ပျားရည်ကို ဘာတွေနဲ့တွဲသုံးရင် ဘယ်လိုတွေကောင်းတယ်ဆိုတာမျိုး Skin care crazy တွေဆိုရင် ကြားရလွန်းလို့နားထဲမှာ လျှံထွက်နေပါလိမ့်မယ်။ တွေ့သမျှအကုန်လိုက်ဖတ် ပြီးရင် ingredients တွေရှာမရတာနဲ့ အချိန်မရတာနဲ့ အဆင့်တွေကများလွန်းလို့ မလုပ်ချင်ရတာနဲ့ အမျိုးစုံဆင်ခြေကန်ပြီး မလုပ်ဖြစ်ကြတာများပါတယ်။
ဒီိ Article လေးကတော့ ကိုယ်တွေလို လှလည်းလှချင် ပျင်းကလည်းပျင်းသေး ရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်ချင်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။
သတိထားဖို့ကတော့ ပျားရည်စစ်စစ်သဘာဝပစ္စည်းကိုသာသုံးရပါမယ်။ စားသုံးဖို့သန့််စင်ထားတဲ့ အပူပေးထားတဲ့ပျားရည်မျိုးတွေဆို အာနိသင်အပြည့်မရနိုင်ပါဘူး။
မျက်နှာအစိုဓာတ်ဖြည့်မယ်
အသားခြောက်တဲ့သူတွေအတွက်ပါ။ သွေ့ခြောက်နေတဲ့မျက်နှာပြင်မှာ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းစာကို ခပ်ပါးပါးလိမ်းပြီး မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက်ထားပါ။ ပြီးရင် ရိုးရိုးရေနဲ့ဆေးချပါ။
အမဲစက်အမာရွတ်တွေမှေးမှိန်အောင်
ပျားရည်ကို အသားထဲကိုစိမ့်ဝင်အောင်စက်ဝိုင်းပုံ ပွတ်ပေးခြင်းဖြင့် အမဲစက်အမာရွတ်တွေနေရာမှာ ဆဲလ်အသစ်တွေထွက်ပေါ်လာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ နေလောင်ဒဏ်ရာတွေကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဝက်ခြံအတွက်
ဝက်ခြံတွေရှိနေတဲ့နေရာမှာ ပျားရည်ကို တို့ပေးပြီး ဆယ့်ငါးမိနစ်ခန့်ထားပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ဆေးချပါ။
ဆံပင်ပိုင်းဆိုင်ရာ
ဆံပင်အတွက်ကတော့သုံးလို့ရတဲ့နည်းစုံပါတယ်။ ပေါင်းဆေးအနေနဲ့သုံးလို့ရသလို ခေါင်းလျှော်ရည်ရဲ့အာနိသင်အပြည့်ရအောင်အားဖြည့်ပေးတဲ့ ပစ္စည်းအနေနဲ့လည်းသုံးနိုင်ပါတယ်။
ခေါင်းလျှော်ရည်နဲ့သုံးမယ်ဆိုရင်တော့ ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်နဲ့ ပျားရည်ကို သုံးချိုးတစ်ချိုးရောပြီးသမအောင်မွှေပေးပါ။ ပြီးရင်ပုံမှန်ပဲလိမ်းပြီိး လျှော်ချပေးရုံပါပဲ။
ဆံပင်ပေါင်းဆေးအနေနဲ့သုံးမယ်ဆိုရင် ပျားရည်အနေတော်ခန့်ကို စိုနေတဲ့ဆံသားတွေပေါ်လိမ်းပေးပါ။ ဆံပင်အရင်းကိုမလိမ်းရပါနော်။ ဆံပင်အဖျားတွေကနေ အလည်နားလောက်ထိပဲလိမ်းပေး
ရုံပါ။ ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေကြက်သီးနွေးလေးနဲ့ဆေးချပါ။ သင့်ဆံနွယ်တွေ တောက်ပစိုလက်နေအောင် ပျားရည်က စွမ်းဆောင်ပေးပါလိမ့်မယ်။
ကဲ ဘာလိုသေးလဲ…. City Mart မှာ ပျားရည် ငါးထောင်တန်လေးတစ်ပုလင်းပြေးဝယ်လိုက်တော့နော်။