ဆီးချိုရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ?

သင့်မှာဆီးချိုရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?ဆီးချိုရောဂါဆိုတာ လူတော်တော်များများမှာဖြစ်လေ့ ရှိပါတယ်။သွေးထဲမှာသကြားဓာတ်လွန်ကဲလာတဲ့အတွက်ဆီးချိုရောဂါဆိုတာဖြစ်လာတာပါ။ဂလူးကိုစ်(အချိုဓာတ်)က သင်စားနေတဲ့အစားအသောက်တွေဆီကနေရပြီး အင်ဆူလင်ကတော့ ဂလူးကိုစ့်ကို ဆဲလ်ထဲရောက်အောင်ကူညီပေးပြီး စွမ်းအားအဖြစ်ပြန်ပြီး ထုတ်ပေးတဲ့ဟော်မုန်း တစ်ခုပါ။ ဆီးချိုရောဂါမှာတောင် type 1 နဲ့ type 2 ဆိုပြီး ၂မျိုးရှိပါတယ်။type 1ကတော့ ကလေးတွေနဲ့ငယ်ရွယ်သူတွေမှာအဖြစ်များပြီး အင်ဆူလင်ဟော်မုန်းကအလုပ်မလုပ်ပဲ သွေးထဲက သကြားဓာတ်ကိုမြင့်တက်လာစေတာပါ။ type 2ကတော့ အင်ဆူလင်ဟော်မုန်းကအလုပ်လုပ်ပေ မဲ့ ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။များသောအားဖြင့် type 2 ကပိုပြီးအဖြစ်များတယ်လို့သိရပါတယ်။

ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် သွေးထဲမှာဂလူးကိုစ့်(သကြားဓာတ်လို အချိုဓာတ်)များနေပြီဆိုရင် ဒီလိုလက္ခဏာတွေပြလာပါလိ့မ်မယ်။

၁။ဗိုက်ဆာပြီးပင်ပန်းမှုကိုခံစားရမယ်

အစားအစာတွေဆီကရတဲ့ဂလူးကိုစ်ဟာ ဆဲလ်တွေကိုအသုံးချပြီး စွမ်းအင်အဖြစ်ပြန်ပြီး ထုတ်ပေးတာပါ။ဒါပေမဲ့ ဆဲလ်တွေကိုအသုံးချဖို့အတွက် အင်ဆူလင်ဟော်မုန်းကို လိုအပ်ပါတယ်။ခန္ဓာကိုယ်က လိုအပ်တဲ့အင်ဆူလင်ဟော်မုန်းမရှိတာ၊ အလုပ်သိပ်မလုပ်တာ မျိုးဆိုရင် ဂလူးကိုစ့်ကလည်းစွမ်းအင်အဖြစ်မပြောင်းနိုင်တဲ့အတွက် ပင်ပန်းနွမ်းနယ်နေပါလိ့မ်မယ်။အဲ့ဒီအခါမှာ အင်ဆူလင်ဟော်မုန်းက အလုပ်မလုပ်တဲ့အတွက်သွေးထဲမှာအချိုဓာတ်တွေများလာပြီး ခဏခဏဗိုက်ဆာတာမျိုး၊ပုံမှန်ထက်ပိုပြီးပင်ပန်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

၂။မကြာခဏဆီးသွားမယ်၊ရေခဏခဏဆာမယ်

သာမန်လူတစ်ယောက်က ၂၄နာရီမှာ လေးကြိမ်ကနေ ၇ကြိမ်အထိဆီးသွားလေ့ ရှိပါတယ်။ ဆီးချိုရောဂါရှိသူဆိုရင်တော့ဒီထက်ပိုပြီးသွားနိုင်ပါတယ်။ပုံမှန်အားဖြင့်အင်ဆူလင်ဟော်မုန်းက အလုပ်လုပ်တဲ့အခါဂလူးကိုစ့်ကကျောက်ကပ်ကိုဖြတ်ပေမဲ့ အလုပ်မလုပ်တဲ့အခါ များပြားလှတဲ့ သကြားဓာတ်ကိုကျောက်ကပ်က အများကြီးပြန်မယူနိုင်ပါဘူး။အဲ့ဒါကြောင့် ခန္ဓာကိုယ်က ဆီးခဏခဏသွားချင်နေပြီးရေလည်းခဏခဏပြန်ပြီးဆာနေတာပါ။

၃။ပါးစပ်တွေခြောက်သွေ့လာပြီးအရေပြားတွေယားယံလာမယ်

ခန္ဓာကိုယ်ကအရည်ဓာတ်ကိုခဏခဏစွန့်ထုတ်နေရတဲ့အတွက် ရေဘယ်လောက် ပဲသောက်သောက်ပြန်ပြီးအစိုဓာတ်ဖြည့်ဖို့မလွယ်ပါဘူး။မကြာခဏဆိုသလို ပါးစပ်တွေ ၊အာခေါင်တွေခြောက်သွေ့လာပါလိ့မ်မယ်။ရေဓာတ်မရှိတဲ့အခါအသားအရည်ကလည်းခြောက်သွေ့လာပြီးယားယံမှုကိုဖြစ်လာစေတယ်လို့သိရပါတယ်။

၎။မျက်လုံးအမြင်တွေဝါးလာမယ်

ခန္ဓာကိုယ်ထဲမှာအရည်ဓာတ်မရှိတာက တော်တော်ပြဿနာရှိပါတယ်။ အရည်ဓာတ်အပြောင်းအလဲက သင့်မျက်လုံးအမြင်ကိုသက်ရောက်မှုရှိပြီး အရည်ဓာတ်လျော့နည်းတဲ့အခါမှာ မြင်နိုင်စွမ်းကိုလျော့ကျစေလို့ မျက်လုံးေ၀၀ါးတာတွေဖြစ်လာနိုင်ပါတယ်။ အခြေအနေပြင်းထန်ရင်မျက်လုံးတောင် ကွယ်သွားနိုင်ပါတယ်။

ဒီလက္ခဏာတွေကတော့ဆီးချိုရောဂါဖြစ်လာပြီဆိုရင် အများဆုံးသတိထားမိနိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီလိုလက္ခဏာတွေဖြစ်နေတယ်လို့ခံစားနေရရင် ဆရာဝန်ဆီမြန်မြန်သွားပြပြီးဆွေးနွေးပါ။ပြီးရင် ဆီးချိုရောဂါအတွက် ပုံမှန်ဆေးသောက်ပေးပါ။ ဆီးချိုရောဂါက ချက်ချင်းပျောက်ကင်းသွားနိုင်တဲ့ရောဂါမဟုတ်ပဲ ခန္ဓာကိုယ်ထဲကသွေးဓာတ်ကို ထိန်းပေးထားမှ ပုံမှန်အတိုင်းသွားလာစားသောက်နိုင်မှာပါ။ဆရာဝန်နဲ့တိုင်ပင်ပြီးရှောင်သင့်တဲ့ အစားအသောက်တွေရှောင်ပေးပါ။အသက်ကိုဥာဏ်စောင့်ဆိုသလိုပါပဲ ကိုယ့်ရဲ့အသက်ကို ကိုယ်ကိုယ်တိုင်မွေးမြူစောင့်ရှောက်ရမှာပါ။

Source:webMD

143 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.