ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားမှာ ကွာခြားချက်တွေအများကြီးရှိပါတယ်။ ဒီလိုကွာခြားချက်တွေကြောင့်ပဲ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ရန်ဖြစ် အမုန်းပွား စိတ်မကောင်းဖြစ်ရတာပေါ့။ အခု ယောက်ျား ၊ မိန်းကလေးနှစ်ဦးကြားက ဘာတွေကွာခြားချက်ရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁. အကျီ င်္ချွတ်ရင်
ယောက်ျားလေးနဲ့ မိန်းကလေးတွေ အကျီ င်္ချွတ်တဲ့အခါ သိပ်ကွာပါတယ်။ ယောက်ျားလေးတွေကတော့ မကြာခဏ အနောက်နေ အကျီ င်္ကိုယူပြီး ဆွဲချွတ်တတ်ကြပေမယ့် မိန်းကလေးတွေကတော့ လက်မောင်းတွေကိုအရှေ့ထုတ်ကာအကျီ င်္တွေကို ချွတ်လေ့ရှိပါတယ်။ ဘာကြောင့် ကွာခြားရတာလဲဆိုတော့ မိန်းကလေးတွေအနေနဲ့ ဒီလိုချွတ်ရတာက ပိုအဆင်ပြေပြီး ယောက်ျားလေးတွေ
အတွက်လည်း ဒီလိုပါပဲ။ သူတို့အတွက် အဆင်ပြေတဲ့နည်းအတိုင်း ချွတ်ကြတာပါ။
သန်းဝေတဲ့အခါ
ယောက်ျားလေးတွေက သန်းတဲ့အခါ လက်သီးပုံစံဆုပ်ပြီး သန်းဝေကြပေမယ့် မိန်းကလေးတွေကတော့ လက်ဖ၀ါးလေးနဲ့အုပ်ပြီးသန်းတတ်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့ကတော့ လူကြားထဲမှာဆို သရုပ်လည်းမပျက်စေသလို၊ ကြည့်လည်းကောင်းစေပါတယ်။
အကြားအာရုံ
ယောက်ျားတွေ တော်ရုံမကြားနိုင်တဲ့ အသံမျိုးဆို မိန်းကလေးတွေက ကြားနိုင်တယ်တဲ့။ အဝေးကနေ ကလေးငိုသံ၊ လေချွန်သံတို့ဆို အဝေးကနေ သူတို့ကောင်းကောင်းကြားနိုင်တယ်။ ယောက်ျားလေးတွေကြတော့ အများအားဖြင့် အာရုံမစိုက်ဘဲနေတာများတော့ မကြားတာပါ။
ထိုင်တဲ့အခါ
ယေဘုယျအားဖြင့် ကွာခြားလေးတွေကိုပြောပြတာပါ။ တစ်ချို့ မိန်းကလေးတွေကြတော့လည်း ပုံထဲမှာပြထားတဲ့အတိုင်း ထိုင်ချမှထိုင်တာပါ။ မိန်းကလေးတွေက အ၀တ်စားပေါ်မူတည်ပြီး ထိုင်တဲ့အခါ ခြေထောက်ပုံစံပြောင်းလဲတတ်ပြီး ယောက်ျားလေးတွေကျတော့ တစ်သတ်မတ်တည်းထိုင်တဲ့လူရှိသလို၊ ပုံစံအမျိုးမျိုပြောင်းထိုင်တာတွေလည်း ရှိပါတယ်။ ထိုင်ပုံထိုင်နည်းကနေလည်း လူတစ်ယောက်ကို အကဲခတ်လို့ရတယ်တဲ့။
အမြင်မတူ
ယောက်ျားလေးနဲ့ မိန်းကလေး အမြင်မတူတာက အများကြီးစကားပြောလာပါတယ်။ စကားများ၊ ရန်ဖြစ်ရတဲ့ကိစ္စတွေကလည်း တော်တော်များများက အမြင်မတူလို့ဖြစ်ရတာပါ။ မိန်းကလေးတွေက ရေရှည်ကိုစဉ်းစားတတ်ပေမယ့်ယောက်ျားလေးတွေကျတော့ မစဉ်းစားတာမဟုတ်ပေမယ့် သိပ်ပြီးရှည်ရှည်ဝေးဝေးကို မပူပင်ပဲ နေတတ်တာပါ။ လက်ရှိအချိန်မှာပဲ ရအောင်ကြိုးစားပြီးပျော်အောင် နေကြတယ်။ မိန်းကလေးကတော့ အစတည်းက နည်းနည်းပူပင်တတ်တဲ့ ဗီဇ ဥာဉ်လေးတွေပါတယ်။ ဒါကြောင့် စကားများ၊ ရန်ဖြစ်တဲ့အခါ ကိုယ့်အမြင်နဲ့၊ သူ့အမြင် မတူနိုင်ပါဘူးလေဆိုပြီး အလျော့ပေးလိုက်တာက နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါပဲ ။