“While You Were Sleeping” ဇာတ်ကားမှအနုပညာမောင်နှမတွေရဲ့ အမှတ်တရညစာစားပွဲ

ပရိသတ်တွေအသည်းစွဲမင်းသားဖြစ်တဲ့ Lee Jong Suk နဲ့ မင်းသမီးအဆိုတော်ချောလေး Suzy တို့ပါဝင်သရုပ်ဆောင်ထားတဲ့“While You Were Sleeping” ဇာတ်လမ်းတွဲကို အားလုံးကြည့်ပြီးသွားကြပြီလို့ထင်ပါတယ်။မကြည့်ရသေးတဲ့သူတွေကိုလည်း ကိုရီးယားဇာတ်လမ်းတွဲဆန်းဆန်းလေးဖြစ်လို့ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။မင်းသားတွေကလည်းအချော၊မင်းသမီးတွေကလည်းအချောနော်။ ဇာတ်လမ်းတွဲကို စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ထုတ်လွှင့်ပြသခဲ့တာပဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၇ရက်နေ့ကတော့ “While You Were Sleeping” ရိုက်ကူးရေးအဖွဲ့ဝင်တွေ၊ မင်းသား၊မင်းသမီးတွေအားလုံး အမှတ်တရအဖြစ် ညစာအတူစားခဲ့တယ်လို့သိရပါတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါသေးတယ်။အတူစုပေါင်းရိုက်ထားတဲ့ဓာတ်ပုံကို မင်းသားချောလေး Jung Hae In က သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပြီး “ကျွန်တော်ချစ်သော ၊ကျေးဇူးတင်ရသောသူများနဲ”့ လို့ရေးသားထားပါတယ်။

နောက်ထပ်မင်းသားတစ်လက်ဖြစ်တဲ့ Lee Sang Yeob ကလည်းသူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပြီး “ကျွန်တော်ခင်ဗျားတို့အားလုံးကိုတကယ်ချစ်တယ်”ဆိုပြီးရေးသားခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာသာလူဆိုး၊လူကောင်းခွဲခြားသရုပ်ဆောင်ရပေမဲ့ အပြင်လောကမှာတော့ ရင်းနှီးချစ်ခင်ကြတဲ့အနုပညာမောင်နှမတွေဖြစ်ကြပါတယ်။ ပရိသတ်တွေလည်းသူတို့တွေရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုမြင်တွေ့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

746 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.