အကွာဝေးဆုံး ပတ်လမ်းကြောင်းနဲ့ ပတ်နေတဲ့ ဂြိုဟ်တစ်လုံးတွေ့ရှိ

exoplanethidden.jpg

 

အကွာဝေးဆုံး ပတ်လမ်းကြောင်းနဲ့ ပတ်နေတဲ့ ဂြိုဟ်တစ်လုံးကို နက္ခတ္တဗေဒ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့ဂြိုဟ်ဟာ ဂျူပီတာထက် (၁၁)ဆ သိပ်သည်းပြီး၊ သူ့ကို လက်ခံထားရာ ကြယ်ကို ကမ္ဘာ-နေ အကြား ပျှမ်းမျှအကွာအဝေးထက် အဆပေါင်း(၆၅၀) အကွာကနေ ပတ်နေပါတယ်။

ဂြိုလ်ဖွဲ့စည်းမှု သီအိုရီကို ကောင်းကောင်းကြီး ချိုးဖောက်နေတဲ့အတွက်  ဒီဂြိုဟ်ကြီး ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒပညာရှင်တွေအတွက် ပဟေဋ္ဌိဖြစ်နေပါတယ်။ အရီဇိုးနား တက္ကသိုလ်ဘွဲ့ရကျောင်းသူတစ်ယောက် ဦးဆောင်တဲ့ နိုင်ငံတကာ နက္ခတ္တဗေဒပညာရှင်များအဖွဲ့ဟာ နေနဲ့တူတဲ့ ကြယ်တစ်လုံးကို ပတ်နေတဲ့ HD 106906 ဂြိုဟ်ကို တွေ့ရှိခဲ့တာပါ။

“ဒီ ဂြိုဟ်ဖွဲ့စည်းပုံစနစ်က သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မတို့ ခုကြုံတွေ့နေရတာတွေကို ရှင်းပြနိုင်တဲ့  နေအဖွဲ့အစည်း၊ ဂြိုဟ်အဖွဲ့အစည်းရယ်လို့ ပြစရာမရှိဘူးလေ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ Vanessa Bailey ကပြောခဲ့ပါတယ်။

Ref:indiaexpress

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.