သင်က ပုရွက်ဆိတ်လိုလူစားမျိုးလား? နှံကောင်လိုလူစားမျိုးလား?

‘အချိန်နဲ့ဒီရေသည်လူကိုမစောင့်’ဆိုတဲ့စကားအတိုင်းအချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ခေတ်မီ ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊အစားအစာတွေ၊ အိမ်ခြံမြေဈေးနှုန်းတွေကလည်း တရှိန်ထိုးတိုးတက် လာတာအားလုံးအသိပါပဲ။ဒီလိုခေတ်ကာလကြီးမှာ သင်ကနှံကောင်လိုလူစားမျိုးဖြစ်နေမယ်ဆိုရင်နောင်ရေးအတွက်ရင်လေးစရာပါပဲ။

Aesop ရဲ့ သင်ခန်းစာပုံပြင်တစ်ပုဒ်ဖြစ်တဲ့ ‘ပုရွက်ဆိတ်နဲ့နှံကောင်’ပုံပြင်ကို အားလုံးကြားဖူးကြတယ်ဟုတ်! ပုရွက်ဆိတ်က မိုးရာသီ၊ဆောင်းရာသီမှာလည်း အစားအသောက်ဖူလုံအောင် နွေရာသီမှာ နေ့တိုင်းကြိုးစားရှာဖွေ စုဆောင်းနေပေမဲ့ နှံကောင်လေးကတော့ တစ်နေ့စာပဲ တစ်နေ့ရှာပြီး အနာဂတ်အတွက် မစုဆောင်းပဲ စားသောက်ပျော်ပါးနေတာပါ။ တကယ်တမ်းမိုးတွင်း ၊ဆောင်းတွင်းရောက်တဲ့အခါမှာ ကြိုတင်အစာစုဆောင်းထားတဲ့ ပုရွက်ဆိတ်အတွက်တော့ အခက်အခဲမရှိပေမဲ့ အစာမစုဆောင်းထားတဲ့နှံကောင်ခမျာတော့ ဒုက္ခရောက်တာပါပဲ။သင်ကရော နှံကောင်လိုလူမျိုးလား?ပုရွက်ဆိတ်လိုလူမျိုးလား?

ဒီလိုခေတ်ကာလကြီးမှာလည်း ရသမျှလစာငွေကိုအကုန်သုံးစွဲပစ်လိုက်မယ်ဆိုရင် အရေးကြုံတဲ့အခါ၊အကူအညီလိုတဲ့အခါမှာ အခက်အခဲဖြစ်တော့တာပါပဲ။အရေးအကြောင်းဆို မိသားစုဆွေမျိုးတွေဆီကချေးငှားရတာလည်းတကယ်တမ်းမလွယ်ပါဘူး။ သူတို့မှာလည်းလုံလုံလောက်လောက်ရှိထားမှအလွယ်တကူချေးငှားလို့ရမှာပါ။

ကြိုတင်ပြင်ဆင်ထားတာဟာ အောင်မြင်မှုပန်းတိုင်ရောက်ဖို့ခြေတစ်လှမ်း အလိုပါပဲ၊ကြိုတင်ပြင်ဆင်မထားပဲ လာသမျှကိုဖြစ်သလိုရင်ဆိုင်မယ်ဆိုရင် အရှုံးကိုပဲအများဆုံးရင်ဆိုင်ရမှာပါ။ကြိုတင်ပြင်ဆင်မှုမရှိတာဟာ အရှုံးကိုလက်ယပ်ခေါ်နေတာနဲ့အတူတူပါပဲ။ပျော်ပျော်ရွှင်ရွှင်နေတာက မှားနေတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ပျော်ပါ။ဒါပေမဲ့ ပျော်နေရုံနဲ့ အခက်အခဲတွေဖြေရှင်းလို့မရပါဘူး။

လူဆိုတာ ဘယ်နေ့သေဆုံးမလဲမသိလို့ အသက်ရှင်နေရတဲ့ရက်တွေမှာပျော်ပျော်နေရမယ် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အသက်ရှင်နေသရွေ့တော့ ငွေကြေးတွေ၊ပညာတွေဆိုတာ စုဆောင်းနေရမှာပါ။ အဲ့ဒါမှလူ့ဘ၀မှာနေရကျိုးနပ်စေမှာပေါ့။ပျော်လည်းပျော်၊ စုလည်းစုဆောင်းဆိုရင် အဆင်မပြေဘူးလား?

အဲ့ဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေကိုသေချာစုဆောင်းပါ။မိသားစုအတွက်၊ကိုယ့်ရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပါ။နှံကောင်လိုလူမျိုးမဖြစ်စေပဲ ပုရွက်ဆိတ်လိုစုဆောင်းရှာဖွေပါ လို့အကြံပြုလိုက်ပါတယ်။

Reference:The Ant And The Grosshopper

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.