Seafood ကြိုက်တဲ့သူတွေသိစေဖို့(seafood စားခြင်းရဲ့အကျိုးကျေးဇူး)

အစားသောက်ထဲမှာပင်လယ်စာကို မစားတက်ကြတဲ့သူတစ်ချို့ရှိပေမဲ့ ကြိုက်တဲ့သူတော့ပိုများမယ်ထင်ပါတယ်။ ပင်လယ်စာကို ကြိုက်နှစ်သက်တဲ့သူတွေကို ပြောပြချင်တဲ့ပင်လယ်စာစားခြင်းရဲ့အကျိုးကျေးဇူးအနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိ
ပင်လယ်စာဟာ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ (B1, B3 ,B12) အစရှိတဲ့ဗီတာမင်ဓာတ်တွေအပြင် သတ္တုဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါ့အပြင်ငါးအမျိုးမျိုး ဥပမာ ဆယ်မွန်ငါးလိုငါးမမျိုးဟာ ဗီတာမင်Aဓာတ်ကိုရရှိနိုင်ပြီး တစ်ခြားပင်လယ်စာတွေမှာတော့ဗီတာမင်D”ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
(၂) အရိုးသန်မာစေတယ်
အပေါ်က အချက်မှာပါတဲ့ဓာတ်တွေကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ကိုယ်ခန္ဓာ ကြီးထွားမှုနှုန်းကို ပိုမိုမြင့်တက်စေပါတယ်။
(၃) နှလုံးကျန်းမာစေတယ်
ပင်လယ်စာမှာ သတ္တု အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အဆီဓာတ်နဲ့ပရိုတင်းဓာတ်ပါဝင်ပြီး အိုမီဂာာ၃ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိမလိုအပ်တဲ့ အဆီများကိုဖယ်ရှားပေးပါတယ်။
(၄) အသားရေလှစေတယ်
တစ်ချို့သောဓာတ်မတည့်တဲ့သူတွေသာ အဆင်မပြေပေမဲ့ တော်တော်များများပင်လယ်စားစားတဲ့သူတွေဟာ လတ်ဆက်ပြီး နုပျိုတဲ့ အသားရေကို ပိုင်ဆိုင်နိုင်ကြပါတယ်။ ပင်လယ်စာမှာပါဝင်တဲ့လတ်ဆက်တဲ့ အာဟာရဓာတ်တွေဟာခန္ဓာကိုယ် အတွင်းပိုင်းကိုသာမကပဲအပြင်ပိုငးကိုပါလှပစေပါတယ်။
(၅) ဦးနှောက်ဖွင့်ဖြိုးမှုအားကောင်းတယ်
ပင်လယ်စာမှာပါတဲ့ အိုမီကာ(3)ကြောင့်ဦးနှောက်ချို့ယွင်းခြင်း၊ညာဏ်မမှီခြင်း စတဲ့ ရောဂါများမှကာကွယ်နိုင်ပြီးညဏ်ရည်ကိုဖွံ့ဖြိုးစေပါတယ်။ ကျန်းမာရေးကျွမ်းကျင် ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ကလေးအများစုမှာ ပင်လယ်စာ စားတဲ့ကလေးနဲ့ပင်လယ်စာမစားတဲ့ကလေးတွေဟာ တွေးခေါ်နိုင်စွမ်းညဏ်ရည်ကွာခြားတယ်လို့သိရှိရပါတယ်။
အရသာရှိတဲ့Seafoodကောင်းကောင်းစားပြီး အကျိုးကျေးဇူးကောင်းတွေမျှယူလိုက်ကြရအောင်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.