အခုချိန်ထိဘာလို့singleဖြစ်နေတာလဲလို့လာလာမေးနေကြတဲ့သူတွေ သိစေဖို့

အချိန်တန် အရွယ်ရောက်ရင် အားလုံးဟာ သူ့လက်တွဲဖော်နဲ့သူဘ၀ ကိုလျှောက်လှမ်းဖြတ်သန်းကြတာသဘာဝပါ။ ဒါပေမဲ့ တစ်ချို့လူတွေဟာ ရုပ်ရည်ကော၊စီးပွားရေးကော အသက်အရွယ် အားဖြစ်ရော အားလုံးသင့်တော်နေကြပမဲ့ အခုချိန်ထိ ဘာလို့လက်တွဲဖော် မရှိ ကြသေးတာလဲ ။ ဘာအကြာင်းအရာတွေက သူတို့ရဲ့single ဘ၀ကို ကြာကြာထိန်းထားကြတာလဲဆိုတဲ့ singleဖြစ်ရခြင်းရဲ့ အကြောင်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်…

(၁) အပူမရှာချင်ကြလို့
ရည်စားထားပြီး ဒီချစ်သူ အပေါ် မခွဲချင်တဲ့စိတ်တွေ၊ စိုးရိမ်တဲ့စိတ်တွေ ၊ ချစ်တက်စိတ်တွေ၊ သ၀န်တိုမှုတွေနဲ့ ပြည့်နေတဲ့ အပူဆင်းရဲမျိုးကို မခံစားချင်ကြလို့ပါ။ ပျော်ရွှင်မှုကြီးပဲ အမြဲမရှိနိုင်ဘူးလေ ၊ ဒါကြောင့်ဒီလိုဒုက္ခတွေ မခံစားနိုင်လို့ တစ်ကိုယ် တည်းဘ၀နဲ့နေနေကြတာပါ။

(၂) ပြီးပြည့်စုံတဲ့ချစ်သူကိုရှာနေကြတာ
ကြိုက်မဲ့သူတွေဝိုင်းဝိုင်းလည်နေပင်မဲ့ ဘယ်လိုချစ်သူမရသေးတာလဲဆိုတဲ့အဖြေကဒီမှာပါ။ လာကြိုက်တဲ့သူတွေဘယ်လောက်ပဲများများကိုယ့်စိတ်ကြိုက် မတွေ့ပဲ ဟိုဟာ မပြည့်စုံဘူး၊ဒါလိုအပ်ချက်ရှိသေးတယ်ဆိုပြီး စိတ်ကြိုက်ရွေးနေရင်းနဲ့တစ်ယောက်တည်းသမားဖြစ်နေတာပါ။

(၃) လွတ်လပ်မှုကိုသဘောကြလို့
ချစ်သူရည်းစားရှိတဲ့အခါ လွတ်လပ်မှုကို ပြည့်ဝစွာ မခံစားရနိုင်တော့မှာ စိုးရိမ်ကြပါတယ်။ အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ အပြင်မထွက်ရတော့မှာ အရင်လို ၀တ်ချင်တာဝတ်စားချင်တာမစားရပဲ အပိတ်ပင်ခံရမဲ့ဘ၀မျိုးကို မုန်းကြပါတယ်။ ဒါကြောင့်ပိတ်ပင် ခြင်းကိုကြောက်လို့single
ဲဖြစ်နေရတာပါ။

(၄) မှားမှာ ကြောက်လို့
ကိုယ်က ချစ်သူရည်းစားထားပြီး သူ့ကို ချစ်မိတဲ့အချိန်ကြမှ သူကမကောင်းတဲ့သူဖြစ်နေတာမျိုး ၊ မိဘအသိုင်းအ၀ိုင်းရှေ့ရောက်မှ ကွဲကွာ ကြရတာမျိုး အကြောင်းအမျိုးမျိုးကြောင့်ရွေးချယ်မှု မှားယွင်းမှာကို စိုးရိမ်ကြပြီး စဉ်းစားရင်းစဉ်းစားရင်းနဲ့ တစ်ကိုယ်ရည်သမားဖြစ်နေကြတာပါ။

(၅) မျှော်လင့်နေတာ
ကိုယ်လိုချင်တဲ့perfectပုံစံမျိုး တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာမှာရှိနေမှာပဲ ဆိုတဲ့စိတ်နဲ့ လက်ရှိဘေးကလူတွေကို မေ့ပြီး စောင့်ဆိုင်းတက်နေတက်ကြပါတယ်။ ဒါကြောင့် ခုချိန်ထိရောက်မလာသေးတာကို မျှော်ရင်း single ဘ၀မှာနေနေတာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.