ပေါင်းတင်နည်းတွေထဲမှာ လုပ်ရအလွယ်ကူဆုံးပေါင်းတင်နည်းများ

စိတ်ဖိစီးမှုတွေများလို့ မျက်နှာတွေ အိုရင့်ပြီး အရေးအကြောင်းတွေပေါ်နေပြီလား ? အိပ်ရေးပျက်တာများလို့ မျက်ကွင်းတွေညိုလို့ သူငယ်ချင်းတွေက စနောက်ပြီး ပန်ဒါမလေးလို့ ခေါ်နေကြပြီလား ? အသားရေထိန်းသိမ်းဖို့အချိန်မရဘူးဆိုတဲ့ ပျိုမေတွေအတွက် ဒီပေါင်းတင်နည်းတွေက အချိန်ကုန်သက်သာစေတယ်ဆိုတာ ပြောရဲပါတယ်။

အာလူးနဲ့ လီမွန်သီး


အာလူးတစ်လုံးနဲ့ လီမွန်သီးအရည်တွေကိုရောပါ။ အာလူးကို ကြိတ်စက်နဲ့ကြိတ်ပြီး အရည်ထုတ်လိုက်တာပိုကောင်းပါတယ်။ အရည်နှစ်ခုကို ပျစ်ပျစ်လေးရောပြီး မျက်နှာပေါ်သုတ်လိမ်းပေးပါ။ မိနစ် ၂၀ကြာတာနဲ့ ရေဆေးချလိုက်ပါ။ သုံးညလောက် ဆက်တိုက်လုပ်လိုက်တာနဲ့ အသားရေကြည်လာတာကိုတွေ့ရပါလိမ့်မယ်။

သခွားသီး


သခွားသီးကို အရည်ထုတ်ပြီး ကြက်ဥအကာနဲ့ ခလောက်ပါ။ အဖြူရောင်အမြှုပ်တွေထလာတဲ့ထိခေါက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်တဲ့အနေထားမှာမျက်နှာပေါ်သုတ်လိမ်းပြီး ၁၅မိနစ်နေရင် ရေဆေးချလိုက်ပါ။ တစ်ပတ်တိတိလုပ်ပေးမယ်ဆို ထူးခြားတာတွေ့ရပါလိမ့်မယ်။

လီမွန်သီးပေါင်းတင်နည်း


ပါဝင်ပစ္စည်းတွေကတော့
– ကြက်ဥ
– ပျားရည်
– နွားနို့ လက်ဖက်ရည်တစ်ဇွန်း
– လီမွန်ရည် လက်ဖက်ရည်တစ်ဇွန်း

အားလုံးကိုရောနှောပြီး အရည်ပျစ်ရလာပြီဆိုရင် မျက်နှာမှာလိမ်းလို့ရပါပြီ။ ဒီထက်ပိုကောင်းတဲ့ ရလဒ်လိုချင်တယ်ဆိုရင် အုတ်ဂျုံမှုန့်ထက်ရောပေးလို့ရပါတယ်။

နနွင်းမှုန့်


– နနွင်းမှုန့်ရယ်၊ ထောပတ်သီး နဲ့ ဒိန်ချဉ်သုံးခုကိုရောစပ်ပေးရမှာဖြစ်ပါတယ်။ သုံးခုစလုံးက အသားရေအတွက်အရမ်းကောင်းတော့ ဒီပေါင်းတင်နည်းက ပျိုမေတို့ အသည်းစွဲဖြစ်ပါလိမ့်မယ်။ တစ်ခါပေါင်းပြီးတာနဲ့ အရမ်းသိသာလို့ တစ်ပတ်ကို တစ်ခါလောက်ပဲပေါင်းပေးရင်ပဲ လုံလောက်နေပါပြီ။

ချောကလက်နဲ့ အုတ်ဂျုံ


– ချောကလက်မှုန့် နည်းနည်း
– ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
– ဒိန်ချဉ် နှစ်ဇွန်း
– အုတ်ဂျုံ သုံးဇွန်း

ပါဝင်ပစ္စည်းတွေအားလုံး ရောနယ်ပြီး မျက်နှာပေါ်ဖြည်းဖြည်လေးလိမ်းပါ။ နှိပ်နယ်ပေးရင်း လိမ်းရင်ပိုအာနိသင်ကောင်းပါတယ်။ ၁၅- ၂၀ မိနစ်လောက် ထားပေးလို့ရပါတယ်။ ပြီးရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်ကို သုံးခါလောက်လုပ်ပေးရင် သိသာပါတယ်။ အားလုံးပဲ
ကြည်လင်တောက်ပပြီး စိုဝင်းတဲ့အသားရေလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.