ပျိုမေတို့လူရွေးမှန်သွားပြီဆိုတာဘယ်အချက်တွေကပြောပြနေသလဲ?

ကိုယ်ဖန်တီးတည်ဆောက်ထားတဲ့ ချစ်ခရီးလမ်းအတွက် ကိုယ်ရွေးချယ်ထားမိတဲ့ကိုယ့်ချစ်သူဟာ ကိုယ့် အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်နိုင်သလား။ ပြီးပြည့်စုံတဲ့လူတိုင်းရယ် မရှိပေမဲ့ တစ်ယောကပေါ်တစ်ယောက်နားလည်ပေးပြီး ရှေ့ဆက်လျှောက်ကြရင် ချစ်သူတိုင်းဟာ သာယာတဲ့ဘ၀ကိုတစ်ချိန်ချိန်မှာပိုင်ဆိုင်နိုင်ကြမှာပါ။ ဒါဆိုရင် ပျိုမေတို့လူရွေးမှန်သွားပြီလား ဆိုတာ အောက်ကအချက်လေးတွေကနေပြောပြနေပါလိမ့်မယ်…
(၁) အရာရာတိုင်းကိုမျှဝေတယ်
ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဆိုတဲ့စကားတိုင်းပေါ့၊ သူတို့ဘ၀မှာကောင်းတဲ့ကိစ္စဖြစ်လာရင် မျှဝေခံစားသလို မကောင်းတဲ့ကိစ္စတွေကြုံတွေ့လာတဲ့အခါ တိုင်ပင်ဖြေရှင်းတက်ကြတယ်။ ကိုယ့်
ဘက်ကအပူတွေကိုလည်းမျှဝေခံစားပေးသလို ကောင်းတဲ့အရာတွေအတွက်လည်း အမြဲသြဘာပေးတက်တယ်။
(၂) အားထားလို့ရတယ်
မိန်းကလေးတိုင်းဟာ ဘယ်နေရာမှာ ဘယ်လောက်ပဲထူးချွန်ထူးချွန် ကိုယ့်ချစ်သူဖြစ်သူကို အားကိုးချင်စိတ်ရှိကြတာသဘာဝပါပဲ။ ဒီလိုမျိုးကိုယ့်စိတ်ကိုနားလည်ပေးပြီး ကိုယ်ရဲ့ဘေးနားမှာ အမြဲတမ်း မားမားမတ်မတ်ရပ်တည်ပေးနေတဲ့သူမျိုးကိုဘယ်တော့မှလက်မလွှတ်သင့်ပါဘူး။
(၃) တစ်ယောက်ပေါ်တစ်ယောက်လေးစားတဲ့သူမျိုး
ချစ်သူသမီးရည်းစားဘ၀မှာပဲဖြစ်ဖြစ် အိမ်ထောင်ရက်သား ကျလို့ပဲဖြစ်ဖြစ် ဘယ်နေရာရောက်ရောက် ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ပေါ် တစ်ယောက်ယုံကြည်မှုနဲ့လေးစားမှု ရှိနေပြီဆိုရင် ကိုယ်နဲ့ကိုယ်ရွေးချယ်ထားတဲ့သူဟာ မှန်ကပန်တဲ့လက်တွဲဖော်တွေပါ။
(၄) အရာရာကိုချစ်ပေးနိုင်တယ်
ကိုယ်ဟာ ပြီးပြည့်စုံတဲ့အေလှပမျိုး မရှိဘူး ကိုယ့်မှာချို့ယွင်းချက်တွေများနေတယ်ဆိုရင်တောင် ကိုယ့်အနားမှာအမြဲရှိနေပြီး ကိုယ့်ရဲ့အရာရာတိုင်းကို ချစ်ပေးနိုင်တဲ့သူမျိုးပါ။ သူများတွေအတွက်
တော့ကိုယ်ဟာ မလှမပ မပြည့်မစုံဖြစ်နေရင်တောင် သူ့အတွက်တော့ဘယ်အချိန်ဖြစ်ဖြစ်ကိုယ်ဟာ ချစ်စရာကောင်းနေမယ်ဆိုရင် ကိုယ်လူရွေးမှန်နေပါပြီ။
(၅) အနာဂတ်ရှိတယ်
ကိုယ်နဲ့ပတ်သတ်ပြီး ရှေ့ဆက်လျှောက်ရမဲ့အနာဂတ်အတွက် သူ့မှာကြိုးစားအားထုတ်မှုတွေရှိတယ် ၊ နှစ်ယောက်ဘ၀အတွက် ရည်မှန်းချက်တွေပန်းတိုင်တွေ ရှိပြီးအနာဂတ်အကြောင်းတိုင်ပင်တက်တဲ့သူမျိုးပါ။
(၆) ပွဲထုတ်တယ်
ကိုယ့်ကို သူ့အသိုင်းဝိုင်းကြားမှာရဲရဲဝံ့ဝံ့ လက်တွဲသွားနိုင်ပြီး သူ့အတွက် အရေးကြီးသူတစ်ယောက်အနေနဲ့လူအများရှေ့မှာ မိတ်ဆက်ပေးနိုင်သူပါ။
(၇) သင်ကြားပေးတယ်
ကိုယ်အမှားကျူးလွန်းမိတာမျိုး၊ မကောင်းမှန်းမသိပဲ နားမလည် လို့လုပ်မိတာမျိုးကိစ္စတွေမှာ ရိုက်ပုတ်ကြိမ်းမောင်းပြီး မထားခဲ့ပဲ ဘယ်ဟာအမှန် ဘယ်ဟာ အမှားဆိုတာလမ်းညွှန်ပြတက်ပြီး မကဲ့ရဲ့တက်တဲ့သူမျိုးပါ။

အပေါ် ကအချက်လေးတွေထဲကအချက်တော်တော်များများနဲ့တူနေတဲ့ချစ်သူကောင်လေးကို ပိုင်ဆိုင်ထား ပြီဆိုရင်တော့ ဘ၀မှာလက်မလွှတ်ပဲ အချစ်တွေတိုးနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.