ယောက်ျားလေးတွေအနေနဲ့ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အချက်များ

အိမ်ထောင်ပြုတော့မယ်ဆိုတာနဲ့ စဉ်းစားစရာအချက်တွေအများကြီးရှိလာပြီ။ကိုယ်နဲ့ပေါင်းဖက်မယ့် လူရဲ့ အကျင့်စရိတ္တ၊ ကောင်းခြင်း ဆိုးခြင်းအားလုံးကိုတစ်သက်လုံး အနွံတာခံနိုင်ရဲ့ လားဆိုတာပါပဲ။ ချစ်လို့ယူလိုက်ပေမယ့် ဘယ်လိုမှ စရိုက်တွေမတူတဲ့အခါ နောက်ဆုံးကွာရှင်းရတဲ့အထိဖြစ်လာတွေ
ရှိပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေအနေနဲ့ အိမ်ထောင်ဖက်ရွေးချယ်တော့မယ်ဆိုရင် စဉ်းစာသင့်တဲ့အချက်လေးတွေကိုပြောပြပေးသွားပါမယ်။

ပထမအချက်အနေနဲ့ကတော့ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းကလေးမျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ့်ကောင်မလေးက ပရမ်းပတာနေတတ်သလား၊ သန့်သန့်ရှင်းရှင်းနေတတ်လားဆိုတာ ဆန်းစစ်ပါ။ ဖြစ်ကတက်ဆန်းနေတတ်တဲ့မိန်းကလေးဆို ခုတည်းက သူမအကျင့်လေးကိုပြင်ပေးပါ။ မိန်းကလေးတွေက
သူတို့ချစ်တဲ့ယောက်ျားပြောစကားဆိုနားထောင်ပါတယ်။ ကောင်းဖို့အတွက်ပြောရင် ပိုတောင်နားထောင်ပါတယ်။ ပြင်မှာပါ။ ချစ်လို့ နေချင်သလို နေပါစေဆိုပြီး မလွှတ်ထားနဲ့။ သူ့ရဲ့ဒီအကျင့်ကြီးနဲ့ သင်တစ်သက်လုံးနေနိုင်လား စဉ်းစား! သူရှုပ်သမျှ ကိုယ်လိုက်ရှင်းနေရတာဆိုရင် မဟုတ်သေးဘူးလေ။

နောက်တစ်ချက် အတင်းပြောလွန်းတဲ့မိန်းမ။ အရမ်အတင်းပြောလွန်းတဲ့ မိန်းကလေးဆို နောက်တစ်ချိန်ပြဿနာတက်လာနိုင်တယ်။ သူ့ရဲ့စကားကြောင့် ဟိုဒီပျံကုန်ပြီး မတရားပြောခံရတဲ့လူတွေ ရန်လာမတွေ့ဘူးလို့ ဘယ်ပြောလို့ရမလဲ။ မနာလိုစိတ်ကင်းတဲ့ မိန်းကလေးမျိုးကိုရွေးချယ်ပါ။ လူတိုင်းကိုယ့်ထက်သာတဲ့လူကိုမြင်ရင် မနာလို၊ အားကျစိတ်တော့ဖြစ်မိကြမှာပါပဲ။ အဲ့စိတ်က
အချိန်ခဏလေးဖြစ်သွားတာ ကိစ္စမရှိပေမယ့် အချိန်ကြာကြီး ရင်ထဲကိန်းအောင်းထားတဲ့ မိန်းမမျိုးဆို မဖြစ်သေးဘူးနော်။

အကျင့်စရိုက်တော့ကောင်းတယ်။ ရုပ်ဆိုးလည်း အိမ်ထောင်ဖက်အဖြစ်ရွေးချယ်လိုက်လို့တော့ မဆိုလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်ကလည်း ခံစားရလို့ရဦးမှ ဖြစ်မှာကိုး။ ရုပ်ရည်ပြေပြစ်ပြီး အကျင့်စရိုက်အေးတဲ့ မိန်းကလေးတွေလည်းရှိပါတယ်။ ဟာသဥာဏ်ရွှင်တဲ့ မိန်းကလေးမျိုးဆို
အပိုဆုပဲ။ နောက်ပြီး ပိုက်ဆံစေ့စေ့စပ်စပ်သုံးတတ်တဲ့ မိန်းကလေးမျိုး ။ ချွေတာသင့်နေရာမှာ ချွေတာ၊ သုံးသင့်တဲ့နေရာ သုံးမှအဆင်ပြေမယ်။ မလိုအပ်တာတွေလျှောက်သုံးနေရင်လည်း ကိုယ်ရှာသမျှက အလကားပဲလေ။ ” ဇွဲမကောင်းဘဲနဲ့တော့ မိန်းမချောတစ်ဦးရဲ့မေတ္တာကို မရနိုင်ဘူး” တဲ့
ဒီလိုလက္ခဏာတွေနဲ့ ပြည့်စုံနေတဲ့ မိန်းကလေးမျိုးဆို လက်လွှတ်လို့မဖြစ်ဘူးလေ။ အားလုံးပဲ အိမ်ထောင်ဖက်ရွေးချယ်ရာမှာအဆင်ပြေကြပါစေ။

879 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.