တစ်စုံတစ်ယောက်ဆီက အချစ်ကိုဘယ်လိုယူသင့်လဲ

အချစ်ဆိုတာ ဖန်တီးပြီး ယူလို့ရတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်တဲ့လူတစ်ယောက် ဆီကအချစ်ကို ပြန်လိုချင်ရင် ကြိုးစားယူသင့်ပါတယ်။ ဖန်တီးယူလို့မရနိုင်ပင်မဲ့ သူလည်းလွတ်လပ်တဲ့သူတစ်ယောက်ကိုယ်လည်းလွတ်လပ်တဲ့လူတစ်ယောက်ဆိုရင် သူ့ဆီကအချစ်ရဖို့မျှော်လင့်ချက်ရှိပါသေးတယ်။ ကြိုးစားကြည့်လို့အရှုံးမှမရှိပဲလေနော်။ ဒါဆို တစ်စုံတစ်ယောက်ဆီက အချစ်ကိုရဖို့ဘယ်လိုကြိုးစားသင့်လဲ…..

(၁) အမှန်တရားကိုချပြပါ
ကိုယ့်ဘ၀ရဲ့  အခြေအနေ ကိုယ်ရဲ့နောက်ခံမိသားစု ကအစ ကိုယ့်ရဲ့တကယ့်အမှန်တရားအစစ်ကိုချပြပါ။ တစ်ချို့က ကိုယ်ရဲ့မကောင်းတဲ့အကြောင်းတွေသူသိရင်မုန်းသွားမှာပဲ လို့တွေးပြီး လျိုထားတက်ကြပါတယ်။ တစ်စုံတစ်ယောက်ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို လိုချင်ရင်တော့ ကိုယ်ရဲ့အမှန်တရားကိုချပြဖို့ဝန်မလေးပါနဲ့။
(၂) သဘောထားကြီးပေးပါ
လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့ရဲ့တစ်ချို့အားနည်းချက်တွေ ၊ အမှားတွေရှိလာရင် စိတ်ရင်းမှန်နဲ့သဘောကြီးကြီး ဆက်ဆံပေးပါ။ ဒါမှသူ့စိတ်ထဲမှာ ကိုယ်နဲ့ပတ်သတ်ရတာဝန်မလေးပဲ ကိုယ့်အပေါ်ထားတဲ့သူ့ရဲ့စိတ်မှာမေတ္တာတွေ တန်ပြန်ရှိနေနိုင်ပါတယ်။
(၃) စိတ်ကိုညို့ယူဖမ်းစားပါ
ကိုယ်ရဲ့အပြုမူတွေဟာ သူနဲ့ပတ်သတ်လာရင် နက်ရှိုင်းကြောင်းထင်ပေါ်နေပါစေ။ ဥပမာ-တစ်ခြားသူပြောရင် နားမထောင်တက်တဲ့အရာတစ်ခုကို သူပြောရင် နားထောင်တက်တာမျိုး၊ လူအများကြီးရှေ့ မှာလည်းမရှက်မကြောက်နဲ့သူ့အတွက်ဆို လုပ်ပေးတက်တာမျိုးအာ့လို အပြုမူလေးတွေနဲ့သူ့စိတ်ထဲကအချစ်ကို ဖြည်းဖြည်းချင်း ဆွဲယူပါ။
(၄) သူ့အတွက် Listenerကောင်းကောင်းဖြစ်ပါစေ
သူစိတ်ပင်ပန်းနေချိန် စိတ်မကောင်းဖြစ်နေချိန်တိုင်းမှာ ဒါလေးနဲ့များစိတ်ညစ်ရလားဆိုတာမျိုး မဟုတ်ပဲ သူရဲ့ဖြစ်ကြောင်းကုန်စင်ကို စိတ်ရှည်ရှည်နားထောင်ပေးတက်ပြီး သူငယ်ချင်းကောင်းကဲ့သို့တိုင်ပင်ရာ၊မိသားစုကဲ့သို့ခိုလှုံရာ သူတစ်ယောက်ဖြစ်နေပါစေ။ ဒါမှသူ့စိတ်ထဲမှာ အော် ငါ့ရဲ့အားနည်းချိန်တိုင်းသူရှိပါလားဆိုပြီးသတိထား မိကာ ကိုယ့်အပေါ်အရင်ကထက်ပိုပြီး မေတ္တာ ထားလာပါလိမ့်မယ်။
(၅) အတင်းအကြပ် မလုပ်ပါနဲ့
ဘယ်အရာမဆို သူ့အပေါ်တစ်ဇွတ်ထိုးမဆက်ဆံပါနဲ့။ မလုပ်ချင်တဲ့အရာကို အတင်းလုပ်ခိုင်းတာမျိုး မစားချင်တာအတင်းစားခိုင်းတာမျိုး မလုပ်ပါနဲ့။ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် အရမ်း တင်းကြပ်တဲ့လူမျိုးကို ချစ်နေရင်တောင် ကြာကြာမနေနိုင်ကြပါဘူး။
(၆) စစ်မှန်တာပဲပေးပါ
ကိုယ်တိုင်တောင်စစ်မှန်တဲ့အချစ်နဲ့သူ့အပေါ်မချစ်ဘူးဆိုရင် သူ့ ဆီကလည်းစစ်မှန်တဲ့အချစ်ရဖို့မမျှော်လင့်ပါနဲ့။ ကိုယ်တိုင်မေတ္တာစစ်နဲ့ကြိုးစားကြည့်ပါ။
တစ်စုံတစ်ယောက်ကိုယ့်ကို ချစ်လာဖို့မလွယ်ပေမဲ့ ကိုယ်ကလိုချင်ရင်တော့ကြိုးစားကြည့်ပါ။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတဲ့စကားက ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ကိုယ်မျှော်လင့်တဲ့အချစ်ကိုယ်စီကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းရင်း…..

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.