သင်ရော ဗီဒီယိုဂိမ်း တစ်နေ့လုံးထိုင်ဆော့ရတာကို စွဲလမ်းနေတဲ့လူတွေထဲပါနေပြီလား ? အအိပ် ၊ အစားနဲ့ လူမှုဆက်ဆံရေးတွေတောင်လုပ်ဖို့ မေ့ရလောက်အောင် ဗီဒီယိုဂိမ်းအပေါ် အစွဲလမ်းကြီးနေပြီလား ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ဗီဒီယိုဂိမ်းကစားသူတွေဟာ ၂ဝ၁၈ရောက်ရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာနိုင်ကြောင်း ပြောလိုက်ပါပြီ။
မထင်မှတ်ထားဘူးမလား ? တရားဝင်ပြောကြားလိုက်တာပါ။ သူတို့ဆော့နေတဲ့ ဂိမ်းတွေဟာ online (သို့) Offline လည်းဖြစ်နိုင်ပါတယ်။ ဂိမ်းအလွန်ကျွံဆော့သူတွေကို ထိန်းချုပ်ရခက်လာတဲ့အခါ ဘဝမှာမမျှော်လင့်ထားတဲ့ စိတ်ဆင်းရဲစရာတွေ ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးပြီး ဖြစ်လာနိုင်တဲ့ဆိုးကျိးတွေကိုပါ အကောင်ထည်ဖော်ပြသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ဗီဒီယိုဂိမ်းကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ မိသားစု၊ ပညာရေး ၊ လူမှုဆက်ဆံရေးနဲ့ အခြားဘဝဆိုင်ရာတိုးတက်မှုတွေကို ပိတ်ဆို့မှုတွေဖြစ်လာနိုင်စေတာမို့ ထိရောက်တဲ့နည်းလမ်းတွေသုံးပြီး ဆင်ခြင်နိုင်အောင် ပြုလုပ်သွားမယ်လို့သိရပါတယ်။