ခွေးလေးတွေ သင့်ရဲ့ မျက်နှာပေါ်လျှာနဲ့သပ်တာကို ခွင့်ပြုထားတာဟာ အသက်သေစေတဲ့အထိဖြစ်နိုင်

ခွေးလေးတွေဟာမိသားစုဝင်တစ်ယောက်လိုပါပဲ။ခွေးချစ်သူတိုင်းကတော့ ဒီကိစ္စကို လက်ခံချင်မှာမဟုတ်ပါဘူး။သူတို့ဟာခွေးလေးတွေကိုအိပ်ရာပေါ်တင်အိပ်ခိုင်းပြီး ခွေးလေးတွေနဲ့ဖက်လှဲတကင်းကစားလေ့ရှိပါတယ်။ဒါကတော့ ပြဿနာ မရှိသေးပါဘူး။ခွေးလေးတွေက ချစ်လို့ဆိုပြီးသခင်တွေရဲ့မျက်နှာကို လျှာနဲ့သပ်လေ့ရှိပါတယ်။ဒါကိုတော့လက်မခံသင့်ပါဘူး။

ခွေးလေးတွေရဲ့ခန္ဓာကိုယ်မှာရောဂါပိုးမွှားတွေကပ်တွယ်နိုင်သလို သူတို့ရဲ့ပါးစပ်ထဲမှာလည်း ဘတ်တီးရီးယားပိုးတွေရှိတတ်ပါတယ်။လန်ဒန်မြို့၊Queen Mary တက္ကသိုလ်မှ ရောဂါပိုးမွှားနဲ့ဘတ်တီးရီးယားရှာဖွေလေ့လာသူပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ John Oxford ဟာ “ဘတ်တီးရီးယားတွေကူးစက်တဲ့အခါ လူကိုသေစေနိုင်တဲ့အထိဖြစ်တတ်ပါတယ်။အဲ့ဒီထဲကမှ ခွေးလေးတွေရဲ့ သားရည်မှာနေထိုင်ပေါက်ဖွားတဲ့ Capnocytophaga Canimorsus ဆိုတဲ့ဘတ်တီးရီးယားပိုးကလည်းလူကိုသေစေတဲ့အထိဖြစ်စေပါတယ်။အဲ့ဒီပိုးကူးစက်ခံရရင်အင်္ဂါအစိတ်အပိုင်းတွေပျက်စီးပြီးသေဆုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။ခွေးလေးတွေရဲ့ နှာခေါင်းနဲ့လျှာဟာ ဘတ်တီးရီးယားတွေခြေချပေါက်ဖွားရာနေရာတွေဖြစ်ပါတယ်။ရောဂါပိုးကူးစက်ခံရရင်တောင်လက္ခဏာတွေကိုကြိုတင်မသိနိုင်ပါဘူး။ဘာလို့လဲဆိုရင် အဲ့ဒီရောဂါလက္ခဏာဟာ ပုံမှန်အအေးမိတုပ်ကွေးဖြစ်တာနဲ့သွားတူနေတတ်ပါတယ်။သတိထားမိမယ်ဆိုရင်တော့ ဘတ်တီးရီးယားကူးစက်ခံရတဲ့အခါ သာမန်ဖျားနာအအေးမိတဲ့အချိန်ထက် ပိုပြီးမြန်ဆန်စွာဖျားနာအအေးမိတတ်ပါတယ်”လို့ပြောပြခဲ့ပါတယ်။

အဲ့ဒါအပြင်ခွေးလေးတွေနဲ့ဖက်လှဲတကင်းကစားနေတာက ပွေးနာ၊ပွေးရောဂါ လည်းဖြစ်လာစေနိုင်ပါတယ်။ အခုကစပြီး ခွေးလေးတွေနဲ့ကစားပြီးရင် သေချာသန့်စင်ဆေးကြောဖို့မမေ့ပါနဲ့။သူတို့ရဲ့လျှာကိုတော့ သင့်ရဲ့မျက်နှာပေါ် လုံးဝမသပ်မိစေဖို့တော့သေချာသတိထားပါ။

Source:Rachfeed

 

 

253 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.