ပထမဆုံးနာမည်ကြီးတီထွင်မှုများရဲ့ သမိုင်းကြောင်းများ

ကမ္ဘာ့သမိုင်းတွင် အရာအားလုံးမှာ ပထမဆုံးအကြိမ်ဆိုတာတွေရှိခဲ့မှာပါပဲ။ ပထမဆုံးစခဲ့တဲ့ တီထွင်မှုသမိုင်းကြောင်းတွေကို သင်တို့လည်းသိထားမှ နောင်လာနောင်သား ကလေးတွေမေးလာတဲ့အခါ အလွယ်တကူပြောပြနိုင်တာပေါ့။ ပထဆုံးနာမည်ကြီး တီထွင်မှုများရဲ့ သမိုင်းကြောင်းတွေကို ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ပါတယ်။

First Tesla,2008

Tesla Roadster ကို Dark Star လို့လည်း လူသိများကြပါတယ်။ Tesla Motors မှ ပထမဆုံးထုတ်တဲ့ လျှပ်စစ်ဘတ်ထရီ ကားဖြစ်ပါတယ်။ ထုတ်လုပ်မှုက ၂ဝ၁၂မှာ ရပ်တန့်သွားခဲ့ပေမယ့် ၂ဝ၂ဝမှ ပြန်လည်စတင်မည်ဖြစ်ကြောင်း သူတို့ကတိပေးခဲ့တယ်။

၁၈၈၈ခုနှစ်က ညအချိန်တွင်တွေ့ရတဲ့ Café Terrace

https://www.pinterest.com/pin/341640321713830897/

ဒါကတော့ ပန်းချီဆရာကြီး Vincent van Gogh ရဲ့ ပထမဆုံး ပန်းချီဖြစ်ပြီး
starry skyပုံစံကို အသုံးပြုခဲ့တာပါ။ ကဖေးဆိုင်ကလည်း ပြင်သစ် Arles မှာ
တကယ်တည်ရှိခဲ့ပါတယ်။

၁၉၇၃၊ ပထမဆုံး ဆယ်လ်ဖုန်း


ဒီပစ္စည်းအလေးချိန်ဟာ ၁ကီလိုဂရမ်ရှိပါတယ်။ အားတစ်ခါသွင်းရင် ၁နာရီခွဲလောက်ကြာပြီး ၁ဝနာရီထိတော့ အသုံးခံတယ်လို့သိရပါတယ်။ ကမ္ဘာ့ပထမဆုံး ဆဲလ်ဖုန်းကို Martin Cooper ကတီထွင်ခဲ့ပြီး သူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီကို ဖုန်းခေါ်ကာ သူဆဲလ်ဖုန်းနဲ့ပြောနေကြောင်း ကြွားခဲ့တယ်။

ပထမဆုံး ဆဲလ်ဖီ ၁၈၃၉


Louis Daguerre ရဲ့ နည်းပညာကို Robert Cornelius ကတိုးတက်မြှင့်တင်လိုက်ပြီး ရလဒ်အနေနဲ့ ဒီဓာတ်ပုံလေးထွက်လာခဲ့ပါတယ်။ ပထမဆုံး ဆယ်လ်ဖီတော့မဟုတ်ပေမယ့် သမိုင်းမှာတော့ ကွာပြားတဲ့လူတစ်ယောက်ဓာတ်ပုံကိုရိုက်ကူးနိုင်ခဲ့တယ်။

အရောင်ပါ ဓာတ်ပုံ၊ ၁၈၆၁

https://www.pinterest.com/pin/156781630747906950/

tri- color နည်းပညာနဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေယူပြီး ပထမဆုံးအရောင်ပါ ဓာတ်ပုံကို James Max Well မှ တီထွင်ခဲ့ပါတယ်။

ပထမဆုံး မိုးကြိုးပုံ ၁၈၈၂ခုနှစ်

https://www.pinterest.com/pin/304344887298721790/

ထိုပုံကို William Jenning မှ မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ Jenning အဓိကသိချင်တာက မိုးကြိုးမှာ ကောက်ကွေးတွန့်လိမ်မှုတွေရှိလားဆိုတာပါပဲ။

ပထမဆုံး ကား ၁၈၉၆

https://www.pinterest.com/pin/138274651038847838/

Ford Quadricycle လို့ခေါ်တဲ့ ကားဒီဇိုင်းကို Henry Ford က သူ့ရဲ့ ဂိုဒေါင်ထဲမှာ ပထမဆုံးတီထွင်ခဲ့ပါတယ်။ ဓာတ်ဆီနဲ့မောင်းရတာဖြစ်ပြီး ဘီး(၄) ဘီးပါပါတယ်။ သူ့တီထွင်မှုအောင်မြင်ပြီးနောက် ၁၉ဝ၃ခုနှစ်မှာ Ford Motor Company ကို တည်ထောင်ဖို့ဆုံးဖြတ်ခဲ့တယ်။

၁၉၃၁၊ Rockefeller Center ခရစ်မတ်သစ်ပင်

မက်ဟန်တန်ရှိ Rockefeller Center တွင် ပထမဆုံး ခရစ်မတ်သစ်ပင်ကို ၁၉၃၁ ခုနှစ်က ပြုလုပ်ခဲ့ပါတယ်။ ၁၉၃၃ခုနှစ်ကစပြီး ရိုးရာဓလေ့တစ်ခုဖြစ်လာကာ ခရစ်မတ်သစ်ပင်ကို ဒီဇင်ဘာလအစပိုင်းမှာ ပြင်ဆင်ရတယ်လို့သတ်မှတ်လာကြတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.