I dont wanna be your bestfriend လို့ တိုးတိုးလေးရေရွတ်နေရပြီလား။ သူ့မျက်ဝန်းတွေထဲမှာ ရောင်စုံခြယ်ထားတဲ့ သက်တန့််တွေအမြဲလိုလိုမြင်တွေ့နေဖြစ်ပြီလား။ သူ့မေးရိုးလေးပေါ်မှာ
ကိုယ့်ကမ္ဘာကြီိးတစ်ခုလုံးလည်ပတ်နေရတဲ့အဖြစ်ကိုကြည်နူးကျေနပ်နေတယ်လား။ ဒါဆိုရင်တော့ သင့် သူငယ်ချင်းလေးကို ဒီစာသာပေးဖတ်လိုက်ပါတော့။
တချို့တချို့တွေကတော့ သူငယ်ချင်းရောချစ်သူပါတစ်ယောက်တည်းဖြစ်နေမယ့် ကိစ္စကိုသိပ်သဘောမတွေ့ကြပါဘူး။ ချစ်သူနဲ့ရန်ဖြစ်ရင် ရင်ဖွင့်စရာသူငယ်ချင်းမရှိတော့မှာစိုးလို့ပါ။ ဒါပေမယ့်
အကောင်းဘက်ကလှည့်တွေးရရင်တော့ သင်တို့တော်ရုံ သူများကိုရင်ဖွင့်ရလောက်မယ့် သဘောထားကွဲလွဲမှုကြီးကြီးမားမားတွေတွေ့ကြုံရမှာမဟုတ်ပါဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဒီစာကို
ဖတ်ဖြစ်နေပြီဆိုကတည်းက သင့်မှာစဉ်းစားရမယ့် သူငယ်ချင်းတစ်ယောက်တော့ရှိနေတယ်ဟုတ်။ ကဲ… ဘယ်လိုအကြောင်းတရားတွေကြောင့် သူငယ်ချင်းကို ချစ်သူတော်သင့်တာတဲ့လဲ….
အထူးအထွေပြောင်းလဲနေစရာမလိုဘူး
ကိုကိုက ဘာမကြိုက်လို့တို့ ညီမလေးက ဟိုဟာမလုပ်ရဘူးပြောထားတယ်တို့လိုပြဿနာတွေ သင်တို့ကြားမှာရှိမယ်မဟုတ်ပါဘူး။ သူမကြိုက်တာတစ်ခုခုလုပ်မိလည်း ဟဲ့ ငါနောက်မလုပ်တော့ပါဘူးဟယ် ပေါ့။ သင့်ရဲ့ ပုံစံအမှန်ကို သူကသိထားပြီးဖြစ်တဲ့အတွက် အတင်းချုပ်ချယ်တာတွေရှိမှာမဟုတ်ပါဘူး။ နောက်ပြီး နဂိုကတည်းက သူငယ်ချင်းဆိုတော့ နှစ်ယောက်လုံးရဲ့သူငယ်ချင်းတွေကလည်း သိထားပြီးရင်းနှီးပြီးသားတွေဖြစ်လို့ ဘာမှသဝန်တိုစိတ်ပူနေစရာတွေမရှိဘူးပေါ့။
အတိတ်ကို လက်ခံပြီးသား
ဟဲ့ ငါတော့ ဘယ်သူနဲ့ဘယ်လိုကြောင့်ပြတ်သွားပြီဟယ်တို့ စိတ်တိုတိုနဲ့ရင်ဖွင့်ဖူးတာတွေ… သူငါ့ကိုထားခဲ့တယ်ဟာ…ဆိုပြီး ငိုသံပါကြီးနဲ့ပြောဖူးတာတွေရှိခဲ့ဖူးလား။ သင်တို့နှစ်ယောက်ချစ်သူ
ဘဝရောက်တဲ့အခါ အဲဒါတွေက ရယ်စရာတွေဖြစ်လာမှာပါ။ သူများတွေလို သူ့ကိုပိုချစ်ခဲ့တာမှတ်လားနဲ့ လိုက်ရစ်နေမယ့်လူမျိုးမဟုတ်တာမို့ အနေအစားချောင်မှာပါ။
