေ့တော့ အောင်မြင်မှုဆိုတာ သင်ကလိုက်လေ သူကထွက်ပြေးလေဖြစ်နေတော့မှာပါ။အောင်မြင်ချင်တယ်ဆိုရင်စွန့်လွှတ်သင့်တာကိုစွန့်လွှတ်ပြီးအကျင့်ကောင်းတွေကိုမွေးမြူဖို့အကြံပေးချင်ပါတယ်။

Reference: The 7 Habits of Highly Effective Teens

 

 

465 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.