ချစ်သူကိုမိဘတွေနဲ့တွေ့ဆုံမိတ်ဆက်ပေးနေပြီဖြစ်တဲ့ Harry Styles

နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ Harry Stylesဟာ Victoria Secret မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့Camille Rowe နဲ့ ဇွန်လမှာ လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကတော့ Camille ကို သူ့ရဲ့မိဘတွေနဲ့တွေ့ဆုံမိတ်ဆက်ပေးခဲ့တယ် လို့သိရပါတယ်။

ရင်းနှီးသူတွေရဲ့စကားအရ Camille ဟာ Harry Styles နဲ့လုံးဝသင့်တော်လိုက်ဖက်တဲ့ သူတစ်ယောက်ပါပဲ။သူမဟာ Harryရဲ့ အနုပညာလှုပ်ရှားမှုအတွက်လည်းပံ့ပိုးအားပေးနိုင်တဲ့ သူတစ်ယောက်ပဲ လို့ Harry Stylesရဲ့မိသားစုဆီကကြားရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

Harry Stylesဟာ Dunkirk ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးအောင်မြင်မှု အတော်အတန် ရရှိထားသူဖြစ်သလို Camilleဟာလည်း Our Day Will Come ၊The Ideal နဲ့ Rock’n Roll ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

Harry Stylesဟာ အရင်ကချစ်သူရည်းစားတွေများခဲ့ပေမဲ့လည်း Camille နဲ့တွေ့ပြီးတဲ့နောက်ခြေငြိမ်သွားတဲ့ပုံပါပဲ။သူတို့ရဲ့အချစ်ရေးကို နိုဝင်ဘာလတုန်းက လူသိရှင်ကြားကြေညာခဲ့ပြီး သိပ်မကြာသေးခင်က မိဘတွေနဲ့မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

Source:Metro

884 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.