ကိုရီးယားနာမည်ကြီးအေဂျင်စီတစ်ခုဖြစ်တဲ့ Dispatch ဟာ နှစ်တစ်နှစ်ရဲ့အစမှာ နာမည်ကျော် အနုပညာရှင်စုံတွဲတွေကို အချက်အလက်၊ဓာတ်ပုံတွေနဲ့ချပြလေ့ရှိပါတယ်။ Girls’ Generation အဖွဲ့ဝင်Yoona နဲ့မင်းသား Lee Seung Gi ၊Rain နဲ့ Kim Tae Hee တို့ဟာလည်း Dispatch ကနေ ဖွင့်ပြောပြခဲ့တဲ့နာမည်ကျော်စုံတွဲတွေပဲဖြစ်ပါတယ်။
ဒီ ၂၀၁၈နှစ်စမှာလည်းပထမဆုံးနာမည်ကျော်အနုပညာရှင်စုံတွဲ တစ်တွဲကို ပရိသတ်တွေရှေ့ချပြလိုက်ပါပြီ။သူတို့ကတော့ Bigbangအဖွဲ့ဝင် G-Dragon နဲ့Former Afterschoolအဖွဲ့ဝင် Lee Jooyeon တို့ပဲဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာဂျယ်ဂျူကျွန်းမှာ ၃ရက်လုံးအတူတူရှိနေခဲ့တယ်လို့Dispatch ကဖော်ပြခဲ့ပါတယ်။Dispatch ဟာ သိပ်မကြာခင်လပိုင်းက သူတို့နှစ်ယောက်ရဲ့ တိုက်ခန်းတွဲမှာအတူတူမြင်တွေ့ခဲ့ပြီးနောက် သူတို့ရဲ့ရင်းနှီးမှုဆက်ဆံရေးကိုစပြီး လေ့လာခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်တွဲနေတဲ့သတင်းက အရင်ကလည်းထွက်ခဲ့ပေမဲ့ ကောလဟာလသတင်းအဖြစ်နဲ့သာပြီးဆုံးသွားခဲ့ပါတယ်။နိုဝင်ဘာလတုန်းက ဟာဝိုင်ရီမှာနှစ်ယောက်အတူတွေ့ဆုံတုန်းကလည်း အေဂျင်စီနှစ်ခုလုံးက သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လို့ခရီးမှာအတူတူပျော်ရွှင်စာဖြတ်သန်းကြတာပါလို့ငြင်းဆိုခဲ့ကြ ပါတယ်။
အခုတော့ Dispatch ရဲ့တိကျတဲ့သတင်းနဲ့ဓာတ်ပုံတွေကြောင့်YG အင်တာတိန်းမန့်နဲ့Better Entအေဂျင်စီနှစ်ခုလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာအနုပညာရှင်တွေနဲ့ဆွေးနွေးစကားပြောပြီးရင် တရားဝင်ကြေညာပေးမယ်လို့ပြောခဲ့ကြောင်းသိရပါတယ်။
Source:Soompi