တစ်ချို့အိမ်သုံးပစ္စည်းတွေဟာ သင့်ခန္ဓာကိုယ်နာကျင်မှုအတွက်အရေးပေါ်ဆေးကုသနည်းအဖြစ် သုံးလို့ရပါတယ်။ဘာပစ္စည်းလေးတွေဖြစ်မလဲကြည့်လိုက်ရအောင်
၁။ခေါင်းကိုက်နေရင်…
ပတ်တီးက ဒဏ်ရာတစ်စုံတစ်ခုဖြစ်လာရင်စည်းနှောင်ရမယ့်အရာတစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။အခုလဲ ခေါင်းကိုက်နေရင် ပုဝါကိုသုံးလို့ရပါတယ်။ ပုဝါဟောင်း တစ်ထည်ရှိရင်ယူပြီး နဖူးမှာတင်းကျပ်စွာချည်လိုက်ပါ။ပြီးရင်ဦးခေါင်းတစ်ဝိုက် ကိုနှိပ်နယ်ပေးပါ။ဒီနည်းလမ်းက သင့်ရဲဦးရေပြားအတွင်းသွေးစီးဆင်းမှုကိုလျော့ကျစေတဲ့အတွက် နာကျင်မှုကိုလျှော့ချပေးနိုင်ပါတယ်။
၂။နှာခေါင်းသွေးယိုနေရင်…
နှာခေါင်းသွေးယိုတာအတွက် အရေးပေါ်သွေးမယိုအောင်ကူညီပေးနိုင်တဲ့ပစ္စည်းကတော့ အကျီချိတ်တဲ့ညှပ်ကလစ်တစ်ခုပါ။အရင်ဆုံးတည့်တည့်မတ်မတ်ထိုင်ပါ။ပြီးရင်ဦးခေါင်းကိုမော့ထားပါ။မော့ပြီးရင်ညှပ်ကလစ်ကိုနှာခေါင်းထိပ်မှာညှပ်လိုက်ပါ။အနည်းဆုံး ၁၀မိနစ်လောက် လုပ်ထားမယ်ဆိုရင် သွေးယိုတာကိုထိန်းနိုင်ပါလိမ့်မယ်။
၃။လက်မှာဓားရှဒဏ်ရာရခဲ့ရင်…
လက်မှာဓားရှဒဏ်ရာရခဲ့ရင် ပထမဆုံးဒဏ်ရာကိုရေနဲ့ဆေးကြောပါ။ပြီးရင်ရေခြောက်အောင် ထားပြီးဒဏ်ရာရထားတဲ့လက်ချောင်းကိုပူဖောင်းနဲ့ပတ်ချည်ထားပါ။နာကျင်တာသက်သာစေပြီး အလုပ်တွေလည်းလုပ်ကိုင်နိုင်ပါတယ်။
၎။ခြေဖ၀ါးနာကျင်နေရင်…
လမ်းလျှောက်တာများလို့ခြေဖ၀ါးနာကျင်နေတဲ့အခါမှာ လေ့ကျင့်ခန်းနည်းနည်းလုပ်ပေးဖို့လိုပါတယ်။ လွယ်လွယ်လေးပါပဲ။အိမ်မှာရှိတဲ့ခဲတံ၊ဘောပင်အနည်းငယ်ကိုယူပါ။ပြီးရင်ကြမ်းပြင်ပေါ် ကြဲချလိုက်ပြီး ခဲတံ၊ဘောပင်တွေကိုခြေချောင်းလေးတွေနဲ့ကောက်ပါ။အဲ့ဒါဟာ သင့်ရဲ့ခြေထောက်ကြွက်သားတွေကိုဆွဲဆန့်သလိုဖြစ်ပြီးနာကျင်မှုသက်သာစေပါတယ်။
၅။လက်သည်းကျိုးသွားတဲ့အခါ…
ရုတ်တရက်လက်သည်းကျိုးသွားတဲ့အခါ မလှပပဲဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကြောင့်လက်သည်း ကျိုးသွားတဲ့အခါ ညီညာချောမွေ့သွားစေဖို့ မီးခြစ်ဆံကိုသုံးပေးနိုင် ပါတယ်။မီးခြစ်ဆံကိုသုံးပြီးကျိုးသွားတဲ့ နေရာမှာဖြည်းဖြည်းချင်းပွတ်တိုက်ပေးရုံပါပဲ။