အထင်လွဲတာတွေ မရှိဘူး
ချစ်သူချင်း အထင်လွဲတာတွေကတော့ သေးသေးလေးကစလို့ အကြီးကြီးအထိ နေ့တဓူဝဖြစ်နေကြပါ။ ကြားက မီးလောင်ရာလေပင့် အောက်ဆီဂျင်တွေရှိရင်ပိုတောင်ဆိုးသေး။ ဒါပေမယ့် သင်တို့
က သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်လာတာမို့ တော်ရုံချောက်တွန်းကုန်းချောစကားတွေလောက်တော့ မဖြုံရေးချမဖြုံ၊ အချင်းချင်းပြန်ပြောပြီးရယ်မောပစ်လိုက်နိုင်မှာပါ။
အလွယ်တကူမပြတ်ဘူး
ဒါပေါ့။ ရန်ဖြစ်လို့ နင်နဲ့ငါပြတ်ပြီ တို့ ငါက ဆယ်ခါပြန်တောင်ပြတ်သေးနင့်လိုမိန်းမမျိုးများ ထွီထွမ်ဂွီဂွမ်လုပ်ပြီး နောက်နေ့ကျ မှုန်တေတေနဲ့ သင့်အိမ်ရှေ့ရောက်လာလို့ မနက်စာကျွေးလိုက်ရတာမျိုး
ပြတ်ပြီဆိုပြီးရှောင်နေရင်း မျက်နှာချင်းဆိုင်မိလို်က်တာနဲ့ပြုံးစိစိတွေဖြစ်ကုန်တာမျိုးက သူငယ်ချင်းချစ်သူတွေပဲတွေ့ကြုံရတတ်တဲ့အရာတွေပါ။ ဘဝနဲ့ချီပြီး စိတ်နာစရာမဟုတ်ရင်တော့
သိကြားမင်းဖြတ်တောင်မပြတ်နိုင်ပါဘူးရှင်ဆိုတဲ့ အတွဲတွေပေါ့။
သာယာတဲ့မိသားစုဘဝတည်ထောင်နိုင်မယ်
လက်ထပ်ပြီးစုံတွဲတွေကိုလေ့လာကြည့်တဲ့အခါမှာ သူငယ်ချင်းအဖြစ်ကနေ အဆင့်တက်လာခဲ့သူတွေရဲ့ အိမ်ထောင်ရေးတွေက ပိုပြီးအဆင်ပြေသာယာကြတယ်လို့တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရေးဆိုတာ နားလည်မှုနဲ့ ညှိနှိုင်းရခြင်းတွေပေါင်းစပ်တည်ဆောက်ထားတာပါ။ လူနှစ်ယောက်အတူနေပါတယ်ဆိုမှတော့ သူ့အကြိုက်ကိုယ့်အကြိုက်ညှိယူနေရ
တော့မှာပေါ့။ သင့်အိမ်ထောင်ဖက်က သူငယ်ချင်းအရင်းကြီးဖြစ်နေတဲ့အခါ ဘာမှသိပ်ပြီး ညှိနေစရာမလိုတော့ပဲ တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ပြီးသားဖြစ်နေတာမို့ စကားလုံးတွေ
များများစားစား အသုံးပြုပြီးရန်တွေဖြစ်နေစရာမရှိပဲ အေးဆေးပျော်ရွှင်နိုင်မှာပါ။
ဘာကြည့်နေတာလဲ အဖြေပေးလိုက်တော့လေ 😛
သူငယ်ချင်းအဖြစ်ကနေ ချစ်သူတွေဖြစ်လို့ရွှေလက်တွဲနိုင်တယ်ဆိုတာ လူတိုင်းရနိုင်တဲ့အခွင့်အရေးမျိုးမဟုတ်ပါဘူး။