လူတိုင်းဟာ နေ့စဉ်လည်ပတ် နေထိုင်ရင်း ပတ်ဝန်းကျင်ပေါင်းစုံမှာကျင်လည်ကာ လူပေါင်းစုံနဲ့ပေါင်းသင်းဆက်ဆံနေကြရတာ လောကဓမ္မတာပါပဲ။ ဒီလိုလူပေါင်းစုံနဲ့ဆက်ဆံရတဲ့အခါမှာ ကိုယ့်အပေါ်အကောင်းမြင်တဲ့သူလည်းရှိနိုင်သလို မကောင်းပြောတဲ့သူတွေလည်း လက်ချိုးရေလို့မရနိုင်အောင်ရှိနေနိုင်ပါတယ်။ ဒါကြောင့်ဒီလို ဝေဖန်အကြံပြုမှုတွေ များနဲ့ကြုံတွေ့ရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲ ဝေဖန် အကြံပြုမှုတွေကိုဘယ်လိုကျော်လွှားမလဲ ၊ အောင်မြင် တဲ့လူတော်တစ်ယောက်ဟာ ၀န်ဖန်မှုတွေကို ဘယ်လိုတွန်းလှန်သလဲဆိုတာ…
(၁) ဝေဖန်အကြံပြုမှုတိုင်းဟာ အပျော်အပြက်နဲ့မေ့ပြစ်လိုက်ရမဲ့အရာမဟုတ်ပါဘူး။ အကြံပြုမှုတိုင်းမှာ သူ့အနှစ် သာရနဲ့သူပါပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ဝေဖန်အကြံပြုလာသူတိုင်းကို ရန်ပြန်မတွေ့အပြစ်မပြောပဲသူတို့ပြောတဲ့ဝေဖန်ချက်ကိုနားထောင်ပြီး ကိုယ်တကယ်ပဲသူတို့ပြောသလိုတွေဖြစ်နေသလား မဖြစ်ဘူးလားဆိုတာ ပြန်သုံးသပ်တဲ့အကျင့်လေးမွေးပါ။ သူများပြောတာနားထောင်စရာမလိုဘူး စိတ်ရှုပ်တယ်ဆိုပြီး အမြဲရှောင်တာမျိုး ကြီး မလုပ်ပါနဲ့။ ကြာလာရင် ကိုယ်ဘာတွေ
မှားလို့မှားမှန်းမသိ ပဲ လူတွေချဉ်တဲ့ဘ၀နဲ့ နေထိုင်ရပါလိမ့်မယ်။
(၂) ကိုယ့်ဘက်က ပြန်သုံးသပ်တဲ့အခါ ကိုယ်အမှားဘူးဆိုတာသိရင် မြန်မြန်ဇြေရှင်းပါ၊ ကိုယ်မှန်တာကိုယ်သိရင်ပြီးတာပဲနေလို့မရပါဘူး။ လူအများနဲ့ကျင်လည်နေရတဲ့လူ့ဘ၀မှာ ကိုယ့်အပေါ်အမြင်စောင်းပြီး ဝေဖန်ကြတယ်အခါ ကိုယ်မမှားရင်ဖြေရှင်းချက် မြန်ပါစေ။
(၃) ကောင်းမွန်တဲ့အကောင်းဘက် ကအကြံပြုချက်တွေရတဲ့အခါ အကြံပြုချက်တွေကို ဆရာလုပ်တယ်မထင်ပဲ ပိုကောင်းအောင်ကြိုးစားပေးပြီး မကောင်းဘက်ကနေဝေဖန်မှုတွေရှိလာတဲ့အခါရိုင်းရိုင်းဆိုင်းဆိုင်းတွေမပြောပဲ အကျိုးအကြောင်းဆီလျော်စွာပြောပြပြီး ပြင်းပြင်းထန်ထန်ရိုင်းဆိုင်းလာ
တဲ့အခါပညာရှင်ဆန်ဆန် ရှောင်ထွက်ပြီး ပြုပြင်သင့်တာကိုပြုပြင်ပါ။
(၄) ဝေဖန်ချက်တွေကို ကျွမ်းကျင်ခြင်း အဆင့်ဆီသို့ပြောင်းလဲပါ။ ဥပမာ- ကိုယ့်ကို တစ်နေရာရာမှာ အသုံးမကြဘူး မလုပ်တက်ဘူုးလို့ဝေဖန်ထားတဲ့ဝေဖန်မှုတွေိကိုနှလုံးသွင်းပြီး အောင်နိုင်သူအဆင့်ရောက်အောင်ပြောင်းလဲပေးပါ။ ကိုယ်ပြောင်းလဲတိုးတက်သွားတာကို ဝေဖန်သူတွေအကောင်းဘက်ကအကြံပြုသူတွေမြင်အောင်ချပြပြီးသူတို့ဆီကမေတ္တာကိုပြန်ယူပါ။
(၅) စိတ်ဆုံးဖြတ်ချက် မမြန်ပါနဲ့။ တစ်ချို့က ကိုယ်လုပ်တဲ့အလုပ်အပေါ် အရမ်းဝေဖန်ခံလာရတဲ့အခါ ရှက်ရမ်းရမ်းတဲ့စိတ် အားငယ်တဲ့စိတ်နဲ့ ကိုယ်လက်ရှိလုပ်နေတာတွေအပေါ်ယုံကြည်ချက်မရှိပဲရမ်လိုက်တော့မယ်ဆိုတာမျိုးဖြစ်တက်ပါတယ်။
ကိုယ့်အပေါ်ကျရောက်လာတဲ့ဝေဖန်အကြံပြုမှုတွေကို ပြောင်းလဲသင့်တာပြောင်းလဲ ပြီး ဘ၀ကို ပိုမိုလူချစ်လူခင်များအောင် လူမှုပတ်ဝန်းကျင်မှာ အပြောဆိုခံရခဲအောင် နေထိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း...