အချို့ကတော့ Sunscreen လိမ်းတာ အကျင့်ဖြစ်နေပါပြီ။ အချို့ကတော့ ဆောင်းတွင်းတွေမှာ Sunscreen လိမ်းတာဟာ အလဟဿဖြုန်းတီးတာပဲလို့ အထင်ရောက်ကြပါတယ်။
တကယ်တမ်းမှာ Sunscreen ကိုတစ်နှစ်ပတ်လုံးလိမ်းဖို့ လိုအပ်ပါတယ်။ ဘာလို့တုန်း ဆောင်းတွင်းမှာနေမှမပူပဲနဲ့ အလကားနေရင်းလိမ်းစရာလား လို့ အပြစ်တင်မစောကြပါနဲ့။
နေမပူဘူးဆိုတာနဲ့တင် ကင်ဆာဖြစ်စေတဲ့ရောင်ခြည်တွေကနေ ကင်းလွတ်သွားတာမဟုတ်ပါဘူး။ နေမပူတာက အပေါ်မှာတိမ်တွေပိတ်နေလို့ပါ။နေက ထွက်လာတဲ့ UVA rays တွေကိုတော့
တိမ်တွေက ပိတ်ဆို့ထားနိုင်ခြင်းမရှိပါဘူး။ ပိတ်ဆို့ထားနိုင်တဲ့ အိုဇုန်းလွှာကြီးကလဲ လူတွေရဲ့တီထွင်မှုက ထွက်တဲ့ ဓာတ်ငွေ့တွေ မော်လီကျူးတွေကြောင့် အစရှာမရတော့အောင် ပေါက်ပြဲနေပါပြီ။
UVA rays တွေကို စုပ်ယူထားဖို့နေနေသာသာ သူ့ကိုယ်သူတောင်အနိုင်နိုင်ပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရပါမယ်။
ဘယ်လိုအချိန်တွေမှာ Sunscreen လိမ်းသင့်သလဲ
နေ့ဘက်တွေမှာ အပြင်သွားရင် လိမ်းရပါမယ်။ ဘယ်လောက်ပဲဆောင်းတွင်းဖြစ်ပါစေ။ နှင်းတွေပဲကျနေဦးတော့ သေချာပေါက်လိမ်းရပါမယ်။ မျက်နှာနဲ့ အကာအရံမပါတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ
ကိုလိမ်းရပါမယ်။ ဆွယ်တာလက်ရှည်ထူထူဝတ်ထားတယ်ဆိုရင်တော့ ဆွယ်တာအောက်ကလက်တွေကိုလိမ်းစရာမလိုဘူးပေါ့လေ။
ဘယ်လိုပစ္စည်းမျိုးလိမ်းရမလဲ
SPF 30 အနည်းဆုံးပါတဲ့ Sunscreen ကိုရွေးချယ်လိမ်းရပါမယ်။ Sunscreen တွေဝယ်တဲ့အခါ UVA,UVB နှစ်မျိုးလုံးကာကွယ်ပေးတဲ့ တံဆိပ်ကိုသေချာရွေးပြီးဝယ်ပါ။ များသောအားဖြင့် Sunscreen တွေက UVB ပဲကာကွယ်ပေးတာများတာကြောင့် မဝယ်ခင်သေချာကြည့်ပါ။
လိမ်းပြီးတာနဲ့မပြီးသေးပါဘူး။ Sunscreen လေးတစ်ကလော်လောက်လိမ်းထားပြီး တစ်နေကုန်လျှောက်သွားနေမယ်ဆိုရင်တော့ ဒုက္ခများပါလိမ့်မယ်။ Sunscreen ဆိုတဲ့အမျိုးဟာ ချွေးကြောင့်
ပဲဖြစ်ဖြစ် လေထန်ရင်ပဲဖြစ်ဖြစ် ပျက်ပြယ်သွားတဲ့အမျိုးမို့။ နှစ်နာရီသုံးနာရီခြားတစ်ခါ ထပ်ထပ်လိမ်းပေးဖို့လိုပါလိမ့်မယ်။ ဆေးပညာရှင်တွေက နှစ်နာရီလို့ပြောပေမယ့် ကိုယ်တွေက ပျင်းတာရော
အလုပ်ရှုပ်မခံနိုင်တာရောကြောင့် သုံးနာရီခြားတစ်ခါ အပြင်ရောက်နေတုန်းနှစ်ခါလောက်လိမ်းပေးရင်စိတ်ချလို့ရပါပြီပေါ့။ ယောက်ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အသားအရည်နဲ့တည်ဆောက်ထားတာမို့ Sunscreen လိမ်းပေးဖို့လိုပါတယ်။ Sunscreen ဆိုတာ အလှအပတင်သက်သက်မဟုတ်ပါဘူး။ကျန်းမာရေးအရလိမ်းတာမို့ ငါကတော့ ယောက်ကျားလေးပဲ ဒါကြီးလိမ်းရင်အခြောက်လို့များထင်ကြမလားဆိုတာမျိုးမတွေးပါနဲ့။