ဒဏ်ရာများကို ဆေးကြောဖို့

breakup_song.jpg

        ဒီနွေရာသီဟာ ပျော်စရာကောင်းတဲ့ရာသီတစ်ခုဖြစ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့်မျှော်လင့်ထားသလို ဖြစ်မလာဘဲ ကိုယ့်လူနဲ့ခဏတာ အဆက်သွယ်ပြတ်လို့၊ လမ်းခွဲလိုက်ရလို့ အသဲကွဲဝေဒနာခံစားနေရပြီဆိုရင် ဆံပင်တွေကိုညှပ်ပစ်တတ်တဲ့ အလေ့အထအစား အောက်မှာ ဖော်ပြပေးမယ့် သီချင်း (၁၀)မျိုးကို နားထောင်လိုက်ပါ။  မင်းကိုပြန်လည်ရွှင်လန်လာစေပြီး စိတ်ဝေဒနာပေးနေတဲ့သူ့ကို ရင်ထဲကနေ မောင်းထုတ်လိုက်နိုင်မှာပါ။

(၁)    Katy Perry ရဲ့ fire work – ဒီသီချင်းလေးကတော့ ကေတီပယ်ရီရဲ့ ဆိုနေကျ အချစ်သီချင်းလေးတွေနဲ့ ပုံစံကွဲပါတယ်။ မိသားစုဆန်တယ် ။ ကိုယ့်ကိုယ်ကို လက်ခံနိုင်စွမ်းရှိလာနိုင်တယ်။ မိန်းကလေးတစ်ယောက်က အင်အားတွေပိုပြီး ဆုပ်ကိုင် မိစေနိုင်တယ် ။ ဆယ်ကျော်သက်အိမ်မက်တွေနဲ့ လုံးဝမတူတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

(၂)    Alicia Keys featuring Nicki Minaj ရဲ့ “Girl on Fire”

        သီချင်းလေးကတော့ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်က ကမ္ဘာ့ထိပ်ဆုံး ကိုတောင်ရောက်ရှိနိုင်ပါတယ်။ မုန်းတိုင်းလေးတစ်ခုကြောင့် မင်းရဲ့မီးတောက်လေး ခဏတာငြိမ်းသွားနိုင်တယ်။ ဒါပေမယ့် မပူပါနဲ့ ။ ဒီမီးတောက်လေးကို မင်းမကြာခင် ပြန်ရမှာဖြစ်ပြီး ဒါက သုံးဆပိုပြီးလောင်ကျွမ်းနိုင်လိမ့်မယ်လို့ သီကျူးထားပါတယ်။

(၃)    Kelly Clarkson – Stronger (What Doesn’t Kill You)

အမျိုးသမီးတွေရဲ့ စိတ်ပျက်စရာ အသဲကွဲမှုတွေအကြောင်းကို ရေးစပ်ထားတာပါ။ “မင်းထွက်သွားတဲ့အတွက် ငါတော့ ပွဲသိမ်းပြီလို့ မဆိုလိုပါဘူး” တဲ့ ။ ဒီအချက် မင်းကို အနည်းငယ်ကြံ့ခိုင်နိုင်စေမယ်ထင်ပါတယ်။

 

(၄)    Icona Pop (feat.Charli XCX) ရဲ့ I love it

ဖန်စီပုံစံ ခပ်မိုက်မိုက်သီချင်းလေးပါ။ “မင်းရဲ့ အသုံးမကျတဲ့အရာတွေကို အိပ်ထဲစုထည့် ပြီး လှေကားအောက်ကိုပစ်ချလိုက်ပါ ”  လိုမျိုး စာသားခပ်မိုက်မိုက်လေးတွေ ရေးထား တာပါ။

(၅)    Taylor Swife ရဲ့ “22”

        အသဲကွဲခြင်းက ခံစားတတ်ရင် မင်းကို ပျော်ရွှင်စေတယ်၊ လွတ်လပ်စေတယ်၊ ရှုပ်ထွေးစေတယ်၊ တစ်ပြိုင်နက်တည်းမှာပဲ အထီးကျန်စေနိုင်ပါတယ်။ ၀မ်းနည်းစရာ ကောင်းသလို မျက်လှည့်ဆန်တယ်။ ဒါတွေထားလိုက်ပြီး ခပ်မိုက်မိုက်ဝတ်စားလို့ လမ်းထွက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ စတဲ့အကြောင်းတွေကို Taylor Swift က ရေးထားပါတယ်။

(၆)    Kate Nash ရဲ့ Merry Happy

        ချစ်စရာအကြောင်းအရာလေးတွေ ရေးထားတာပါ။ “ငါတစ်ယောက်တည်း နေနိုင်တယ်။ ငါပိုင်တဲ့ငါ့ရဲ့ နေ၀င်ချိန်တွေကို တစ်ယောက်တည်း ကြည့်နေနိုင်တယ်”   စသည်ဖြင့် ရေးဖွဲ့ထားပါတယ်။

(၇)    Robyn ရဲ့ Dancing On My Own

        ခပ်မြူးမြူးလေးပါ ။ ညနေခင်းမှာ မင်းရဲ့လူတစ်ခြားတစ်ယောက်နဲ့ အချိန်ဖြုန်းနေ ပါစေ ပါတီသွားပြီး ကဲလိုက်ပါ။ အဲဒီအတွက် ဆွေးမနေပါနဲ့ ဆိုတဲ့ သဘောမျိုးလေးပါ။

(၈)    Kanye ရဲ့ “Clique”

        မိတ်ဆွေများကိုတန်ဖိုးထားဖို့ ၊ သူတို့အတွက် အချိန်ဖြုန်းဖို့ ရေးသားထား တာပါ။

(၉)    Spice Girls ရဲ့ Wannabe

        အမျိုးသမီးအင်အားစုအတွက်ရေးဖွဲ့ထားတာပါ။ ဘယ်လိုချစ်မယ်၊ ဘယ်လို ချိန်းတွေ့ရမယ်၊ ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေပါ။

(၁၀)  Ellie Goulding ရဲ့ Anything Could Happen

        မင်းဘ၀ကိုချစ်ပါ၊ တန်ဖိုးထာပါ၊ သူငယ်ချင်းတွေကိုတွယ်တာပါ ။ အသဲကွဲ တာကိုခံစားနေဖို့အတွက် မင်းမှာ အဲဒီလောက်အချိန် ၊ အင်အား ၊ မျက်ရည်တွေ အဲဒီလောက် မပိုနေပါဘူး လို့ သိစေချင်တာပါ။

        ဒီသီချင်းလေးတွေက အသဲကွဲသမားတွေအတွက် ပြန်လည်အားတက် လန်းဆန်း လာစေမယ့်သီချင်းလေးတွေပါ။ အားလုံးပဲ ပျော်ရွှင်နေနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Ref:marieclaire

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.