ပရိသတ်ရှေ့မှာစကားပြောရတော့မယ်ဆိုရင်

အကြောင်းအမျိုးမျိုးကြောင့် ပရိသတ်ရှေ့စကားပြောရတော့မယ်ဆိုရင် ရုတ်တရက် လူတိုင်းကြောက်စိတ်မွှန်သွားတတ်ကြပါတယ်။ ငါဖြစ်မှဖြစ်ပ့ါမလားဆိုတဲ့ အတွေးက အရင်ဆုံးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိအောင် လုပ်ပစ်လိုက်တယ်။ ကိုယ်ပြောမယ့်အကြောင်းအရာက အမျိုးမျိုးဖြစ်နိုင်တာကြောင့် ပရိသတ်ရှေ့စကားပြောတဲ့အခါပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကိုပဲ
ဝေမျှပေးလိုက်ပါတယ်။ အခြေခံအချက်ကတော့ ပရိသတ်ရှေ့စကားပြောမယ့် ကိုယ့်ရဲ့ပါးစပ်၊
နောက်ထပ်ဘာပြောရမလဲ စဉ်းစားပေးမယ့် ဦးနှောက်နဲ့ ခြေထောက်နှစ်ချောင်းပဲဖြစ်ပါတယ်။

စကားပြောတဲ့အခါ လူတွေနားထဲ ကိုယ့်ရဲ့စကားသံဟာ ပီသပြတ်သားနေဖို့လိုပါတယ်။ ဗလုံးဗထွေးနဲ့ဆိုရင် ဘာတွေပြောနေမှန်းမသိလို့ စိတ်ဝင်စားမှုလျော့နည်းလိမ့်မယ်။ ကိုယ် ,ကိုယ်တိုင်ပြောနေတာတောင် မကြားတာမျိုးဆိုအဆင်မပြေဘူး။ ဒါကြောင့် ကိုယ့်အသံဟာ ကြည်လင်ပြတ်သားနေဖို့
လိုပါတယ်။

ဦးနှောက်က နောက်ထပ်ကိုယ်ဘာပြောရမလဲဆိုတဲ့ အကြောင်းရာတွေကို အစဉ်လိုက်တိုင်း မှတ်မိနိုင်ဖို့လိုပါတယ်။ မှတ်မိနေဖို့ဆိုတာလည်း လေ့ကျင့်မှဖြစ်တာ။ အချိန်ပေးပြီး လေ့ကျင့်ထားမှ စင်ပေါ်တက်တဲ့အခါ ကိုယ်ကအမှားမရှိနိုင်မှာလေ။ လေ့ကျင့်တဲ့အခါ မှန်ရှေရပ်၊ စကားပြော၊ ကိုယ့်ရဲ့ပုံစံကြည့်ကောင်းရဲ့လား သေချာသုံးသပ်။ ပြီးရင် အခြားလူကို ကိုယ့်အသံနားထောင်
ခိုင်းကြည့်။ ဒါမှလည်း အလုပ်ဖြစ်မယ်။ မရသေးဘူး … နားထောင်လို့မကောင်းသေးဘူးဆို ဘယ်လိုစကားလုံးအစားထိုးထည့်ရင် အဆင်ပြေမလဲ..သေချာစိစစ်ပါ။

နောက်တစ်ဆင့် တကယ့်ပွဲမှာ ကိုယ်တက်ပြောနေသလို စမ်းကြည့်ပါ။ ဗီရိုအပုလေးတစ်လုံးနဲ့ အမြင့်တစ်နေရာမှာတက်ပြီး ကိုယ်နေဟန်ထား ၊ ခြေထောက် .. ကြိုက်သလို ချိန်ဆယူပါ။ မှန်ကလည်း အရှေ့ကနေထောင်ထား။ မိုက်နဲ့လည်း အချိန်ဆညီဖို့လိုတယ်။ အရမ်းဝေးရင် အသံတိုးသွားနိုင်တယ်။ စကားပြောနေရင်း လှုပ်ရှားပေးပါ။ လှုပ်ရှားလိုက်လို့ မိုက်နဲ့ ကိုယ်ကွာသွားမျိုးမဖြစ်ပါစေနဲ့။

နောက်ဆုံးကတော့ လူအုပ်ကိုမကြောက်ပါနဲ့။ ကိုယ်နဲ့ပရိသတ် လိုက်ရောညီထွေရှိပြီး တစ်သားတည်းဖြစ်နေပါစေ။ ကိုယ်အရမ်းတတ်နေတဲ့ လေသံမျိုးနဲ့လည်း မပြောမိပါစေနဲ့။ လူအုပ်ထဲက တကယ်စိတ်ဝင်တစားနားထောင်နေတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူ့ကိုယ်ပြောပြနေတယ်လို့ သဘောထားပြီးပြောလည်း စိတ်သက်တောင့်သက်သာရစေပါတယ်။ ဒီအချက်လေးတွေသိထား
မယ်ဆို ပရိသတ်ရှေ့စကားပြေ့ရာမှာ အဆင်ပြေချော့မွေ့ပါလိမ့်မယ်။ ကံကောင်းပါစေ !

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.