စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းကို ဘယ်လိုအားပေးနှစ်သိမ့်မလဲ?

သင့်သူငယ်ချင်းမိတ်ဆွေတွေထဲမှာ အဆင်မပြေတာတစ်ခုခုကြောင့် စိတ်ပျက် အားလျော့နေတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့လူတွေရှိနေပါသလား? သူတို့အတွက် တစ်ခုခုလုပ်ပေးချင်နေတဲ့စိတ်၊သူတို့ကိုပြန်ပြီးအားတက်လာအောင်လုပ်ပေးချင်နေတဲ့စိတ်ရှိမယ်ဆိုရင် ဒီနည်းလမ်းလေးတွေကိုဖတ်ကြည့်လိုက်ပါ။

၁။သူတို့အနားမှာနေပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘယ်သူနဲ့မှမတွေ့ချင်ပဲအခန်းထဲမှာ တစ်ယောက်တည်းနေချင် စိတ်ဖြစ်နေတယ်လို့လူတိုင်းကထင်ကြပါတယ်။ပြီးတော့ သူတို့ကိုစိတ်ငြိမ်အောင် တစ်ယောက်တည်းနေခိုင်းထားပြီး အချိန်ကြာရင်အဆင်ပြေသွားလိမ့်မယ်ဆိုပြီး တွေးတတ်ကြတယ်။ တကယ်တော့ မှားပါတယ်။ စိတ်ဓာတ်ကျနေတဲ့ အချိန်၊စိတ်ညစ်နေတဲ့အချိန် သူတို့ရဲ့အနားမှာ အားပေးနှစ်သိမ့်ပေးမယ့်သူတွေရှိနေတာ ကိုလိုချင်တာပါ။ အဲ့လိုအချိန်မှာ သူတို့အနားမှာခွေးလေးတွေ၊ကြောင်လေးတွေရှိနေရင်တောင်သူတို့ရဲ့အထီးကျန်စိတ်လျော့နည်းနိုင်ပါတယ်။

၂။အပြင်ကိုခေါ်ထုတ်ပါ။

စိတ်ညစ်နေတဲ့အချိန်တစ်ယောက်တည်းအိမ်မှာရှိနေမယ်ဆိုရင်ပိုပြီးအထီးကျန်ဝမ်းနည်းဖို့ကောင်းပါတယ်။သင်က သူတို့ကိုအပြင်ကိုခေါ်ထုတ်ဖို့လိုပါတယ်။အပြင်လောကနဲ့ထိတွေ့မှုရှိမှ ကိုယ်တစ်ယောက်တည်း စိတ်ဆင်းရဲမှုတွေကိုခံစားနေရတာမဟုတ်တဲ့အကြောင်း ၊လောကကြီးမှာကိုယ်တစ်ယောက်တည်းပြဿနာတွေရှိနေတာမဟုတ်တဲ့အကြောင်း တွေးမိလာမှာပါ။သင်က သူတို့အပေါ်ဂရုစိုက်ပြီးသူတို့ရဲ့စိတ်ကိုအားပေးပါ။

၃။ခရီးထွက်ပါ

စိတ်ဓာတ်ကျ၊အရှုံးပေးနေတဲ့အချိန်လူတွေနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့သူတစ်ယောက်အတွက်အကောင်းဆုံးနည်းလမ်းကခရီးထွက်တာပါ။စိတ်ဓာတ်ကျ၊အရှုံးပေးနေတဲ့သူတို့ကိုခေါ်ပြီး ခရီးထွက်ပါ။ခရီးထွက်တာက စိတ်ရောလူပါအနားပေးရာရောက်ပြီးအကြံဥာဏ်ကောင်းတွေ ထွက်လာစေပါတယ်။

၎။အကြံဥာဏ်ကောင်းတွေပေးပါ

အချစ်ရေးကြောင့်စိတ်ညစ်နေတာလား၊လူမှုကိစ္စတွေ၊မိသားစုကိစ္စတွေကြောင့်စိတ်ညစ်နေတာလား သိပြီဆိုရင် သူတို့အတွက်ကောင်းမွန်တဲ့အကြံဥာဏ်တွေပေးပါ။ စိတ်ရှုပ်ထွေးနေတဲ့ အချိန်ဖြစ်လို့ပြဿနာအတွက်အဖြေကို သေချာစဉ်းစားနိုင်မှာမဟုတ်ပါဘူး။သူတို့လိုအပ်နေတာ သူတို့အတွက်သင့်တော်ကောင်းမွန်တဲ့အကြံဥာဏ်ပေးသူတွေပါ။

၅။သူတို့နဲ့အတူမျှဝေခံစားပါ။

ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ဘယ်ကိစ္စမဆိုကိုယ်တိုင်မခံစားဖူးဘူးဆိုရင် သူတို့ရဲ့ခံစားချက်အတိမ်အနက်ကိုမသိနိုင်ပါဘူး။သူတို့စိတ်ရှုပ်ထွေးအားငယ်နေတဲ့အချိန်မှာ တစ်ယောက်တည်းနေချင်တယ်၊တစ်ယောက်တည်းထားထားပါလို့ပြောပါလိမ့်မယ်။ဒါပေမဲ့ ထွက်မသွားပဲနဲ့သူတို့ကိုမြင်နိုင်မယ့်နေရာမှာနေပါ။စကားတွေလည်းအများကြီးမပြောပဲ အတူတူရှိနေပေးရုံက သူတို့အတွက်အင်အားဖြစ်စေပါတယ်။ အချိန် ခဏလောက်ကြာရင်တော့ သူတို့ရင်ထဲမှာခံစားနေရတဲ့ခံစားချက်တွေ၊စိတ်ညစ်မှုတွေကိုသင့်ကိုပြောပြပါလိမ့်မယ်။

အထီးကျန်အားငယ်နေတဲ့အချိန်မှာအလိုအပ်ဆုံးက…လူတွေအများကြီးအနားမှာရှိနေတာထက် သူတို့အပေါ်နားလည်ပြီးသူတို့ရဲ့ခံစားချက်ကိုဖွင့်ပြောပြဖို့အဆင်ပြေတဲ့လူတစ်ယောက်ရှိနေဖို့ပါပဲ။မျှဝေခံစားပေးမယ့်သူမရှိဘူးဆိုရင် ဒီလောကကြီးမှာအသက်ရှင်နေထိုင်ရတာသိပ်ကိုပင်ပန်းတယ် မဟုတ်လား။ကိုယ်အထီးကျန်စိတ်ညစ်နေတဲ့အချိန်ကိုယ့်အပေါ်စိတ်ရောကိုယ်ပါချစ်ခင်ပြီး အားပေးနှစ်သိမ့်ပေးမယ့်သူတစ်ယောက်တော့ လူတိုင်းလိုချင်ကြပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.