ဒိန်ခဲတွေက အိပ်မက်ဆိုးမက်စေသတဲ့လား

ဒိန်ခဲတွေကို တွင်ကျယ်စွာစားသုံးတဲ့နိုင်ငံတွေမှာ အရိုးစွဲနေတဲ့ ထင်မြင်ယူဆချက်တစ်ခုကတော့ ဒိန်ခဲတွေကို ညမအိပ်ခင်စားရင် အိပ်မက်ဆိုးတွေမက်စေတယ်ဆိုတာပါပဲ။ အဲဒါတကယ်လား ယုံတမ်းစကားလားဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ကြပေမယ့် လူတော်တော်များများက ဒိန်ခဲစားရင်အိပ်မက်ဆိုးမက်လေ့ရှိကြပြီး ဒီိအယူအဆကိုအကြွင်းမဲ့ယုံကြည်နေကြပါတယ်။

ဥပါဒန်ကြောင့် ဥပါဒ်ရောက်ဆိုသလို စိတ်စွဲပြီးပဲမက်နေကြတာလား။
လူကြီးသူမတွေပြောတာကပဲ အမှန်တွေလားဆိုတာ အမေရိကန်အစားအစာနဲ့ကျန်းမာရေးအဖွဲ့အစည်းတစ်ခုက စုံစမ်းဖော်ထုတ်တဲ့အခါမှာတော့…..

စစ်တမ်းကောက်ယူချက်တွေအရ ဒိိန်ခဲစားပြီး အိပ်တဲ့ လူတွေရဲ့ သုံးပုံနှစ်ပုံခန့််ဟာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အိပ်မက်ဆိုးတွေမက်ကြပါတယ်။ တကယ်တမ်းမှာ ဒိန်ခဲစားခြင်းဟာအိပ်မက်ဆိုးတွေကို သဘာဝလွန်နည်းလမ်းနဲ့ခေါ်ဆောင်လာပေးတာမဟုတ်ပါဘူး။ သဘာဝအတိုင်းပဲဖြစ်ပေါ်နေတာပါ။ ဒိန်ခဲဟာ အစာချက်ဖို့ကြာမြင့်တဲ့စားစရာတစ်ခုပါ။ ဒီတော့ လူကအိပ်နေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်က အစာချက်နေရပါတယ်။ အစာချက်ဖို့ရုန်းကန်နေရတဲ့ ခန္ဓာကိုယ်ဟာ အပြည့်အဝအနားယူမအိပ်စက်နိုင်ပါဘူး။ ဒါကြောင့် ပြင်ပကအနှောက်အယှက်တွေဟာ အိပ်မက်ဆိုးတွေအဖြစ်အသွင်ပြောင်းပြီိး ဦးနှောက်ကို ဒုက္ခပေးပါတော့တယ်။

ဒိန်ခဲမှမဟုတ်ပါဘူး။ အစာမာမာတွေနဲ့ များများစားသောက်မိခြင်းဟာလည်း အိပ်မက်ဆိုးတွေဖြစ်ပေါ်စေပါတယ်။ တကယ်လို့ သင်က ပုံမှန်မဟုတ်တဲ့ အိပ်မက်ဆိုးတွေမက်လေ့ရှိသူတစ်ယောက်ဆိုရင်တော့ ဒီနေ့ဘာစားတယ် နောက်နေ့ဘာစားတယ်ဆိုတာမျိုး အစားအစာဒိုင်ယာရီတစ်ခု ထားသင့်ပါတယ်။ အစားအစာဒိုင်ယာရီထားခြင်းဟာ အိပ်မက်ဆိုးတွေအတွက်အဖြေရှာပေးနိုင်ရုံမက သင့်ကိုယ်အလေးချိန်အလွန်အကျွံမတက်အောင်လည်း သင့်ဘာသာချင့်ချိန်လို့ရစေမှာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.