တစ်လတစ်ခါကနေ အချိန်ပိုဆင်းနေရပြီလား

ဘာကြီးပါလိမ့် ခေါင်းစဉ်ကြီးက။ မိန်းကလေးတွေဆိုရင်တော့ တန်းသိပါလိမ့်မယ်။ သင်ကယောက်ကျားလေးဆိုရင်လည်း သင့်ညီမတွေ ချစ်သူတွေအတွက်ဖတ်ထားပေးပေါ့နော်။

မိန်းကလေးကိစ္စတွေမှာ တစ်လတစ်ခါကနေ တစ်လနှစ်ခါလောက်ဖြစ်လာတဲ့အခါ မိန်းကလေးအများစုက ဘဝကြီးကမတရားလိုက်တာ၊ငါ့ကျမှ တစ်လနှစ်ခါ သူများတွေကဘာညာဆိုပြီးပဲတွေးလေ့ရှိကြပါတယ်။ ပျောက်နေတာမှ စိုးရိမ်ရတာ၊ခဏခဏပေါ်တာက ကိစ္စမရှိဘူးလို့ ရှေးလူကြီးသူမတွေက ဆိုထားမင့်ကိုး။ သို့ပေမယ့် အရာအားလုံးက တန်ဆေးလွန်ဘေးပါ။ ပုံမှန်ထက်လွန်ကဲတဲ့ကိစ္စမျိုးတွေကလည်းစိုးရိမ်ရပါတယ်။

တစ်လနှစ်ခါလောက်ဖြစ်တဲ့ ကိစ္စကို အမျိုးသမီး တစ်ရာမှာ အယောက်နှစ်ဆယ်လောက်ကခံစားနေကြရပါတယ်တဲ့။ အဲဒီထဲက အနည်းငယ်သောမိန်းကလေးတွေအတွက်သာ တစ်လနှစ်ခါကိစ္စက ပုံမှန်လောကကြီးက မတရားတာဖြစ်ပြီး အများစုအတွက်တော့ တစ်ခုခုမှားနေတာပါ။ အကောင်းဆုံးကတော့ ငြိမ်မနေပဲဆရာဝန်သွားပြဖို့ပါပဲ။ ဆရာဝန်က သင့်ရဲ့ရက်တွေနဲ့ဆေးစစ်ချက်အဖြေတွေကနေ ပုံမှန်ဟုတ်မဟုတ်ချက်ချင်း သိနိုင်ပါတယ်။

ဆရာဝန်လည်းမပြချင်သေးဘူးဆိုတဲ့ လူတွေကတော့ အောက်ပါအချက်ကလေးတွေဖတ်ပြီိး ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ပေါ့နော်။

တစ်လနှစ်ခါရဲ့ ဖြစ်တန်စွမ်းအကြောင်းတရားတွေ

သင်ဆေးသောက်ဖို့မေ့နေတာ

ဒါကလည်းအရေးကြီးတဲ့အချက်ပါပဲ။ သင်ပုံမှန်သောက်နေကျ ဟော်မုန်းဆေးတွေပဲဖြစ်ဖြစ် ရောဂါတစ်ခုခုကြောင့်သောက်နေလေ့ရှိတဲ့ဆေးတွေပဲဖြစ်ဖြစ် အရေးပေါ်သန္ဓေတားဆေးပဲဖြစ်ဖြစ် သင်သောက်ဖို့မေ့သွားတာ ရက်တွေထပ်လာရင် အချိန်အခါမဟုတ် သင့်ကိုယ်တွင်းက သူငယ်ချင်းက အလည်တစ်ခေါက်ရောက်လာနိုင်ပါတယ်။ပုံမှန်ပြန်သောက်ပေးရင်တော့ ပြန်ပျောက်သွားမှာမို့စိုးရိမ်စရာတော့မရှိလှပါဘူး။ မပျောက်ရင်တော့ ဆေးခန်းကိုခပ်မြန်မြန်လေးဒိုးပါတော့။

 

သင်ကိုယ်ဝန်ရှိနေတာ

ကိုယ်တို့အားလုံးသိတဲ့ကိစ္စပါပဲ။ ကိုယ်ဝန်ရှိလာရင်ပျောက်ရမယ်ဆိုတဲ့ ဖော်မြူလာဟာအမြဲမမှန်ပါဘူးတဲ့။ ကိုယ်ဝန်နုစဉ်ကာလတွေမှာ ခဏတာအလည်လာလေ့ရှိတတ်ပါတယ်။

 

သင့်မှာ သားအိမ်ကင်ဆာရှိနေတာ

ဖတ်ဖတ်ဖတ်… တကယ်မဟုတ်ပါစေနဲ့။ သင်ဒီလိုဖြစ်နေတာကြာခဲ့ပြီဆိုရင်တော့ ဆရာဝန်ဆီကို မဆိုင်းမတွချက်ချင်းသာသွားလိုက်ပါ။ သားအိမ်ကင်ဆာ ဒါမှမဟုတ် သားဥအိမ်ကင်ဆာဆိုတာ အတော်လေးကြောက်ဖို့ကောင်းပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ကမ္ဘာပေါ်မှာ လေးမိနစ်တိုင်း အမျိုးသမီးတစ်ယောက်သေဆုံးနေရတာ သူတို့နှစ်ကောင်လက်ချက်ပါ။ ဘာပဲဖြစ်ဖြစ် ဆေးခန်းသွားတာမမှားပါဘူး။ ဘာမှမဖြစ်လည်း ကာကွယ်ဆေးထိုးခဲ့ပေါ့နော်။

ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဒီအရာဟာ သင်တစ်သက်လုံးဝင်နေရမယ့်နေရာပါ။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.