သင့်ချစ်သူက သင့်ကိုဘယ်တော့မှမထားခဲ့ဘူးဆိုတာဒီအချက်တွေကနေသိနိုင်…

ချစ်သူကကိုယ့်အပေါ်ဘယ်တော့ထားသွားမလဲမသိဘူးလို့တွေးပူနေတဲ့သူတွေအများကြီး ရှိကြပါတယ်။တစ်စုံတစ်ယောက်ကိုတကယ်ချစ်မိလာတဲ့အခါမှာဆုံးရှုံးရမှာကြောက်သလို အကြောင်းအမျိုးမျိုးကြောင့်ထားခဲ့မှာကိုလည်းစိုးရိမ်လေ့ရှိကြပါတယ်။အဲ့ဒါကြောင့်သင့်ချစ်သူက သင့်ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးဆိုတာဒီအချက်လေးတွေကနေ သိနိုင်ပါတယ်။

၁) သင့်အနားမှာအမြဲတမ်းရှိတယ်

သင့်အနားမှာအမြဲတမ်းရှိနေတယ်ဆိုတာ အချိန်ပြည့်ရှိနေပေးတာကိုဆိုလိုတာမဟုတ်ပါဘူး။ သင်ဝမ်းနည်းအားငယ်နေတဲ့အချိန်၊စိတ်ညစ်နေတဲ့အချိန်မှာဘေးနားကနေအမြဲအားပေးနှစ်သိမ့် ပေးနေတာကိုဆိုလိုတာပါ။သင့်ရဲ့အပူတွေကိုမျှဝေခံစားပြီးအကြံဥာဏ်ကောင်းတွေပေးတတ်သူပေါ့။

၂)သင့်အပေါ်အရမ်းဂရုစိုက်တယ်

သင်နဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာမှန်သမျှကိုမှတ်ထားပြီးသင်လိုအပ်တဲ့အခါ အသင့်ဖြစ်နေစေသလို သူမက သင့်အပေါ်မှာ ဘုရင်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတတ်ပါတယ်။ပြီးတော့သူမအပေါ်ကိုလည်းမင်းသမီးတစ်ယောက်လို ဂရုစိုက်ဆက်ဆံတာကိုသဘောကျလေ့ရှိပါတယ်။

၃)မိသားစု၊သူငယ်ချင်းတွေနဲ့ချစ်ခင်ရင်းနှီးစေမယ်

သူ့အမေကလည်းသင့်အပေါ်ချစ်ခင်တယ်၊သူ့သူငယ်ချင်းတွေကလည်းသင့်အပေါ်လိုလားတယ်။ဒါဆိုရင်တော့ သူက သင့်အတွက်တကယ်သင့်တော်တဲ့သူတစ်ယောက်၊ သင့်ကို ဘယ်တော့မှ ထားခဲ့မယ့်သူမဟုတ်ဘူးဆိုတာပြနေပါတယ်။သူသင့်ကိုတန်ဖိုးထားသလို သူ့မိသားစု ၊ဆွေမျိုး၊သူငယ်ချင်းတွေကလည်းသင့်အပေါ်သဘောကျနှစ်သက်တာကိုလိုလားတဲ့သူတစ်ယောက်ပါ။

၎)သူ့ရဲ့ခံစားချက်နဲ့ဆန္ဒတွေကိုပြောပြမယ်

သူဘယ်လိုအရာတွေကိုသဘောကျတယ်၊ဘာတွေကိုမုန်းတယ်၊ဘယ်နေရာတွေကိုသွားချင်တယ် စသဖြင့်သူ့ရဲ့စိတ်ထဲကအကြောင်းအရာတွေ၊ဆန္ဒတွေကိုဖွင့်ပြောပြတာဟာ  သင့်ကိုအလေးထားတာဖြစ်သလိုသင်နဲ့အတူ အနာဂတ်ကို အတူလျှောက်လှမ်းဖို့စိတ်ထဲမှာရှိနေလို့ပဲဖြစ်ပါတယ်။

၅)သစ္စာရှိတယ်

ကိုယ်ချစ်တဲ့သူအပေါ်ကို ဘယ်သူကမှသစ္စာမဖောက်ရက်ပါဘူး။ မိန်းကလေးဖြစ်စေ ၊ယောက်ျားလေးဖြစ်စေ ဘယ်သူမဆိုကိုယ့်ရဲ့ အနာဂတ်အတွက်ကောင်းမွန် သင့်တော်တဲ့ အိမ်ထောင်ဖက်ကို အချစ်မပါပဲလည်းရွေးချယ်သွားနိုင်ပါတယ်။ဒါပေမဲ့ သင့်ရဲ့ချစ်သူဟာ အဲ့လိုမျိုးအချစ်မပါပဲ တခြားတစ်ယောက်ကို လက်ရှိချစ်သူထက်ပိုပြီးသင့်တော်တယ် ဆိုပြီးထားသွားဖို့စိတ်ကူးတောင်မရှိဘူးဆိုရင် သူ့ကိုဒီထက်ပိုပြီးတန်ဖိုးထားမြတ်နိုးပါ။

၆)အနာဂတ်အတွက်ပြင်ဆင်မယ်

သင်နဲ့အတူ လျှောက်လှမ်းရမယ့်အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီ ဆိုရင်တော့စိတ်ချလိုက်ပါတော့။သူသင့်ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ပါဘူး။

သူ့ဘက်က သင့်ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးဆိုတာဒီအချက်တွေကပြနေပေမဲ့ သင့်ရဲ့အပြုအမူ၊သူ့အပေါ်ထားတဲ့သင့်ရဲ့စိတ်အပေါ်မှာလည်းမူတည်နေပါတယ်။နားလည်မှုရှိပြီးအဆင်ပြေတဲ့အချစ်ရေးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တစ်ယောက်တည်းကောင်းနေလို့၊တစ်ယောက်တည်းချစ်နေလို့မရပါဘူး။နှစ်ယောက်လုံးစိတ်တူကိုယ်တူ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားမှအဆင်ပြေသာယာတဲ့ဘ၀ကိုရရှိမှာပါ။

7K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.