Dispatch က ချပြလိုက်ပြန်တဲ့ ၂၀၁၈ ရဲ့ ဒုတိယမြောက်စုံတွဲ Lee Joon နဲ့ Jung So Min

မကြာသေးခင်က ကိုရီးယားအေဂျင်စီDispatchဟာ နှစ်သစ်ရဲ့ပထမဆုံးစုံတွဲအဖြစ် G Dragonနဲ့ Lee Joo Yeon တို့ကို ဖော်ပြခဲ့ပါတယ်။အခုတစ်ခါထပ်ပြီး နှစ်သစ်ရဲ့ဒုတိယမြောက်စုံတွဲကို ပရိသတ်တွေကိုချပြလိုက်ပါပြီ။

သူတို့ကတော့ နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Lee Joon နဲ့ Jung So Min တို့ပဲဖြစ်ပါတယ်။သူတို့စုံတွဲဟာ ဒီဇင်ဘာလတုန်းက Cheongdam မှာအတူတူရှိနေခဲ့ပြီး ကားတစ်စီးအတူတူစီးသွားခဲ့တယ်လို့သိရပါတယ်။သူတို့နှစ်ယောက်လုံးဟာ ဒီနှစ်အစောပိုင်းမှာ “My Father Is Strange” ဇာတ်ကားမှာစုံတွဲအဖြစ်အတူတူပါဝင်သရုပ်ဆောင်ခဲ့တာပါ။ အခုတော့ တကယ့်စုံတွဲတွေဖြစ်လာကြပါပြီ။

မကြာသေးခင်က ကိုရီးယားမီဒီယာတွေရဲ့သတင်းအရ  Lee Joon ခဏခွင့်ယူထားတဲ့အချိန်မှာ သူတို့စုံတွဲကို ရှော့ပင်းမောလ်တစ်ခုမှာဈေးဝယ်ထွက်နေတာမြင်တွေ့ခဲ့ရတယ်လို့သိရပါတယ်။

Jung So Minရဲ့ အေဂျင်စီ Jellyfish အင်တာတိန်းမန့်ကလည်း “Jung So Minဟာ Lee Joon နဲ့ ဒရာမာဇာတ်ကားအတူရိုက်ကူးပြီးအောက်တိုဘာလမှာ နှစ်ယောက်သားလက်တွဲခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်အတွက် ၀မ်းသာပေးကြပါ”လို့ပြောခဲ့ပါတယ်။

Lee Joon ရဲ့ အေဂျင်စီ Prain TPCကလည်း “Lee Joon ဟာ ဇာတ်ကားအပြီးမှာ မင်းသမီး Jung So Min နဲ့ဆက်ဆံရေးကိုပိုပြီးရင်းနှီးမှုရအောင်လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အောက်တိုဘာ မှာစတွဲခဲ့ကြတာဖြစ်ပြီးတစ်ယောက်ကိုတစ်ယောက်လည်း အားပေးနှစ်သိမ့်ပေးကြပါတယ်။မကြာခင်မှာတော့ Lee Joon က ပြန်ပြီးစစ်မှုထမ်းဆောင်ဖို့သွားရမှာဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။

နှစ်ဖက်စလုံးရဲ့အေဂျင်စီတွေက အတည်ပြုလိုက်ပြီဖြစ်လို့ သူတို့အတွက် ၀မ်းသာဂုဏ်ပြုစကားလေးတွေပြောပေးဖို့မမေ့နဲ့ဦးနော်…

Source:Koreaboo

452 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.