၂၀၁၄ ကမ္ဘာ့ဖလားမဲခွဲမှုအပြီး နည်းပြများထံမှ ထွက်ပေါ်လာသော တုန့်ပြန်သံများ

2240332_full-lnd.jpg

ပြီးခဲ့တဲ့သောကြာနေ့က ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့မှာ ၂၀၁၄ကမ္ဘာ့ဖလားအုပ်စုများမဲခွဲခြင်းအခမ်းအ နားပြုလုပ်သွားခဲ့ပါတယ်။ ခက်ခဲတဲ့အုပ်စုမျိုးထဲ ရောက်သွားသူများရှိသလိုပဲ လွယ်ကူတယ်လို့ဆိုနိုင်မယ့်အ နေအထားတွေကိုလည်းတွေ့ရပြန်ပါတယ်။ မဲခွဲမှုများအပြီးမှာ ထွက်ပေါ်လာခဲ့တဲ့ ၂၀၁၄ကမ္ဘာ့ဖလားအတွက် အုပ်စု(၈)စုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အုပ်စု(က)- ဘရာဇီးလ်၊ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်း

အုပ်စု(ခ)-စပိန်၊ နယ်သာလန်၊ ချီလီ၊ သြစတြေးလျ

အုပ်စု(ဂ)-ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့စ်၊ ဂျပန်

အုပ်စု(ဃ)-ဥရုဂွေး၊ ကော့စတာရီကာ၊ အင်္ဂလန်၊ အီတလီ

အုပ်စု(င)-ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဟွန်ဒူးရပ်စ်

အုပ်စု(စ)-အာဂျင်တီးနား၊ အီရန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ နိုင်ဂျီးရီးယား

အုပ်စု(ဆ)-ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာ၊ အမေရိကန်

အုပ်စု(ဇ)-ဘယ်လ်ဂျီယံ၊ အဲလ်ဂျီးရီးယား၊ ရုရှား၊ တောင်ကိုရီးယား

(ပေါ်တူဂီနည်းပြပေါ်လိုဘင်တို)

“ အုပ်စု(ဆ)မှာ ဂျာမနီလိုမျိုး အစဉ်အလာအရရော အလားအလာအရပါ အလွန်ကောင်းတဲ့အသင်းပါနေတာမှန် ပါတယ်။ ဒါပေမယ့် အရမ်းကိုမျှတတဲ့အုပ်စုမျိုးပါ။  အမေရိကန်နဲ့ ဂါနာတို့က အသင်းလိုက်စုစည်းမှုအား တအား ကောင်းတဲ့အသင်းတွေပါ။ ကျွန်တော်တို့အသင်းကတော့ ရှေ့ခရီးဆက်ဖို့ ရည်မှန်းချက်အပြည့်နဲ့ဆိုတော့ ရနိုင် သမျှအမှတ်တွေယူပြီး (၁၆)သင်းရှုံးထွက်အဆင့်ကို တက်မှာပါ”

(အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်)

“ သံသယရှိစရာမလိုအောင် ခက်ခဲလွန်းတဲ့အုပ်စုပါ။ တခြားနည်းပြတွေကလည်း သူတို့တွေအုပ်စုကြပ်ထဲကို ရောက်နေကြတယ်လို့ ပြောကြမှာပါပဲ။ အင်္ဂလန်ကတော့ ပြောရမယ်ဆိုရင် ဦးစားပေးအဆင့်ရအသင်း(၂) သင်းနဲ့ တစ်အုပ်စုတည်းကျသလိုပါပဲ။ အီတလီက ဦးစားပေးထဲမပါခဲ့ပေမယ့် တကယ့်ကိုကောင်းတဲ့အသင်း မျိုးဖြစ်လို့ပါပဲ။ 

(စပိန်နည်းပြဗင်းဆင့်ဒဲလ်ဘော့စကေး)

“အရာအားလုံးက ပြိုင်ဘက်တွေပေါ်မှာပဲမူတည်တာမဟုတ်ဘူး။ ကျွန်တော်တို့အသင်းရဲ့ ပြိုင်ပွဲအပေါ်ဘယ်လို ချဉ်းကပ်မလဲဆိုတဲ့ စိတ်ခံယူချက်ကလည်း အရေးကြီးတယ်။ အပွင့်လင်းဆုံးပြောရရင် အခုထက်ပိုလွယ်ကူစေ မယ့် အုပ်စုမျိုးကို ဖြစ်စေချင်ခဲ့တာ။ နယ်သာလန်ဟာ ၂၀၁၀နောက်ပိုင်း အများကြီးပြောင်းလဲသွားခဲ့ပြီ။ ပြိုင် ဘက်အသင်းတွေကို ခက်ခဲစေတဲ့ကစားပုံတွေပိုင်ဆိုင်ထားပါပြီ။ ချီလီဆိုရင်လည်း အရမ်းကောင်းတဲ့ဘောလုံး သမားတွေပိုင်ဆိုင်ထားပြီး အတွေ့အကြုံရင့်ကျက်သူတွေလည်းရှိပါတယ်”

(ဘရာဇီးလ်နည်းပြ စကိုလာရီ)

“အုပ်စုခွဲတာက ကျွန်တော့ပေါ်မူတည်တာမဟုတ်တော့ စိတ်ပူပန်တာမျိုးမဖြစ်မိဘူး။ တခြားအုပ်စုတွေကြည့် လိုက်တဲ့အခါမှာတော့ အင်္ဂလန်၊ အီတလီ၊ ဥရုဂွေးတို့က အခက်ခဲဆုံးလို့ထင်ပါတယ်။ ကျွန်တော်တို့အသင်း က ခရိုအေးရှားလို ဥရောပမှာ အဆင့်ရှိတဲ့အသင်းနဲ့ပွဲဦးစထွက်ရပါလိမ့်မယ်။ ကင်မရွန်းဆိုရင်လည်းပဲ ပြိုင်ဘက် တိုင်းကို အခက်အခဲဖြစ်စေတဲ့ အသင်းမျိုးပါ။ မက္ကဆီကိုဆိုရင်လည်း အသင်းကောင်းတစ်သင်းပါပဲ”

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.