ဒုတိယရင်သွေးလေးမွေးဖွားခါနီးပြီလို့ ပရိသတ်တွေကိုအသိပေးခဲ့တဲ့ မင်းသမီးချော Jun Ji Hyun

မင်းသမီးချောလေး Jun Ji Hyun ဟာသူမရဲ့ ဒုတိယမြောက်ရင်သွေးလေးမွေးဖွားဖို့အတွက် ရင်ခုန်စွာနဲ့စောင့်မျှော်နေပါတယ်။သူမရဲ့ အေဂျင်စီဖြစ်တဲ့ Culture Depot က “Jun JiHyunရဲ့ ကိုယ်ဝန်ဟာ ၃၆ပတ်ရှိနေပါပြီ။အဲ့ဒါကြောင့် လာမယ့်ဇန်န၀ါရီနောက်ဆုံး ပတ်လောက်မှာမွေးဖွားဖို့မျှော်လင့်ထားတယ်” လို့ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။

အေဂျင်စီကပဲထပ်ပြီး “ဒုတိယရင်သွေးလေးဟာ ယောက်ျားလေးဖြစ်ပါတယ်။အဲ့ဒါကြောင့်Jun Ji Hyunဟာ မွေးဖွားဖို့အနားယူအားမွေးနေပါတယ်”လို့ပြောပြခဲ့ပါတယ်။

Jun Ji Hyunဟာ ၂၀၁၂တုန်းက Choi Jun Hyuk နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး ပထမဆုံးသားဦးလေးကို၂၀၁၆ ဖေဖော်ဝါရီမှာ မွေးဖွားခဲ့တာပါ။ဒီနှစ်ဇွန်လမှာတော့ ဒုတိယရင်သွေးလေးရှိနေတာကိုအတည်ပြုခဲ့ပြီးမကြာခင်မှာတော့ လူ့လောကထဲကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Source:Soompi

709 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.