ချစ်သူရည်စားတွေဖြစ်နေလို့ သူကိုယ့်အပေါ် အမြဲကောင်းမယ် တစ်သတ်လုံး ချစ်နေမယ် ဆိုတာကြီးပဲ မရှိပါဘူး။ တစ်ချို့ အတွဲတွေဟာ ခဏတာသာချစ်ကြပြီး ကြာလာရင် တစ်ယောက်ပေါ်တစ်ယောက် စိတ်ကုန်နေတက်ပါတယ်၊ စိတ်ဖောက်ပြန်နေတက်ပါတယ်။ ဆိုတော့ ကိုယ်ချစ်သူ ကိုယ့်အပေါ် အရင်လို မကောင်းတော့ဘူး သူ့စိတ်တွေကိုယ့်ဆီမှာမရှိတော့ဘူး ဖောက်ပြန်နေပြီဆိုတာ ဘယ်လို အပြုမူတွေကနေ သိနိင်မလဲ…
(၁) ဖြေကြားခြင်းမရှိ
ကိုယ့်လက်တွဲဖော်ဟာ အရင်လို မဟုတ်ပဲထူးဆန်းပြောင်းလဲနေတယ်လို့ ကိုယ့်ဘက်က ခံစား လာရတဲ့အခါ ခေါင်းထဲမှာမေးခွန်းတွေထပ်နေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက မရှင်းတဲ့အရာတွေကို သူ့ကိုမေးတဲ့အခါ ပြန်မဖြေတာမျိုး ရှောင်ထွက်သွားတာမျိုး ၊ စကားလွှဲသွားတာမျိုး ၊ မဖြစ်နိုင်တဲ့အကြောင်းပြချက်တွေပေးတာမျိုး လုပ်တက်ကြပါတယ်။ ဒီလိုရလဒ်မကောင်းကိုခံစားရပြီ ဆိုရင် သူကိုယ့်အပေါ်စိတ်ပြောင်းနေတာသေချာစပြုနေပါပြီ။
(၂) ဖုန်းကိုနေရာတကာယူသွားတယ်
ဖောက်ပြန်နေတဲ့သူတစ်ယောက်ဟာ သေချာတာတော့ သူရဲ့ဖုန်းကို အမြဲသူ့နားမှာ ထားပြီးနေတက်ပါတယ်။ တကယ်တမ်းရိုးသားတဲ့သူဆိုရင် သူသုံးနေရင်တောင်ကိုယ်ကြည့်လို့ရပါတယ်။ အဲ အာ့လိုမှ ကြည့်ခွင့်မပေးဘူး ကိုယ်မမြင်အောင်လည်း ဖုန်းခိုးခိုးသုံးတာ ဖုန်းခိုးခိုး ပြောတာ ကိုယ်နဲ့တူတူရှိနေချိန် ဖုန်ုးလာရင် မကိုင်တာမျိုးတွေ ဖြစ်လာရင်လည်း သတိထားဖို့လိုအပ်နေပါပြီ။
(၃) ရှောင်နေမယ်
တစ်ယောက်နဲ့တစ်ယောက်မေတ္တာရှိလို့ချစ်ခဲ့ကြပြီး မှ အခုနောက်ပိုင်းကိုယ်နဲ့ဝေးဝေးနေတာမျိုး ၊ မျက်လုံးချင်းဆိုင်ပြီး စကားမပြောတာမျိုး ၊ တစ်ခုခုတိုင်ပင်လိုက်ရင်လည်း စိတ်မပါတဲ့ပုံစံမျိုး၊ကိုယ့်အသား ကို တောင်မထိချင် မကိုင်ချင်ပဲ ခပ်ခွာခွာ မျိုး နေနေပြီဆို သေချာပါပြီ။ ပုံမှန်မဟုတ်တဲ့နေထိုင်မှုမျိုးနဲ့ကိုယ့်ဆီက နေရှောင်ထွက်ဖို့ကြိုးစားနေပါပြီ။
(၄) ပိုလွန်းတဲ့ဆက်ဆံမှု
ကိုယ့်ကို ရှောင်နေတာပဲ ဖောက်ပြန်တဲ့လက္ခာ မဟုတ်ပါဘူး ၊ အရမ်းကောင်းလွန်းနေရင်လည်း စိတ်ပူစရာပါပဲ။ အရင်ထဲကပုံမှန်ကိုယ့်ကို ဂရုစိုက်လာတဲ့လက်တွဲဖော်မျိုးဆိုရင်တော့သိပ်မဆန်း ကြယ်ပေမဲ့ အရင် ကကိုယ့်ကို ဆက်ဆံတာတွေနဲ့အလွန့်အလွန် ကွာခြားလွန်းတဲ့ပုံစံတွေနဲ့ မလိုအပ်ပဲကောင်းပြနေရင်လည်း သတိထားပါ။ ဒါသွေးရိုးသားရိုးမဟုတ်ပဲ သူ့အပြစ်ဖုံးချင်လို့ကိုယ့်အပေါ်ကောင်းပြနေတာလည်းဖြစ်နိုင်ပါတယ်။
(၅) သူ့ပတ်ဝန်းကျင်ကပါပြောပြနေတယ်
သူပြောင်းလဲနေတာ တွေကို ကိုယ်တင်မကပဲ သူ့ပတ်ဝန်းကျင်ကပါ သိနေရင် ဒါရိုးရိုးသားသား မဟုတ်နိုင်ပါဘူး ။ ဥပမာ-ရုံးကိုနောက်ကျမှရောက်တက်ကြောင်းလုပ်ဖော်ကိုင်ဖက်တွေဆီကသိရတာမျိုး၊ သူငယ်ချင်းတွေနဲ့တွေ့လည်းဖုန်းခနခနလာတက်ကြောင်းပြန်ကြားရတာမျိုးဆိုရင်
မပေါ့ပါနဲ့ ။ သူဘာတွေလုပ်နေလဲဆိုတာ အဖြေရှာဖို့လိုပါပြီ….
ဖောက်ပြန်တက်တဲ့သူတစ်ချို့ရဲ့အနီးစပ်ဆုံး အပြုမူ အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။ လူတိုင်းကောင်းမွန်ရိုးသားသစ္စာရှိတဲ့လက်တွဲဖော်တွေနဲ့ပျော်ရွှင်စွာရှေ့ဆက်နိုင်ကြပါစေ လို့ဆုတောင်းရင်း….