စာဖတ်ခြင်းရဲ့  အနှစ်သာရ

စာဖတ်ရာမှာ အသက်ရွယ်လိုက်အကြိုက်တွေ ကွာသွားတတ်ပါတယ်။ ငယ်ငယ်တုန်းကဆို ကာတွန်းလေးတွေဖတ်ရာကနေ၊ နည်းနည်းအရွယ်ရောက်လာတော့ ဝတ္ထု ၊ ဒီထက်ပိုပြီး လူကြီးဖြစ်လာတော့ ဘဝအတွက် အကျိုးရှိမယ့်စာတွေ ဖတ်လာကြတယ်။ တစ်ချို့ကဒီစာတွေကို ဖတ်ရမှာ
သိပ်ပျင်းကြပါတယ်။ ဖတ်တဲ့သူနဲ့၊ မဖတ်တဲ့သူ နောက်ဆုံးဘာကွာသွားလဲဆိုတော့ သူများနဲ့စကားပြောတဲ့အခါ စာဖတ်တဲ့သူက ခေါင်းတစ်လုံးပိုသာသွားတာပါပဲ။

နောက်ပြီး အချို့နာမည်ကြီး ပုဂ္ဂိုလ်ကြီးတွေရဲ့အတ္ထုပတ္တိတွေထဲမှာ သူတို့တွေ့ကြုံခဲ့ရတဲ့အဖြစ်ပျက်တွေကို စာတွေကနေတစ်ဆင့်ကိုယ်တိုင်သင်ခန်းစာယူနိုင်တယ်။ ” သူများရဲ့အမှားတွေကနေ သင်ခန်းစာယူပါ..အဲ့ဒါတွေကို ကိုယ်တိုင်လိုက်မှားနေဖို့ သင့်မှာအချိန်မရှိဘူး ”တဲ့။ မှန်ပါတယ်။
လူ့ဘဝဆိုတာ တိုတိုလေးပါနော်။ လူတိုင်းအမှားနဲ့မကင်းနိုင်ပေမယ့် စာတွေကနေတစ်ဆင့် ကိုယ်ကသိထားတော့ ပြဿနာတစ်ခုခုဆို ဖြေရှင်းနည်းတွေသိလာမယ် ၊ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရှောင်တတ်လာမယ်။

စာအုပ်ထဲကနေတစ်ဆင့် သူတို့ရဲ့တွေးခေါ်ပုံရှုထောင့်တွေ၊ အမြင်သစ်တွေရလာမယ်။ ဟိုးရှေးတုန်းက ပညာရှိကြီးတွေရဲ့ သင်ခန်းစာစကားတွေကိုလည်း ဖတ်ထားသင့်ပါတယ်။ ယနေ့ထိ မှန်နေတုန်းပါ။ ” နေရာတကာ သင့်ချည်းနံပါတ်တစ်မဖြစ်နိုင်… ကိုယ်စွမ်းသည့်ဘက်မှ ကျေနပ်ပါ ” ဆိုတဲ့
ပုံပြင်ဆရာ အီစွပ်ရဲ့စကားလေးတွေလည်း ဖတ်ထား၊ မှတ်ထားရင် ဘဝအတွက်အရမ်းအကျိုးရှိပါတယ်။ စိတ်မွန်းကြပ်နေရင်၊ အလုပ်မှာအဆင်မပြေရင်၊ရည်စားနဲ့ လမ်းခွဲပြီးရင်..အမျိုးမျိုးသော အခြေအနေတွေကြောင့် စိတ်ထွက်ပေါက်မရှိသလို ခံစားလာရရင် စာဖတ်ပါ။ ဘဝမှာ ဘယ်အရာတွေက
အရေးကြီးဆုံးလည်းဆိုတာ စာအုပ်တွေက သင့်ကိုလမ်းပြပေးသွားလိမ့်မယ်။ လူတွေနဲ့လည်းပေါင်းသင်းဆက်ဆံတတ်လာမယ်။ အမြင်မတူတဲ့လူတွေအပေါ်လည်း စိတ်ထားတတ်လာမယ်။

တစ်ချို့ဆို ကိုယ်သိထားတဲ့ ဘောင်ကျဉ်းကျဉ်လေးထဲမှာပဲ အလုပ်တစ်ခုလုပ်ပြီး နေကြတယ်။အဲ့ထဲက တွန်းထွက်ဖို့မစဉ်းစားဘူး။ စာအုပ်ထဲကနေတောင် ကမ္ဘာကြီးဘာဖြစ်နေလဲဆိုတာ သိဖို့မကြိုးစားဘဲ အိုနာပြီး သေသွားကြရတယ်။နှမြောဖို့ကောင်းပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ ဘဝရဲ့အနှစ်သာရတွေကို ပြည့်ပြည့်ဝဝခံစားသွားသင့်တယ်မလား? အားလုံးပဲ ကမ္ဘာကြီးကိုပိုအလှဆင်နိုင်ဖို့ စာများများဖတ်ရအောင် တိုက်တွန်းလိုက်ရင်း….။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.