မနက်ဖြန်တစ်ရက်သာ အသက်ရှင်ခွင့်ရတော့မယ်ဆို သင်ဒီနေ့ဘာလုပ်နေမှာလဲ ?

မနက်ဖြန်တစ်ရက်သာ အသက်ရှင်ခွင့်ရတော့မယ်ဆို စာဖတ်သူတို့ရော ဒီနေ့မှာ ဘာလုပ်နေမှာလဲ ? ရှိသမျှစည်းစိမ်တွေ အကုန်ရောင်းပြီး လိုအပ်တဲ့လူတွေကို လှူတန်းလိုက်မှာလား ? ရတဲ့အချိန်လေးမှာ ဘဝကူးကောင်းအောင် တရားတော်တွေနားထောင်မှာနေမှာလား ? နောက်ဆုံး
ထွက်သက်အချိန်ထိ ကိုယ်ဝါဿနာပါရာကိုပဲရူးသွပ်စွာနဲ့ ဆက်လုပ်နေမှာလား ?

နေ့မြင် ညပျောက် တိုတောင်းလွန်းတဲ့လူ့ဘဝကြီးက တကယ်တမ်းတွေးကြည့်လိုက်ရင် နည်းနည်းတော့လန့်ဖို့ကောင်းသား။ ဒါပေမယ့် အချိန်တန်ရင် လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ရမှာပါပဲ။ ပြန်စဉ်းစားလိုက်ရင် ဒီနေ့အထိ ငါဘာတွေကိုလုပ်ပြီးပြီလဲ ? အကျိုးရှိတာတွေလား ၊ မရှိတာတွေလား ?
ဘဝရဲ့ အရသာကိုရော အပြည့်အဝခံစားပြီးပြီလား ? ဖြစ်ချင်တာတွေရောတကယ်ဖြစ်ခဲ့ပြီလား ? ကြိုးစားနေတုန်းလား ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုတောင် မရောက်သေးပဲ သေဖို့ဆိုတာတော့မဖြစ်သေးဘူး။ အပြင်ထွက်လိုက်တာနဲ့ လူတွေအပြေးအလွှား ဟိုဒီသွားနေတာ တွေ့တယ်မလား။ အဲ့ဒီလူတွေထဲမှာ ရတဲ့နေရာမှာ အပူပင်ကင်းကင်း သက်တောင့်သက်သာနေနေတဲ့လူတွေလည်းရှိသလို အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ရုန်းကန်လှုပ်ရှားနေတဲ့လူတွေလည်းရှိတယ်။

နောက်ဆုံးမှာ ဘယ်သူက ဘယ်နေရာရောက်သွားလဲဆိုတာ အချိန်ကအဖြေပေးသွားလိမ့်မယ်။ သင်ရော ဘယ်နေရာမှာရှိချင်လဲ ? ခုထိ ကြည့်မရတဲ့လူတွေရှိနေတုန်းလား ? သူငယ်ချင်းအချင်းချင်းရန်ဖြစ်ပြီး မခေါ်မပြောတာဘယ်လောက်ကြာနေပြီလဲ ?မိဘတွေအပေါ်ဆိုးတုန်းလား ?ကလေးဆန်မနေပါနဲ့တော့။ နောက်မှ နောင်တရတဲ့ခံစားချက်က အရမ်းခံရခက်ပါတယ်။ အချိန်တွေက အရမ်းတန်ဖိုးရှိတဲ့အတွက် ရတဲ့အချိန်လေးမှာ အမုန်းတွေမပွားပဲ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားရအောင်! ပြန်တွေးလိုက်တိုင်း အလိုလိုပြုံးမိသွားစေမယ့် အမှတ်တရတွေသာ ဖန်တီးနိုင်ကြပါစေ။

499 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.