အလုပ်အကိုင်ကောင်းတစ်ခုရဖို့ ဖြည့်တင်းရမယ့် အရာတွေ

ဒီခေတ်ကြီးထဲမှာ အလုပ်တစ်ခုရဖို့မလွယ်ပါဘူး… လို့ ညည်းနေကြတာကြားဖူးကြရဲ့မဟုတ်လား။ အလုပ်လက်မဲ့တွေပေါများနေတာက အမှန်ပါ။ ဒါပေမယ့် အလုပ်အကိုင်ကောင်းတစ်ခုရဖို့ခက်သလားဆိုတာက ကိုယ့်အရည်အချင်းပေါ်မူတည်ပါတယ်။ ကိုယ်က ဘာအရည်အချင်းဘာလုပ်နိုင်တာမှမရှိရင်တော့လည်း လုံခြုံရေးအလုပ်တောင်မနည်းရအောင်ကြိုးစားပေါ့လေ။ ကိုယ့်မှာ လိုအပ်တဲ့အရည်အချင်းတွေ အမှန်တကယ်သုံးစားလို့ရတဲ့ အရည်အချင်းတွေရှိနေရင်တော့ ကိုယ့်ဘက်ကတောင်အလုပ်တွေကို ပြန်ရွေးလို့ရပါတယ်။ ကိုယ့်ဘာသာ Startup bussiness လေးလုပ်မယ်ပဲထား၊ ဘာအရည်အချင်းမှမရှိရင် အရည်အချင်းရှိတဲ့လူတွေက ကိုယ့်ကိုနှပ်ချသွားမှာပါ။ ဒီသဘောတရားက ကိုယ်တိုင်အိမ်မှုကိစ္စမနိုင်နင်းရင် အိမ်အကူတွေတပတ်ရိုက်တာခံရမယ်ဆိုတဲ့သဘောတရားနဲ့အတူတူပါပဲ။ ဒီတော့ အလုပ်အကိုင်ကောင်းတစ်ခုရဖို့ ယေဘုယျအားဖြင့်လိုအပ်တဲ့အရည်အချင်းအတတ်ပညာလေးတွေကိုကြည့်လိုက်ရအောင်…

 

လူမှုဆက်ဆံရေးကောင်းဖို့

 

ဒါက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဘယ်လောက်ပဲပျံလန်နေအောင်တော်တော် ဆက်ဆံရေးမကောင်းရင်ခန့််ထားရတဲ့အလုပ်ရှင်ကလည်း အောင့်သက်သက်ကြီးဖြစ်နေမှာပါ။ ခန့်ဖို့တောင်တော်တော်စဉ်းစားမှာဖြစ်ပြီး ဘယ်လိုမှမတတ်သာလို့ခန့်လိုက်ရရင်တောင် ကိုယ့်လောက်မတော်ရင်နေ သုံးစားလို့ရပြီး ဆက်ဆံရေးကောင်းတဲ့အခြားလူတစ်ယောက်ပေါ်လာတာနဲ့အမြန်အစားထိုးလိုက်တော့မှာပါပဲ။

 

ဘာသာစကားတစ်ခုခုတတ်မြောက်ဖို့

 

ဒါလည်းပဲ လိုအပ်ပါတယ်။ မိခင်ဘာသာစကားရယ် အင်္ဂလိပ်စာရယ်က တတ်ကိုတတ်ရမယ့် ဘာသာစကားတွေဖြစ်ပြီး အခြားအိမ်နီးချင်းဘာသာစကားတစ်ခုလောက်လည်းမဖြစ်မနေတတ်သင့်ပါတယ်။ ဒါမှ သာမန်သူလိုကိုယ်လိုအနေအထားလောက်ပဲရှိသေးတာပါ။

 

Accounting

 

LCCI, ACCA ဘာညာအနေအထား… ဒါတွေကတော့ လခကောင်းသလိုအသည်းအသန်လည်းအလုပ်လုပ်ရတဲ့ လိုင်းကြီးတစ်ခုအနေနဲ့ကိုတည်ရှိနေတာပါ။ တတ်ထားရင်တော့ မမှားဘူးဆိုပေမယ့် အချို့လူတွေကတော့
သချာင်္ကို သေမင်းလောက်ကိုကြောက်ကြတာမို့ ဝေးဝေးကရှောင်ကြပါတယ်။

 

Basic Computer Skills

ဒါတွေကတော့ပြောစရာတောင်မလိုပါဘူး။ အနည်းဆုံး Microsoft office word လောက်တော့တတ်ထားသင့်ပါတယ်။ ဖွင့်ရုံပိတ်ရုံသာလုပ်တတ်ရင်တော့ ဘယ်ကမှခန့်မယ်မထင်။

 

Photoshop/ Graphic

 

ဒါလည်းခုချိန်ထိ လိုအပ်နေပါသေးတယ်။ ဓာတ်ပုံဆိုင်တွေခေတ်မရှိတော့ဘူးဆိုပေမယ့် ဘွဲ့ပုံတွေ passport ပုံတွေကတော့ ရိုက်နေရဆဲကိုး။

ဒါတွေအကုန်မတတ်လို့လည်းစိတ်မညစ်ပါနဲ့။ Accounting လို ဘာသာစကားတစ်ခုခုအပိုင်တတ်ထားတာလို အရည်အချင်းမျိုးတွေရှိရင် အနည်းဆုံးတော့ မငတ်ပါဘူး။အဆင်ပြေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.