အကင်တွေ ကြပ်ခိုးရိုက်ထားတဲ့အကြော်တွေက ကင်ဆာဖြစ်စေတယ်ဆိုတာ ကြားဖူးနားဝရှိကြမှာပါ။ တကယ်တမ်းတော့ ကင်ဆာဖြစ်စေတဲ့အစားအစာတွေဆိုတာက များပြားကျယ်ပြန့်သလို ကိုယ်ဘယ်လိုမှထင်မထားတဲ့အရာတွေကလည်း ကင်ဆာအားပေးအစားအစာတွေဖြစ်ရင်ဖြစ်နေတတ်တာပါ။ အများဆုံးစားသုံးနေဖြစ်တဲ့ထဲက ကင်ဆာရောဂါကို လက်ကမ်းကြိုနေတဲ့ အစားအစး
တွေကိုဖော်ပြရရင်တော့……
ပြည့်ဝဆီတွေ
နံပါတ်မှာတစ်ကတော့ ပြည့်ဝဆီတွေ ပြန်သုံးဆီတွေပါပဲ။ အကောင်ပလောင်တွေကနေထုတ်ထားတဲ့အဆီတွေနဲ့ တစ်ခါသုံးပြီးထပ်သုံးခြင်းခံရတဲ့ဆီတွေက အလွယ်တကူကင်ဆာဖြစ်စေပါတယ်။
ဆီဆိုတာကတော့ နေ့စဉ်ဘဝမှာ မသုံးမဖြစ်သုံးနေရတဲ့အရေးတကြီးလိုအပ်ချက်ပါ။ ငါးကြော်ပြီးတဲ့ဆီတွေကို ဟယ်နှမျောစရာကြီးဆိုပြီး အခြားဟင်းတစ်ခွက်အတွက်သုံးဖြစ်လိုက်တဲ့အချိန်တွေလည်းရှိမှာပါ။ငါးကြင်းဆ်ီနဲ့ငါးကြင်းကြော်တယ်ဆိုသလိုပေါ့။ တစ်ခါတစ်လေပြန်သုံးမိတာကနေစလို့ ခဏခဏပြန်သုံးဖြစ်တဲ့အကြိမ်အရေအတွက်များလေလေ ကင်ဆာဖြစ်ဖို့သေချာလေလေပါပဲ။
အသင့်စားအစားအစာတွေ
အသင့်စားအစားအစာတွေထဲမှာ ခေါက်ဆွဲပြုတ်ကနေစလို့ ကိုရီးယားကင်တွေ ပြုလုပ်ပြီးပလတ်စတစ်တဲ့ပိတ်ထားတဲ့ ဘာဂါတွေ ဟော့ဒေါ့တွေပါပါတယ်။ များသောအားဖြင့်တော့ အဲဒါတွေကိုလူငယ်တွေစားတာများတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ကင်ဆာက လူကြီးလူငယ်မရွေးဒုက္ခပေးမှာပါ။
သေချာကျက်အောင်မပြုလုပ်ထားတဲ့ အသားငါးတွေ
ရေဘဝဲသုပ်ကလေး အချဉ်လေးနဲ့ကျက်အောင်လုပ်ပြီးစားလိုက်တယ်တို့ ဂုံးကင်တွေ မကျက်တကျက်တထုတ်ထုတ်နဲ့ ဝါးလို့ကောင်းလိုက်တာတို့ သင်ပြောနေချိန်မှာ ကင်ဆာကလည်း သင့်ကိုယ်ထဲကနေ အစွယ်တမြားမြားနဲ့ငါလည်းကြီးထွားအာဟာရဖြစ်ရတာကောင်းလိုက်တာလို့လိုက်ပြောနေမှာပါ။
သဘာဝမဟုတ်တဲ့ အချိုရည်တွေ
များသောအားဖြင့်တော့ ဘူးနဲ့လာတဲ့အချိုရည်တွေလို့ပြောရပါမယ်။ ဘယ်လောက်ပဲ လိမ္မော်ရည်လို့ပြောပြော ဘူးပေါင်းတစ်သန်းလောက်အတွက် တကယ့်လိမ္မော်သီးတွေကို ဘယ်သူညှစ်နိုင်မလဲ။
မုန့်အချိုတွေ
ရှင်းပါတယ်။ အဓိကက သကြားပါပဲ။ သကြားစားခြင်းဟာ ကင်ဆာတင်မက ဆီးချိုသွေးချိုကဲ့သို့သောအခြားရောဂါပေါင်းမြောက်များစွာကို လက်ယပ်ခေါ်နေပါတယ်။ အဲ့လိုဆိုပြီး ဘလက်ကော်ဖီတွေပဲနေ့တိုင်းသောက်နေရင်လည်း နှလုံးရောဂါနဲ့ မရဏလမ်းကိုကြွမြန်းပါလိမ့်မယ်။
စည်သွပ်ဗူးတွေ
ငါးသေတ္တာတို့ ကြက်သားဟင်းစည်သွပ်ဗူးတို့ဟာ ဘယ်လောက်ပဲအချိန်ကုန်သက်သာပြီးကျန်းမာရေးနဲ့ညီညွတ်၊စားလို့လည်းကောင်းလို့ ကြော်ငြာတာတွေကို ယုံပြီး အဲ့ဒါတွေသာအမြဲစားနေမယ်ဆိုရင်ဖြင့် သင်ဘဝဆုံးဖို့ကိန်းရှိပါတယ်။
အယ်လ်ကိုဟောပါတဲ့အရည်တွေ
ဒန်တန်ဒန်…….. ရစ်ထုပ်တွေ အသက်ဘေးနဲ့ဝေးချင်ရင် အချိန်မီ အရက်ဖြတ်ကြပါ။ အယ်လ်ကိုဟောဟာ ကင်ဆာရောဂါပေါင်းများစွာနဲ့ဆက်သွယ်နေပါတ်ယ်တဲ့။ အရက် ဘီယာ ဘာညာသာရကာ အကုန် အယ်လ်ကိုဟောပါတာပဲနော်။ အရက်ဖြတ်လိုက်ပြီ ဘီယာပဲသောက်တော့မယ်တွေဘာတွေ လက်တလုံးခြားမလုပ်နဲ့။