သွေးမတိုးအောင်ဘယ်လိုကာကွယ်မလဲ

 သွေးတိုးရောဂါဟာ လူကြီးရောကလေးရော အဖြစ်များနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးတိုးရောဂါ မဟာမထင်ရင်မထင်သလို ကောက်ခါငင်ခါ ထဖောက်တက်ပြီး ခြေနေဆိုးရင်ဆိုးသလို အသက်ဆုံးပါးတဲ့အထိဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့် ဒီလိုကြောက်စရာရောဂါကြီးရန်က ကာကွယ်ဖို့ဘာလေးကို ဆောင်သင့်ရှောင်သင့်လဲ…
(၁) ဆားလျော့သုံးပါ
ထမင်းဟင်းချက်တဲ့အခါ ဆားကို တက်နိုင်သလောက်လျော့သုံးပါ။ အထူးသဖြင့် အငန်ကြိုက်တက်ခြင်း အကျင့်ရှိရင် အာ့အကျင့်ကို ပြင်ပါ။ အငန်ကြိုက်တာက သွေးတိုးရောဂါတွေမကပဲ ကျောက်ကပ်အတွက်ပါ ပျက်စီးစေနိုင်ပါတယ်။
(၂) ခန္ဓာကိုယ် အလေးချိန်ကိုထိန်းသိမ်းပါ
အလေးချိန်များတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ အများစု မှာသွေးတိုးရောဂါပို ဖြစ်နိုင်ချေများတယ်ဆိုတာသိရပါတယ်။ ခန္ဓာကိုယ် ၀ိတ်များတဲ့သူတစ်ယောက်ဟာ သွေပေါင်ချိန်မြင့်တက်နှုန်းပို မြန်နိုင်ပြီး သွေးတိုးရောဂါဓာတ်ခံမရှိရင်တောင်ချက်ချင်းကြီးသွေးစောင့်တိုးတက်တာမျိုး ဖြစ်တက်ပြီး လေဖြတ်တက်တာမျိုးဖြစ်တက်ပါတယ်။
(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
ခန္ဓာကိုယ် ကို မ၀ဘူးဆိုပြီးလေ့ကျင့်ခန်း မလုပ်ပဲထိုင်းထိုင်းမှိုင်းမှိုင်း မနေသင့်ပါဘူး။ သွေးလည်ပတ်မှုပုံမှန်ရှိမှသာ သွေးပေါင်ချိန် မှန်နိုင်ပြီး ခန္ဓာကိုယ်မှ အဆီအဆိပ်များကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) အရက်လျော့ပါ
ဒါကတော့အရက်သောက်တက်တဲ့သူတွေအတွက်ပါ ။ သွေးတိုးဓာတ်ခံရှိတဲ့သူတွေဟာ အရက်ကို လုံးဝမသောက်လေကောင်းလေပါပဲ။ အရက်ဟာ သွေးတိုးမှုနှုန်းကို မြန်စေပါတယ်။ မထင်ရင်မထင်သလိုသွေးတိုးကနေ လေဖြတ်တဲ့ထိ ဖြစ်နိုင်တာမို့သွေးတိုးရာဂါရှိရင် အရက်ရှောင်ပါ။
သွေးတိုးရောဂါကင်းဝေးင်္ပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကိုပိုင်ဆိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.