ဘာလို့တစ်ကိုယ်တော်ခရီးလေးတွေထွက်သင့်လဲ

အရွယ်ရောက်လာလို့ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ပြီလို့သတ်မှတ်လိုက် ပြီးပြီးဆိုရင် တစ်ကိုယ်တော်ခရီးလေးတွေ အားရင်အားသလိုထွက်ကြည့်ပါ။ တစ်ကိုယ်တော်ခရီးထွက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးလေးတွေရနိုင်လဲ….
(၁) ကိုယ့်ဘာသာကိုယ် ဦးဆောင်နိုင်လာမယ်
ခရီးတစ်ခုစတင်ထွက်တော့မယ်ဆိုရင် အနည်းဆုံးတော့ ခရီးစဉ်ဆွဲရတယ် လိုအပ်တာတွေထည့်ရတယ်၊ ပြင်ရဆင်ရတယ် အာ့လိုပြင်ဆင်ရတာဟာ ကိုယ်တစ်ယောက်ထဲခရီးဖြစ်တာကြောင့်ကိုယ့်ဘာသာ ကိုယ်ဘာလိုလဲ ဘာထည့်ရမလဲစဉ်းစားရင်းကနေကိုယ်တိုင်ခရီးတစ်ခုအတွမသိမသာ ဦးဆောင်နေပါလိမ့်မယ်။ ဒါဟာကောင်းတဲ့အလေ့ကျင့်တစ်ခုပါ ၊ နောက်ပိုင်းဘယ်ခရီးအတွက် မဆို ကိုယ့်ဘာသာကိုယ် ဦးဆောင်နိုင်လာပါလိမ့်မယ်။
(၂) မှတ်တက်လာမယ်
တစ်ခြားလူတွေနဲ့ခရီးသွားတာနဲ့ တစ်ယောက်တည်းခရီးသွားတာက ပိုသတိထားရပါတယ်။ တစ်ခြားလူတွေနဲ့သွားတော့ ကိုယ်မမှတ်လည်း သူများမှတ်မှာပဲဆိုတဲ့ အတွေးနဲ့ပေါ့ပေါ့ပါးပါးသွားတာမျိုးလည်းရှိမယ်။ ဒါပေမဲ့တစ်ယောက်တည်းသွားတဲ့အခါမှာတော့ လမ်းတွေကိုမှတ်သားရတယ်ဘာပြီးဘာရောက်မယ်ဆိုတာ ကြည့်နေရတယ်။ ပြောရရင်ကွာ ပိုပြီးတော့လေ့လာ အားထုတ်မှုများများလုပ်ဖြစ်တယ်။
(၃) ကိုယ်လုပ်ချင်တာကိုယ်လုပ်ရတယ်
တစ်ယောက်တည်းခရီးထွက်ခြင်းဟာ အရမ်းလွတ်လပ်ပါတယ်။ တစ်ခြားသူတွေနဲ့လိုက်ညှိနိုင်းနေစရာ မလိုပဲ ကိုယ်သွားချင်တာသွား ကိုယ်ရပ်ချင်ရင်ရပ် ပြီး ကိုယ်စားချင်တာကို လျှောက်စား အရမ်းကို လွတ်လပ်တဲ့ကိုယ်ပိုင်ဘ၀ကို အပြည့်အ၀ပိုင်ဆိုင်ရမှပြါ။
(၄) မိတ်ဆွေသစ်တွေရတယ်
လူအများမပါပဲ ကိုယ်တစ်ယောက်တည်းသွားတာကြောင့်လမ်းခရီး မှာလူတိုင်းလိုလိုနဲ့မိတ်ဖွဲ့ဖြစ်တက်ကြတယ် ၊ စိတ်တူကိုယ်တူမိတ်ကောင်းဆွေကောင်းတွေတိုးလာနိုင်ပြီး ခရီးတစ်ခုသွားပြီးပြန်လာတာနဲ့မိတ်ဆွေအသစ်တွေပါ တိုးတိုးလာနိုင်တယ်။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာခြင်း
တစ်ကိုယ်တော်ခရီးသွားခြင်းကြောင့်စိတ်ပင်ပန်းမှုတွေကို ဖြေလျော့နိုင်ပြီး ကိုယ့်ဘာသာကိုယ် လုပ်နိုင်ကိုင်နိုင်တယ်ဆိုတဲ့စိတ်ကြောင့်ယုံကြည်ချက်တွေရှိလာတယ်။ ကိုယ့်ကိုယ်ကို ချီးကျူးတက်လာနိင်ပါတယ်။
ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ပြီ လို့ထင်တဲ့အချိန်တစ်ကိုယ်တော်ခရီးလေးတွေထွက်ပြီး လောကကြီးရဲ့အလှအပတရားတွေ ထူးခြားဆန်းပြားမှုတွေကို လေ့လာနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.